• Follow Us on

Home တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ အာဆီယံနိုင်ငံများက န-စ-ကဥက္ကဋ္ဌကို တက် ရောက်ခွင့်မပြုဘဲ နိုင်ငံရေးရာထူးမရှိသည့် ကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ရန် ဖိအားပေးခဲ့ဟုဆို

တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ အာဆီယံနိုင်ငံများက န-စ-ကဥက္ကဋ္ဌကို တက် ရောက်ခွင့်မပြုဘဲ နိုင်ငံရေးရာထူးမရှိသည့် ကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ရန် ဖိအားပေးခဲ့ဟုဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၂ (People Media)

 

ယနေ့ ကျင်းပသည့် တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ အာဆီယံနိုင်ငံများက န-စ-ကဥက္ကဋ္ဌကို တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးရာထူးမရှိသည့် ကိုယ်စားလှယ်တစ်ဦးကို တက်ရောက်ရန် ဖိအား ပေးခဲ့ကြောင်း တပ်မတော်သတင်းမှန်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ အစည်းအဝေး၌ န-စ-ကဥက္ကဋ္ဌ တက်ရောက်ရန် တရုတ်နိုင်ငံက အိမ်နီးချင်းကောင်း၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံကောင်း၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသော နိုင်ငံကောင်းပီသစွာ ဖိတ်ကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ထို့အတူ တရုတ်ခေါင်းဆောင်များသည် အဆိုပါ အစည်းအဝေးသို့ န-စ-ကဥက္ကဋ္ဌ တက်ရောက်ရန် အာဆီ ယံနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သလို မြန်မာနိုင်ငံအနေဖြင့် Greater Mekong Subregion ၌ ပါဝင်သည့် နိုင်ငံ ၅ နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ဖော်ပြထားသည်။

 

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ် အာဆီယံစိတ်ဓာတ်၊ အာဆီယံလမ်းစဉ်များကို တိကျစွာ လိုက်နာလျက်ရှိကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ထဲသို့ ယခင် တပ်မတော်အစိုးရ လက်ထက် ၁၉၉၇ ခုနှစ်၌ ဝင်ရောက်ခဲ့သည်။

 

Photo – Credit

 

#PeopleMedia #တရုတ်မြန်မာအာဆီယံ

 

(unicode)


……………………………………………………..

 


 


 


 


 


 

Photo – Credit

 



Share this post