• Follow Us on

Home တ႐ုတ္ႏွင့္ နယ္စပ္အျငင္းပြားမႈကို စစ္ေရးနည္းလမ္းျဖင့္ေျဖရွင္းရန္ ျပင္ဆင္ထားဟု အိႏၵိယဗိုလ္ခ်ဳပ္ႀကီး ေျပာ

တ႐ုတ္ႏွင့္ နယ္စပ္အျငင္းပြားမႈကို စစ္ေရးနည္းလမ္းျဖင့္ေျဖရွင္းရန္ ျပင္ဆင္ထားဟု အိႏၵိယဗိုလ္ခ်ဳပ္ႀကီး ေျပာ

Share this post

နိုင္ငံတကာ၊ ၾသဂုတ္ ၂၅

နယ္စပ္အျငင္းပြားမႈႏွင့္ပတ္သက္ေသာ ေဆြးေႏြးမႈမ်ားတြင္ အျပဳသေဘာေဆာင္ေသာ ရလဒ္မထြက္ေပၚ ပါက စစ္ေရးနည္းလမ္းျဖင့္ေ႐ြးခ်ယ္ရန္ အိႏၵိယတပ္မေတာ္က ျပင္ဆင္ထားဟု စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ဘီပင္ရာ ဝပ္က ေျပာၾကားလိုက္သည္။

အစိုးရက အျငင္းပြားမႈကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရန္ ေဆာင္႐ြက္ေနေသာ္လည္ူ အိႏၵိယလက္နက္ကိုင္တပ္ ဖြဲ႕မ်ားက စစ္ေရးေဆာင္႐ြက္ရန္ အၿမဲ ျပင္ဆင္ထားေၾကာင္း ၄င္းက ေျပာသည္။

အိႏၵိယႏွင့္ တ႐ုတ္နိုင္ငံတို႔က ၿပီးခဲ့ေသာ ႏွစ္လေက်ာ္အတြင္း အဆင့္အသီးသီး၌ စစ္ေရးႏွင့္ သံတမန္ေရး ေဆြးေႏြးမႈမ်ားစြာ လုပ္ေဆာင္ေနၾကေသာ္လည္း သိသာထင္ရွားေသာ တိုးတက္မႈမ်ား မရရွိခဲ့ေပ။

ကာကြယ္ေရးဝန္ႀကီး ရာနတ္ဆင္း၊ ဗိုလ္ခ်ဳပ္ႀကီး ရာဝပ္ႏွင့္ ၾကည္း၊ေရ၊ေလတပ္ဖြဲ႕ အႀကီးအကဲသုံးဦးတို႔ က အေရွ႕ပိုင္း လာဒါေဒသ အေျခအေနမ်ားသုံးသပ္ရန္ ပုံမွန္အစည္းအေဝးမ်ား ျပဳလုပ္ေလ့ရွိသည္။

ႏွစ္နိုင္ငံစလုံးက အျငင္းပြားနယ္စပ္ေဒသသို႔ လူအင္အား၊ စစ္လက္နက္အင္အား ျဖည့္တင္းမႈမ်ား ျပဳလုပ္ ခဲ့လင့္ကစား ေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ ယခုအခါ ႐ုတ္သိမ္းသြားၿပီျဖစ္သည္။

ဇြန္လ ၁၅ ရက္က ဂါလ္ဝမ္ေဒသတြင္ ႏွစ္ဖက္တပ္ဖြဲ႕မ်ားၾကား အၾကမ္းဖက္ရန္ပြဲမ်ားျဖစ္ပြားခဲ့ရာ အိႏၵိယ တပ္ဖြဲ႕ဝင္ ၂၀ ဦး က်ဆဳံးခဲ့သည္။

အေမရိကန္ေထာက္လွမ္းေရးသတင္းမ်ားအရ အဆိုပါရန္ပြဲအတြင္း တ႐ုတ္ဘက္၌ က်ဆဳံးသူ ၃၅ ဦးအထိ ရွိခဲ့ေၾကာင္း သိရသည္။

ကိုးကား – နယူးအိႏၵိယအိတ္ပရက္စ္

Ref; Ready to look at military option if talks don’t resolve border standoff with

China: CDS Rawat

[Unicode]
တရုတ်နှင့် နယ်စပ်အငြင်းပွားမှုကို စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ပြင်ဆင်ထားဟု အိန္ဒိယဗိုလ်ချုပ်ကြီး ပြော
……………………………………………………………………

နိုင်ငံတကာ၊ သြဂုတ် ၂၅

နယ်စပ်အငြင်းပွားမှုနှင့်ပတ်သက်သော ဆွေးနွေးမှုများတွင် အပြုသဘောဆောင်သော ရလဒ်မထွက်ပေါ် ပါက စစ်ရေးနည်းလမ်းဖြင့်ရွေးချယ်ရန် အိန္ဒိယတပ်မတော်က ပြင်ဆင်ထားဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာ ဝပ်က ပြောကြားလိုက်သည်။

အစိုးရက အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဆောင်ရွက်နေသော်လည်ူ အိန္ဒိယလက်နက်ကိုင်တပ် ဖွဲ့များက စစ်ရေးဆောင်ရွက်ရန် အမြဲ ပြင်ဆင်ထားကြောင်း ၄င်းက ပြောသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ပြီးခဲ့သော နှစ်လကျော်အတွင်း အဆင့်အသီးသီး၌ စစ်ရေးနှင့် သံတမန်ရေး ဆွေးနွေးမှုများစွာ လုပ်ဆောင်နေကြသော်လည်း သိသာထင်ရှားသော တိုးတက်မှုများ မရရှိခဲ့ပေ။

ကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်း၊ ဗိုလ်ချုပ်ကြီး ရာဝပ်နှင့် ကြည်း၊ရေ၊လေတပ်ဖွဲ့ အကြီးအကဲသုံးဦးတို့ က အရှေ့ပိုင်း လာဒါဒေသ အခြေအနေများသုံးသပ်ရန် ပုံမှန်အစည်းအဝေးများ ပြုလုပ်လေ့ရှိသည်။

နှစ်နိုင်ငံစလုံးက အငြင်းပွားနယ်စပ်ဒေသသို့ လူအင်အား၊ စစ်လက်နက်အင်အား ဖြည့်တင်းမှုများ ပြုလုပ် ခဲ့လင့်ကစား ဆွေးနွေးမှုပြုလုပ်ပြီးနောက် ယခုအခါ ရုတ်သိမ်းသွားပြီဖြစ်သည်။

ဇွန်လ ၁၅ ရက်က ဂါလ်ဝမ်ဒေသတွင် နှစ်ဖက်တပ်ဖွဲ့များကြား အကြမ်းဖက်ရန်ပွဲများဖြစ်ပွားခဲ့ရာ အိန္ဒိယ တပ်ဖွဲ့ဝင် ၂၀ ဦး ကျဆုံးခဲ့သည်။

အမေရိကန်ထောက်လှမ်းရေးသတင်းများအရ အဆိုပါရန်ပွဲအတွင်း တရုတ်ဘက်၌ ကျဆုံးသူ ၃၅ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ကိုးကား – နယူးအိန္ဒိယအိတ်ပရက်စ်

Ref; Ready to look at military option if talks don’t resolve border standoff with

China: CDS Rawat


Share this post