• Follow Us on
Latest News

Home တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးပုံမှန်ပြန်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံး ထုတ်ပြန်

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးပုံမှန်ပြန်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံး ထုတ်ပြန်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၇ (People Media)

 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံး ပုံမှန်ပြန်ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မံမန်လမ်းကြောင်း၌ ပို့ကုန်သွင်းကုန် ပစ္စည်းများ တရားဝင် ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ရာ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ဇူလိုင်လက ကပ်ရော ဂါကြောင့် ရပ်ဆိုင်းထားသော တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တရားဝင်ပြန်လည်စတင်ပြီဟု သဘော ဆောင်နေကြောင်း ထုတ်ပြန်ထားသည်။

 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးသည် တရုတ်-မြန်မာ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးတို့ ပိုမိုအားကောင်းလာစေရန် လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်သည်။

 

ကပ်ရောဂါကာကွယ်ရေးဂိတ်ပေါက်များ ရှေ့သို့တိုးရွှေ့ခြင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ Vaccine ၁ သန်း လှူဒါန်းခြင်း၊ မူဆယ် ကိုဗစ်-၁၉ ကုသရေးစင်တာ ကူညီတည်ဆောက်ပေးခြင်း၊ ကွန်တိန်နာ၊ ဝန်ချီ၍ သယ်ယူပို့ဆောင်ခြင်းစသည့် မထိတွေ့သည့်ပုံစံ သယ်ယူပို့ဆောင်ခြင်းနည်းလမ်းဖြင့် ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော် ဂိတ်ပေါက်ဖြတ်သန်းနိုင်ရန် ဆောင်ရွက်ခြင်းတို့ကို ကနဦး အကောင်အထည်ဖော်ဆောင်ခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

 

ယူနန်ပြည်နယ်သည် သက်ဆိုင်ရာနယ်စပ်ဂိတ်များ၏ ဂိတ်ဖြတ်သန်းရေး စက်ပစ္စည်းအသုံးအဆောင်များကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံလျက်ရှိပြီး ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ဘေးကင်းစနစ်ကျသည့်အနေ အထား၌ နယ်စပ်ဂိတ်၏ စွမ်းဆောင်ရည်များ ပြန်လည်စတင်နိုင်ရန်၊ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

 

(unicode)


……………………………………………………

 


 


 


 


 


 


 



Share this post