• Follow Us on

Home တရုတ်-ပါကစ္စတန်ဖက်စပ်ထုတ် J-F 17 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်သတင်း မဟုတ်မှန်ကြောင်း အာဂျင်တီးနားပြော

တရုတ်-ပါကစ္စတန်ဖက်စပ်ထုတ် J-F 17 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမည့်သတင်း မဟုတ်မှန်ကြောင်း အာဂျင်တီးနားပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃ (People Media)

 

တရုတ်-ပါကစ္စတန်ဖက်စပ်ထုတ်လုပ်သော J-F 17 ဂျက်တိုက်လေယာဉ်များကို အာဂျင်တီးနားလေတပ်အတွက် ဝယ်ယူမည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း အာဂျင်တီးနားကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက် သည်။

 

ရုရှား၊ တောင်ကိုရီးယား၊ ဆွီဒင်နှင့် အခြားနိုင်ငံများမှ စစ်လက်နက်ကုမ္ပဏီပြိုင်ဘက်များ၏ လေယာဉ်များကြားမှ တရုတ်-ပါကစ္စတန်ဖက်စပ်ထုတ် JF-17 Block lll ဂျက်တိုက်လေယာဉ်ကို အာဂျင်တီးနားနိုင်ငံကရွေးချယ်လိုက် ကြောင်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သတင်းမီဒီယာများတွင်ဖော်ပြခဲ့သည်။

 

အာဂျင်တီးနားနိုင်ငံအနေဖြင့် J-F 17 ဂျက်တိုက်လေယာဉ် ၁၂ စင်း (တစ်ယောက်မောင်း Block III ၁၀ စင်းနှင့် နှစ်ယောက်မောင်း Block III ၂ စင်း) ဝယ်ယူသွားမည်ဖြစ်ပြီး အာဂျင်တီးနားအစိုးရက လေယာဉ်ဝယ်ယူရေးအ တွက် ဒေါ်လာ ၆၆၄ သန်း ထည့်သွင်းတွက်ချက်ထားကြောင်း မီဒီယာများတွင်ရေးသားခဲ့သည်။

 

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့လေကြောင်းပိုင်နက်အတွင်း  စောင့်ကြည့်ထောက်လှမ်းနိုင်ရေးနှင့် လေကြောင်းပိုင်နက်ထိန်းချုပ်နိုင်ရေးအတွက်  ဘက်စုံသုံးတိုက်လေယာဉ်များဝယ်ယူရန် ၂၀၂၂ ခုနှစ် ဘတ် ဂျက်တွင် ဒေါ် လာ ၆၆၄ သန်းအထိတောင်းခံခဲ့ကြောင်း၊ စူပါဆောနစ်တိုက်လေယာဉ်များဝယ်ယူရေးအတွက် ခွင့်ပြုချက်မထုတ်ပြန်ရသေးကြောင်း၊ နည်းပညာပိုင်းနှင့် ဘဏ္ဍာရေးဆန်းစစ်လေ့လာမှုပိုင်း အဆင့်ငါးဆင့်ပြု ပြင်ပြောင်းလဲရန်လိုအပ်နေသေးကြောင်း အာဂျင်တီးနားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက် နေ့ကထုတ်ပြန်ကြေညာခဲ့သည်။

 

အာဂျင်တီးနားနိုင်ငံသည် ဂျက်တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူရန် ကာလရှည်ကတည်းက စီမံထားခြင်းဖြစ် သည်။ ၎င်းအနေဖြင့် တရုတ်-ပါကစ္စတန်ဖက်စပ်ထုတ် J-F 17 ဂျက်တိုက်လေယာဉ်၊ တောင်ကိုရီးယားထုတ် TA-50 အမောင်းသင်ဂျက်တိုက်လေယာဉ်နှင့် ဆွီဒင်နိုင်ငံထုတ် JAS 39 Gripen ဂျက်တိုက်လေယာဉ်တို့ထဲမှ ရွေးချယ်ဝယ်ယူမည်ဖြစ်သည်။

 

ရုရှားလေယာဉ်မှာ ဈေးကွက်တွင်း အကောင်းဆုံး ၄.၅ မျိုးဆက်တိုက်လေယာဉ်ထဲတွင် အပါအဝင်ဖြစ်ပြီး အမြန် နှုန်း၊ စစ်ဆင်ရေးစွမ်းဆောင်နိုင်ရည်နှင့် လက်နက်သယ်ဆောင်နိုင်သည့်ပမာဏတို့တွင် ရုရှားလေယာဉ်နှင့် J-F 17 ဂျက်တိုက်လေယာဉ် နှိုင်းယှဉ်ပါက J-F 17 ဂျက်တိုက်လေယာဉ်မှာ အဆင့်နိမ့်ကြောင်းသိရသည်။

 

အာဂျင်တီးနားနိုင်ငံသို့ TA-50 အမောင်းသင်ဂျက်တိုက်လေယာဉ်များရောင်းချခြင်းကို ၁၉၈၂ ခုနှစ် ဖောက်က လန်ကျွန်းစစ်ပွဲအပြီး အာဂျင်တီးနားနိုင်ငံအပေါ်ချမှတ်ထားသော လက်နက်ရောင်းချမှုပိတ်ဆို့ဒဏ်ခတ်ရေးပြ ဋ္ဌာန်းချက်ကိုကိုးကား၍ ဗြိတိန်နိုင်ငံက ဗီတိုအာဏာသုံးပိတ်ပင်ခဲ့သည်။

 

TA-50 အမောင်းသင်ဂျက်တိုက်လေယာဉ်များတွင် ဗြိတိန်နိုင်ငံ မာတင်ဘိတ်ကာကုမ္ပဏီမှထုတ်လုပ်သော လေ ယာဉ်မှူးအသက်ကယ်ထိုင်ခုံနှင့် လေယာဉ်ဘီးများအပါအဝင် ဗြိတိန်ထုတ်စက်ပစ္စည်းအစိတ်အပိုင်းများစွာ ပါဝင် သလို J-F 17 ဂျက်တိုက်လေယာဉ်၏ လေယာဉ်မှူးအသက်ကယ်ထိုင်ခုံကိုလည်း ဗြိတိန်နိုင်ငံ မာတင်ဘိတ်ကာ ကုမ္ပဏီမှထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

 

Ref: Argentina MoD Denies Selecting Chinese-Pakistani J-F 17 Fighter Jet

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Argentina MoD Denies Selecting Chinese-Pakistani J-F 17 Fighter Jet

 

#PeopleMedia


Share this post