• Follow Us on

Home တ႐ုတ္ႏွင့္ ႐ု႐ုားထံမွ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ဦးစားေပးဝယ္ယူမည္ဟု ဖိလစ္ပိုင္သမၼတ ဒူတာေတး ေျပာ

တ႐ုတ္ႏွင့္ ႐ု႐ုားထံမွ ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ဦးစားေပးဝယ္ယူမည္ဟု ဖိလစ္ပိုင္သမၼတ ဒူတာေတး ေျပာ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၆

အေနာက္ႏိုင္ငံမ်ားရွိ ေဆးဝါးထုတ္လုပ္ေရးကုမၸဏီမ်ားထံမွ ႀကိဳတင္ေငြေခ်မႈနစ္ျဖင့္ ကမ္းလွမ္းမႈမ်ား ရွိ ေနလင့္ကစား ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ဝယ္ယူရာတြင္ ႐ုရွား သို႔မဟုတ္ တ႐ုတ္ႏိုင္ငံထံမွ ဦးစားေပးဝယ္ ယူမည္ဟု ဖိလစ္ပိုင္သမၼတ ေရာ့ဒရီဂိုဒူတာေတးက သံႏၷိဌာန္ခ်လိုက္သည္။

ဗိုင္းရပ္စ္ကူးစက္လူနာ ၂၆၉၀၀၀ ေက်ာ္ျဖစ္ပြားရာ အေရွ႕ေတာင္အာရွေဒသ၏ ကူးစက္မႈအျမင့္ဆုံး ဖိလစ္ ပိုင္ႏိုင္ငံက ကာကြယ္ေဆးမ်ားရရွိႏိုင္သည့္ ေမွ်ာ္လင့္ခ်က္မ်ားေၾကာင့္ ဒီဇင္ဘာလမတိုင္မီ ပုံမွန္အေျခအေန ျပန္ လည္ေရာက္ရွိမည္ဟု သမၼတ ဒူတာေတးက အေကာင္းျမင္ခဲ့သည္။

“ေစ်းကြက္ထဲမွာ အျခား ဗိုင္းရပ္စ္ကာကြယ္ေဆးေတြထက္ ပိုေကာင္းတာေၾကာင့္ ကာကြယ္ေဆးဝယ္ယူ ရာမွာ ႐ုရွားနဲ႔တ႐ုတ္ႏိုင္ငံကို ကြၽန္ေတာ္တို႔ ဦးစားေပးမွာျဖစ္ပါတယ္” ဟု ႐ုပ္သံမိန္႔ခြန္းတစ္ခုအတြင္း ၄င္းက ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံက ဝယ္ယူမည့္ မည္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးမဆို ေစ်းၿပိဳင္စနစ္ျဖင့္ ေဆာင္ရြက္ရမည္ ဟု သူက ဆိုသည္။ အျခားႏိုင္ငံမ်ားႏွင့္မတူသည္မွာ တ႐ုတ္ႏိုင္ငံမွ ဗိုင္းရပ္စ္ကာကြယ္ေဆးဝယ္ယူရန္ ႀကိဳတင္ေငြ ေပးေခ်ရန္ မလိုအပ္ေၾကာင္း ၄င္းက ေျပာသည္။

႐ုရွားႏိုင္ငံထုတ္ ကာကြယ္ေဆးအတြက္ လက္ေတြ႕စမ္းသပ္မႈမ်ားလုပ္ေဆာင္ရန္ ႐ုရွားႏွင့္ ဖိလစ္ပိုင္ႏိုင္ငံ တို႔က သေဘာတူညီခဲ့သည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး ဝယ္ယူရာတြင္ ႀကိဳတင္ေငြေပးေခ်မႈရရွိရန္ ႀကိဳးပမ္းေနသည့္ ေဆးဝါးထုတ္လုပ္ ေရးကုမၸဏီမ်ားကို သမၼတ ဒူတာေတးက အမည္ေဖာ္ျပခဲ့ျခင္းမရွိေပ။

ကိုးကား – ႐ိုက္တာ

Ref; Priority to go to China, Russia for Covid-19 vaccine supply: Duterte

#PeopleMedia

(unicode)
တရုတ်နှင့် ရုရုားထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဦးစားပေးဝယ်ယူမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော
………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

အနောက်နိုင်ငံများရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများထံမှ ကြိုတင်ငွေချေမှုနစ်ဖြင့် ကမ်းလှမ်းမှုများ ရှိ နေလင့်ကစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရာတွင် ရုရှား သို့မဟုတ် တရုတ်နိုင်ငံထံမှ ဦးစားပေးဝယ် ယူမည်ဟု ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက သံန္နိဌာန်ချလိုက်သည်။

ဗိုင်းရပ်စ်ကူးစက်လူနာ ၂၆၉၀၀၀ ကျော်ဖြစ်ပွားရာ အရှေ့တောင်အာရှဒေသ၏ ကူးစက်မှုအမြင့်ဆုံး ဖိလစ် ပိုင်နိုင်ငံက ကာကွယ်ဆေးများရရှိနိုင်သည့် မျှော်လင့်ချက်များကြောင့် ဒီဇင်ဘာလမတိုင်မီ ပုံမှန်အခြေအနေ ပြန် လည်ရောက်ရှိမည်ဟု သမ္မတ ဒူတာတေးက အကောင်းမြင်ခဲ့သည်။

“ဈေးကွက်ထဲမှာ အခြား ဗိုင်းရပ်စ်ကာကွယ်ဆေးတွေထက် ပိုကောင်းတာကြောင့် ကာကွယ်ဆေးဝယ်ယူ ရာမှာ ရုရှားနဲ့တရုတ်နိုင်ငံကို ကျွန်တော်တို့ ဦးစားပေးမှာဖြစ်ပါတယ်” ဟု ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ၄င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံက ဝယ်ယူမည့် မည်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးမဆို ဈေးပြိုင်စနစ်ဖြင့် ဆောင်ရွက်ရမည် ဟု သူက ဆိုသည်။ အခြားနိုင်ငံများနှင့်မတူသည်မှာ တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူရန် ကြိုတင်ငွေ ပေးချေရန် မလိုအပ်ကြောင်း ၄င်းက ပြောသည်။

ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးအတွက် လက်တွေ့စမ်းသပ်မှုများလုပ်ဆောင်ရန် ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့က သဘောတူညီခဲ့သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူရာတွင် ကြိုတင်ငွေပေးချေမှုရရှိရန် ကြိုးပမ်းနေသည့် ဆေးဝါးထုတ်လုပ် ရေးကုမ္ပဏီများကို သမ္မတ ဒူတာတေးက အမည်ဖော်ပြခဲ့ခြင်းမရှိပေ။

ကိုးကား – ရိုက်တာ

Ref; Priority to go to China, Russia for Covid-19 vaccine supply: Duterte

#PeopleMedia


Share this post