• Follow Us on

Home တရုတ်-မြန်မာနယ်စပ်၌ တရုတ်အစိုးရမှ လေကြောင်းရန်ကာကွယ်ရေးအသိပေးမှု ပြုလုပ်ရန်ရှိ

တရုတ်-မြန်မာနယ်စပ်၌ တရုတ်အစိုးရမှ လေကြောင်းရန်ကာကွယ်ရေးအသိပေးမှု ပြုလုပ်ရန်ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

တရုတ်-မြန်မာနယ်စပ်၌ တရုတ်နိုင်ငံဘက်မှ ယနေ့နံနက်ပိုင်းတွင် မိနစ် ၅၀ ကြာ လေကြောင်းရန်ကာကွယ်ရေး အသိပေးသံထုတ်လွှင့်မည်ဖြစ်ကြောင်း တရုတ်အစိုးရမှ မူဆယ်နှင့် နမ့်ခမ်းရှိ အုပ်ချုပ်ရေးအဖွဲ့များကို အသိပေး အကြောင်းကြားစာ ပေးပို့ထားသည်။

 

အဆိုပါ အသိပေးသံထုတ်လွှင့်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးတည်ဆောက်မှု အစိတ်အပိုင်း ဖြစ်သည့်အပြင် အမျိုးသားကာကွယ်ရေးပညာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်းလည်း အကြောင်းစာတွင် ဖော်ပြပါရှိသည်။

 

ထို့အပြင် တရုတ်နိုင်ငံဘက်မှ လေကြောင်းကာကွယ်ရေး အသိပေးသံကို ယနေ့ နံနက် ၁၀ နာရီမှ ၁၀း၅၀ အချိန်ထိ ထုတ်လွှင့်မည်ဖြစ်ပြီး ဒေသခံပြည်သူများ ထိတ်လန့်မှုမရှိစေရန် အသိပေးဆောင်ရွက်သွားရန်နှင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်သည့်အခြေအနေများအား ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ယင်းစာတွင် ရေးသားထားသည်။

 

#PeopleMedia #တရုတ် #လေကြောင်းရန် #အသိပေးသံ

 

(unicode)


………………………………………………………………..

 


 


 


 


 



Share this post