• Follow Us on

Home တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲ

တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄ (People Media)

 

ရပ်ဝန်းနှင့် ပိုးမ ပူးပေါင်းဆောင်ရွက်မှု၏ မြင့်မားသောအရည်အသွေး၊ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော တရုတ်-လာအို ရထားလမ်းသည် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲပြီဖြစ်သည်။

 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့က ဗီဒီယိုလင့်ခ်မှတဆင့် ရထားလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

 

ခရီးသည်တင်နှင့် ကုန်တင် လျှပ်စစ်ရထားလမ်းသည် လာအိုနိုင်ငံတွင် ၄၂၂ ကီလိုမီတာအပါအဝင် ကီလိုမီတာ ၁.၀၃၅ ရှည်လျားပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ လာအိုနိုင်ငံမြို့တော် ဗီ ယင်ကျန်းသို့ ချိတ်ဆက်ထားခြင်းဖြစ်သည်။

 

ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့် ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်းတွင်းချိတ်ဆက်အချက်အချာဒေသအဖြစ် ပြောင်းလဲမည့် လာအိုနိုင်ငံ၏ မဟာဗျူဟာကြား ချိတ်ဆက်ပေးသည့်အနေဖြင့် အဆိုပါ ရထားလမ်းသည် မြို့နှစ်မြို့ကြား ခရီးသွားကြာချိန်ကို ၁၀ နာရီခန့် ရှိစေမည်ဖြစ်သည်။

 

ကျစ်လစ်မြန်ဆန်သောကျည်ဆန်ရထားများက တောင်တန်းများနှင့် တောင်ကြားများကို ဖြတ်သန်းလျက် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်သည်။

 

ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် ရထားများသည် ကူမင်းနှင့် ဗီယင်ကျန်း ဘူတာများမှ တစ်ချိန်တည်း အသီးအသီးထွက်ခွာခဲ့ကြောင်း သိရသည်။

 

လာအိုနိုင်ငံဘက်ခြမ်းရှိ ရထားလမ်း တည်ဆောက်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ယွီရှီးနှင့် မိုဟန်နယ်စပ်မြို့ ချိတ်ဆက်ထားသည့် အပိုင်းကိုမူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

စုစုပေါင်း ဥမင် ၁၆၇ ခုနှင့် တံတား ၃၀၁ စင်းအား ကီလိုမီတာ ၉၀၀ ကျော်ရှိသော ရထားလမ်းပိုင်းသစ် တစ် လျှောက် တည်ဆောက်ထားပြီး ဆောက်လုပ်ရေးသမားများအနေဖြင့် နည်းပညာအခက်အခဲများစွာကို ကျော် လွှားခဲ့ရသည်။

 

၎င်းရထားလမ်းသည် ကာလရှည်အနေဖြင့် လာအိုနိုင်ငံတွင် စုပေါင်းဝင်ငွေကို ၂၁ ရာထိုင်နှုန်းအထိ တိုးမြှင့်စေ နိုင်မည်ဟု ကမ္ဘာ့ဘဏ်က ယမန်နှစ် အစီခံစာ၌ ပြောကြားထားသည်။

 

(ဆင်ဟွာ)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 


 


 



Share this post