• Follow Us on

Home တရုတ်နှင့် တာလီဘန်အဖွဲ့ ကဘူးတွင် ပထမဦးဆုံးဆွေးနွေးပွဲကျင်းပ

တရုတ်နှင့် တာလီဘန်အဖွဲ့ ကဘူးတွင် ပထမဦးဆုံးဆွေးနွေးပွဲကျင်းပ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် တရုတ်နိုင်ငံ၏ ပထမဦးဆုံးသံတမန် ဆက်သွယ်မှုကို တရုတ်နိုင်ငံကစတင်ထူထောင်လိုက်ပြီး နှစ်နိုင်ငံစလုံး ပွင့်လင်းထိရောက်စွာ ဆက်သွယ် ဆောင်ရွက်နေကြောင်း တရုတ်အရာရှိတစ်ဦးက သြဂုတ်လ ၂၅ ရက်နေ့ကပြောသည်။

 

“တရုတ်အစိုးရနဲ့ အာဖဂန်က တာလီဘန်တွေဟာ ပိတ်ဆို့တားဆီးခြင်းမရှိဘဲ ထိရောက်တဲ့ဆက်သွယ်ဆောင် ရွက်မှုနဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ကဘူးမြို့ဟာ သဘာဝအားဖြင့် အဓိကပြဿနာတွေကိုဆွေးနွေးဖို့အ တွက် အရေးကြီးတဲ့နေရာနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပါပဲ။” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ဝန်ဝန်းဘင်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ တာလီဘန်နိုင်ငံရေးအဖွဲ့၏ ဒုတိယအကြီးအ ကဲဆလမ်ဟာနာဖီနှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝန်ယုတို့၏ ကဘူးမြို့ကတွေ့ဆုံဆွေး နွေးပွဲအကြောင်းကို သတင်းထောက်များကမေးမြန်းရာတွင် ပြောခွင့်ရပုဂ္ဂိုလ်ဝန်ဝန်းဘင်က ယခုလိုပြောကြားခဲ့ ခြင်းဖြစ်သည်။

 

“အာဖဂန်အနာဂတ်၊ ကံကြမ္မာနဲ့ ပတ်သက်ပြီး အာဖဂန်လူထုရဲ့ လွတ်လပ်တဲ့သဘောထားဆုံး ဖြတ်ချက်နဲ့ကို တရုတ်နိုင်ငံက လေးစားပါတယ်။ အာဖဂန်လူမျိုးတွေဦးဆောင်ပြီး အာဖဂန်လူမျိုးတွေကိုယ်တိုင်ချမှတ်တဲ့မူဝါဒ တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာလည်း တရုတ်နိုင်ငံက ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုပြီးခိုင်မာအောင်ဆောင်ရွက်သွားဖို့လည်း အဆင်သင့်ရှိနေပြီး အာဖဂန်နစ္စတန်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ လည်း အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

တာလီဘန်များက သြဂုတ်လ ၁၅ ရက်နေ့တွင် ကဘူးမြို့ကိုသိမ်းပိုက်လိုက်ပြီးနောက် အမေရိကန်အပါအဝင် အ ခြားနိုင်ငံများက ၎င်းတို့၏သံရုံးများကို ပိတ်ပစ်ခဲ့သော်လည်း တရုတ်၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့ ၏သံရုံးများကိုက ဘူးမြို့တွင် ဆက်လက်ဖွင့်လှစ်ထားရှိခဲ့သည်။

 

တာလီဘန်များ ကဘူးမြို့ကိုဝင်ရောက်သိမ်းပိုက်ပြီး တစ်ကမ္ဘာလုံးအံ့အားသင့်နေသည့်အချိန်တွင် အမေရိကန် နှင့် မဟာမိတ်နိုင်ငံများက လူဦးရေအများအပြားကို ဘေးကင်းရာ သို့သယ်ယူပို့ဆောင်နေစဉ် တရုတ်အစိုးရက လွန်ခဲ့သည့်လက မူလာအဗ္ဗဒူဂါနီဘရာဒါဦးဆောင်သော တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံကြိုဆိုပြီး အားလုံးပါဝင်သည့်အစိုးရအဖွဲ့တစ်ရပ်ထူထောင်ရန် တိုက်တွန်းခဲ့သည်။

 

တာလီဘန်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဘရာဒါနှင့် ဆွေးနွေးရာတွင် တာလီဘန်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ မှ အရှေ့တာကစ္စတန်အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ဟုခေါ်သော ရှင်းဂျောင်းဒေသရှိ ဝီဂါမူဆလင်လက်နက်ကိုင် အဖွဲ့များနှင့် အဆက်အသွယ်ဖြတ်တောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီကတောင်းဆိုခဲ့သည်။

 

Ref: China, Taliban hold their first dialogue in Kabul

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 



 


 


 

Ref: China, Taliban hold their first dialogue in Kabul

 

#PeopleMedia


Share this post