• Follow Us on

Home တရုတ်-မြန်မာနယ်စပ်၌ လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့များကို တပ်မတော်မှ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်မည်

တရုတ်-မြန်မာနယ်စပ်၌ လှုပ်ရှားနေသည့် အကြမ်းဖက်အဖွဲ့များကို တပ်မတော်မှ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်မည်

Share this post

စစ်ဆင်ရေး၌ တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်မှ တရုတ်နိုင်ငံသို့ စာပို့

…………………………………………………………………

 

နေပြည်တော်၊ သြဂုတ် ၁၂ (People Media)

 

တရုတ်-မြန်မာနယ်စပ်၌ မြောက်ပိုင်းမဟာမိတ်ညီနောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားရာ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ သေနတ်ကျည်ဆံနှင့် အမြောက်ကျည်ဆံသည် တရုတ်နိုင်ငံ ရွှေလီမြို့လက်အောက်ရှိ ဝမ်တိမ်မြို့အနီးသို့ ကျရောက်ခဲ့သည်။

 

တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ကျည်ဆံကျရောက်ခဲ့မှုအပေါ် တရုတ်နိုင်ငံမှ မြန်မာ့တပ်မတော်ထံ သတိပေး အကြောင်းကြားစာပေးပို့ခဲ့သည်။

 

တရုတ်နိုင်ငံမှ ပေးပို့လာသည့် အကြောင်းကြားစာမှာ သြဂုတ်လ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီလက် အောက်ရှိ ဝမ်တိမ်မြို့ပတ်ဝန်းကျင်အနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် သေနတ်ကျည်ဆံနှင့် အမြောက်ကျည်ဆံ များ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ခဲ့ရာ ၎င်းလုပ်ရပ်သည် တရုတ်-မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ အသက်နှင့် လုံခြုံရေးကို များစွာခြိမ်းခြောက်ခဲ့ခြင်းကြောင့် တိုက်ပွဲကို ချက်ချင်းရပ်ဆိုင်းပြီး အကြောင်းကြားစေလိုကြောင်း ရေးသားထားသည့်အကြောင်းကြားစာ ပေးပို့လာခြင်း ဖြစ်သည်။

 

ထိုနောက် နှစ်နိုင်ငံအထက်အရာရှိသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရန်၊ နယ်စပ်ဒေသစစ်ပွဲအား နောက်နောင်တွင် မဖြစ်ပွားစေလိုကြောင်း၊ တရုတ်-မြန်မာနယ်စပ်လုံခြုံမှုကို အတူတကွ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ အထက်ပါကိစ္စမျိုး ထပ်မံဖြစ်ပွားခဲ့ပါက ၎င်းတို့ဘက်မှ ပြန်လည်တုံ့ပြန်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

 

အဆိုပါ ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဘက်မှလည်း သြဂုတ်လ ၆ ရက်နေ့တွင် ကြူကုတ်(ပန်ဆိုင်း)မြို့တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ကိုးကန့်လက်နက်ကိုင် (MNDAA) သောင်းကျန်း သူအဖွဲ့မှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ သောင်းကျန်းသူအဖွဲ့များ ပစ်ခတ်လိုက်သော ကျည်ဆံများသည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်သူ့တပ်မတော်ကို အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့သည်။

 

ယင်းအပြင် သောင်းကျန်းသူများဖြစ်သည့် MNDAA/TNLA/KIA သောင်းကျန်းသူများမှ ဒေသခံပြည်သူများ နေ ထိုင်ရာမြို့၊ ရွာများအတွင်း ဝင်ရောက်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့်အင် အားစုစည်းပြီး တပ်မတော်စစ်ကြောင်းအား ချောင်းမြောင်းတိုက်ခိုက်ခြင်းများကြောင့် သောင်းကျန်းသူများကို မတိုက်၍မရကြောင်းကို နားလည်သဘောပေါက်မည်ဟု ယူဆကြောင်း နှစ်နိုင်ငံတပ်မတော်အချင်းချင်း ကောင်း မွန်သောဆက်ဆံရေးကို ပျက်စီးစေရန် ကြိုတင်အကွက်ဆင်၍ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျည်ကျော်လွန်ကျ ရောက်မှုများ ဖြစ်ပေါ်စေရန် ပစ်ခတ်ဆောင်ရွက်ခြင်းပြုသည်ကို သတိပြုစေလိုကြောင်းများပါ ဖော်ပြပါရှိသည်။

 

သို့ဖြစ်၍ တပ်မတော်မှ နှစ်နိုင်ငံနယ်စပ်အနီး အခြေပြုနေထိုင်သော သောင်းကျန်းသူများအား အခြေမပြုနိုင်ရေး ဆက်လက်ရှင်းလင်းတိုက်ခိုက်သွားမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးအတွက် မည်သည့်ရန်သူမဆို တန်ပြန်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအနေဖြင့်လည်း သောင်းကျန်းသူအဖွဲ့များ နယ်စပ်ဒေသတစ်လျှောက် အခြေ ချနေထိုင်မှု၊ လှုပ်ရှားမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း မြန်မာတပ်မတော်မှ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်သို့ အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲ့သည်။

 

#PeopleMedia #တရုတ်အစိုးရ #မြန်မာ့တပ်မတော်

 

(unicode)


 


…………………………………………………………………

 


 


 


 


 


 


 


 


 



Share this post