• Follow Us on

Home တရုတ်နှင့် ရုရှားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နေသဖြင့် ဂျပန်စိုးရိမ်လျက်ရှိ

တရုတ်နှင့် ရုရှားတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နေသဖြင့် ဂျပန်စိုးရိမ်လျက်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄ (People Media)

 

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ကာကွယ်ရေးကဏ္ဍတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်  သွားရန် သဘောတူလက်မှတ်ရေးထိုးလိုက်သဖြင့် ဂျပန်နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိသည်။

 

တရုတ်နှင့် ရုရှားနိုင်ငံတို့က စစ်ရေးလေ့ကျင့်မှုများအကြိမ်ကြိမ်ပြုလုပ်နေခြင်းမှာ ဂျပန်နိုင်ငံကို စစ်ရေးအရခြိမ်း ခြောက်မှုသရုပ်ပြနေခြင်းအဖြစ်မှတ်ယူကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးကီရှီနိုဘူးအိုကပြောသည်။

 

“သူတို့ (တရုတ်နဲ့ ဂျပန်) စစ်ရေးအရပူးပေါင်းဆောင်မယ်ဆိုတဲ့ ဖြစ်နိုင်ခြေကို ထည့်မတွက်ဘဲထားလို့မရပါဘူး” ဟု ၎င်းကပြောကြောင်း NHK သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့က ဖော်ပြခဲ့သည်။

 

“တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကြားက စုစည်းညီညွတ်မှုဟာ တောင်တန်းကြီးတွေလိုခိုင်မာပြီး ဖြိုခွဲလို့မရတဲ့ ချစ် ကြည်ရင်းနှီးမှုဖြစ်ပါတယ်” ဟု တရုတ်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီးများက ပြောဆိုလိုက်သောကြောင့် ဂျပန် နိုင်ငံ၏ စိုးရိမ်ပူပန်မှု ပိုမိုမြင့်တက်လာခဲ့သည်။

 

တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖန်ဟက်သည် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျီဆာဂူနှင့် နိုဝင်ဘာလ ၂၃ ရက်နေ့က video call ဖြင့် စကားပြောခဲ့ကြသည်။

 

“နှစ်နိုင်ငံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နှစ်နိုင်ငံတပ်မတော်ဟာ နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူညီထားတဲ့ အ ရေးကြီးတဲ့သဘောတူညီမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို မဟာဗျူဟာ မြောက်ပူးပေါင်းဆောင်ရွက်မှုတွေကို လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မဟာဗျူဟာ မြောက်စစ်ရေးလေ့ကျင့်မှုနဲ့ ပူးတွဲကင်း လှည့်မှုတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်သွားမှာဖြစ် ပါတယ်” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီးကီရှီနိုဘူး၏ကြေညာချက်တွင် ယခုလအစောပိုင်းက ဂျပန်နိုင်ငံအနီး တရုတ်နှင့် ရုရှား ဗုံးကြဲလေယာဉ်များ စစ်ရေးလေ့ကျင့်မှုတွင် ပူးတွဲတိုက်ခိုက်ခဲ့ကြသည့်လေ့ကျင့်မှုကို ရည်ညွှန်းဖော်ပြခဲ့သည်။

 

“တရုတ်နဲ့ ရုရှားနိုင်ငံက စစ်လေယာဉ်နှစ်စင်းဟာ သောကြာနေ့က ဂျပန်ပင်လယ်ပြင်ပေါ်မှာ ဖြတ်ကျော်ပျံသန်း ခဲ့ကြပြီး ပစိဖိတ်သမုဒ္ဒရာဘက်ကို ပျံသန်းမသွားခင် အရှေ့တရုတ်ပင်လယ်ဘက်ကို ပျံသန်းသွားကြပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

 

တရုတ်နှင့် ရုရှားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သည်မှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

 

Ref: Japan worried as China, Russia move to strengthen military coordination

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Japan worried as China, Russia move to strengthen military coordination

 

#PeopleMedia


Share this post