• Follow Us on

Home တရုတ်-မြန်မာ ပြည်သူကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ် ကြောင်း တရုတ်နိုင်ငံပြောဆို

တရုတ်-မြန်မာ ပြည်သူကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွထိန်းသိမ်းစောင့်ရှောက်သွားမည် ဖြစ် ကြောင်း တရုတ်နိုင်ငံပြောဆို

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၄ (People Media)

 

တရုတ်နိုင်ငံယူနန် – မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ရေးလုပ်ငန်းအွန်လိုင်းဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၃ ရက် နေ့က ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် တရုတ်- မြန်မာပြည်သူကျန်းမာရေးနှင့် အကျိုးစီးပွားများကို အတူတကွထိန်း သိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်မှ ပြေဆိုခဲ့သည်။

 

တရုတ်နိုင်ငံယူနန် – မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ရေးလုပ်ငန်းအွန်လိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Ms. Li Xiaoyan တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

တရုတ်ဘက်က ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန်ဖေး မကူညီပြီး ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာအသစ်ထူထောင်ခဲ့ကာ ဆွေမျိုးပေါက် ဖော်ချစ်ကြည်ရေးသံယောဇဉ် စာမျက်နှာသစ်ရေးသားခဲ့ကြောင်း၊ ယနေ့တိုင် တရုတ်ဘက်က မြန်မာဘက်သို့ ကိုဗစ်-၁၉ Vaccine ထောက်ပံ့ပေးမှုသည် မြန်မာနိုင်ငံကလက်ခံရရှိသော Vaccine စုစုပေါင်းအရေအတွက်၏ ၉၆% ကျော်ရှိပြီး မြန်မာနိုင်ငံကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီပေးခဲ့ကြောင်း၊ သမ္မတ Mr. Xi Jinping က တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်ထိပ်သီး အစည်းဝေးတွင် ပြောကြားသည့်ကတိပြုမှုကို တရုတ်ဘက်ကတက်တက်ကြွကြွဖော်ဆောင်ပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများထံ ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများပေးသွားမည်ဖြစ်ကြောင်း၊ ယူနန်ပြည် နယ်ကလည်း မြန်မာနိုင်ငံနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

 

တရုတ်-မြန်မာနယ်စပ်ဒေသ ပြည်သူနှင့်ကုန်ပစ္စည်းများသွားလာမှု ဆောလျင်စွာပြန်လည်ဖော်ဆောင်ရန်ကူ ညီပေးပြီး နှစ်နိုင်ငံစီးပွားရေးတိုးတက်မှုနှင့် ပြည်သူ့ဘဝကောင်းမွန်လာစေရေးကို ဖော်ဆောင်သွားမည်ဖြစ် ကြောင်း၊ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်၏အတူကြိုးပမ်းမှုဖြင့် တရုတ်-မြန်မာ ဝမ်တိန်နယ်စပ်ဂိတ် မန်မံလမ်း ကြောင်းတွင် ယမန်နေ့မှစ၍ ကားများပြန်လည်ဖြတ်သန်းနေပြီဖြစ်ပြီး မကြာတော့မည့်ကာလတွင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို စနစ်တကျပြန်လည်ဖော်ဆောင်နိုင်မည်ဟုမျှော်လင့်ရကြောင်း တရုတ်နိုင်ငံ ဘက်မှ ပြောကြားခဲ့သည်။

 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ပံ့ပေးမှုနှင့်ကူညီပေးမှုကို မြန်မာ ဘက်ကလွန်စွာချီးကျူးပြီး တရုတ်ဘက်ကမြန်မာဘက်အတွက် Vaccine စသည့် အရေးပါကုသရေးပစ္စည်း ထောက်ပံ့ကူညီပေးမှုကို လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း၊ မြန်မာဘက် ယူနန်ပြည်နယ်နှင့်အတူ ချိတ်ဆက်မှု ကိုမြှင့်တင်ပြီး နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ယန္တရားရဲ့ အခန်းကဏ္ဍကို အပြည့်အဝအသုံးချကာ ၁၀၅ မိုင် ကိုဗစ်-၁၉ ကုသရေးစင်တာကို ကောင်းမွန်စွာအသုံးပြု၍ ကပ်ရောဂါအချက်အလက်အတူမျှဝေခြင်းနှင့် နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်ပြီး နယ်စပ်ကုန်သွယ်ရေးဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်တဲ့အခြေအနေဖန်တီးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ် ပြန်ထားသည်။

 

#PeopleMedia #တရုတ်မြန်မာ

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post