• Follow Us on

Home တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ လြယ္ဂ်ယ္နယ္စပ္စစ္ေဆးေရးဂိတ္အမွတ္(၂)ကို တ႐ုတ္ႏိုင္ငံဘက္သို႔ ဝင္ေရာက္မႈ ယာယီပိတ္လိုက္ၿပီျဖစ္

တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံ လြယ္ဂ်ယ္နယ္စပ္စစ္ေဆးေရးဂိတ္အမွတ္(၂)ကို တ႐ုတ္ႏိုင္ငံဘက္သို႔ ဝင္ေရာက္မႈ ယာယီပိတ္လိုက္ၿပီျဖစ္

Share this post

ဗန္းေမာ္၊ ဧၿပီ-၂

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ခ႐ိုင္ လြယ္ဂ်ယ္ၿမိဳ႕သည္ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ နယ္စပ္ၿမိဳ႕ျဖစ္ၿပီး ဝင္/ထြက္သြားလာ သည့္ ဂိတ္ေပါက္ႏွစ္ေပါက္ရွိရာ လူဝင္/လူထြက္စစ္ေဆးေရးဂိတ္အမွတ္(၁)ကို ၂ဝ၂ဝ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ အေစာပိုင္းက ပိတ္ထားၿပီး ဂိတ္အမွတ္(၂)၌သာ လူဝင္/လူထြက္ႏွင့္ ကုန္သြယ္စီးဆင္းမႈကို ခြင့္ျပဳလ်က္ရွိရာ ယခု ဧၿပီ ၁ ရက္ နံနက္မွစတင္၍ ျမန္မာႏိုင္ငံသား မ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံဘက္သို႔ ဝင္ေရာက္မႈကို ယာယီ ပိတ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံဘက္သို႔ ျမန္မာႏိုင္ငံသားမ်ား ဝင္ေရာက္မႈ ယာယီရပ္ဆိုင္းထားေသာ္လည္း ကုန္သြယ္မႈအေနျဖင့္ ႀကံ၊ ငွက္ေပ်ာသီးႏွင့္ဖရဲသီးတို႔ တင္ေဆာင္သည့္ ယာဉ္ႀကီးမ်ားအား ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ၿပီး ယာဥ္တစ္စီး လွ်င္ ျမန္မာႏိုင္ငံသားယာဥ္ေမာင္းတစ္ဦးသာ တ႐ုတ္ စစ္ေဆးေရးဂိတ္၊ အေကာက္ခြန္ဌာနအထိ (၂၄) နာရီ အတြင္း ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ျမန္မာႏိုင္ငံအတြင္းသို႔ ေရာက္ရွိေနေသာ တ႐ုတ္ႏိုင္ငံသားမ်ားအား တ႐ုတ္ႏိုင္ငံအတြင္းသို႔ ျပန္လည္ ဝင္ေရာက္ခြင့္ျပဳမည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံအတြင္း(၁၄)ရက္ ေစာင့္ၾကပ္ၾကည့္ရႈျခင္း(Quarantine) ျပဳလုပ္မည္ျဖစ္ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအတြင္း ေရာက္ရွိ ေနေသာ ျမန္မာႏိုင္ငံသားမ်ားအား ၎တို႔ဆႏၵအတိုင္းေနထိုင္လိုပါက ဆက္လက္ေနထိုင္ ခြင့္ျပဳမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာလိုပါက ထြက္ခြာခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံအတြင္း ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ (BP) စာအုပ္ သက္တမ္းတိုးရန္ ျမန္မာ ႏိုင္ငံသို႔ ထြက္ခြာခြင့္မျပဳဘဲ တ႐ုတ္ႏိုင္ငံအစီအစဉ္ျဖင့္ သက္တမ္းတိုးသြားမည္ျဖစ္ေၾကာင္း၊ ၎အျပင္ တ႐ုတ္ ႏိုင္ငံဘက္မွ ျမန္မာႏိုင္ငံဘက္သို႔ တ႐ုတ္ႏိုင္ငံသားမ်ား အထူးအေျခအေနမရွိပါက ထြက္ခြာခြင့္ျပဳမည္မဟုတ္ ေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
တရုတ်-မြန်မာ နှစ်နိုင်ငံ လွယ်ဂျယ်နယ်စပ်စစ်ဆေးရေးဂိတ်အမှတ်(၂)ကို တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မှု ယာယီပိတ်လိုက်ပြီဖြစ်
………………………………………………………

ဗန်းမော်၊ ဧပြီ-၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်ပြီး ဝင်/ထွက်သွားလာ သည့် ဂိတ်ပေါက်နှစ်ပေါက်ရှိရာ လူဝင်/လူထွက်စစ်ဆေးရေးဂိတ်အမှတ်(၁)ကို ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းက ပိတ်ထားပြီး ဂိတ်အမှတ်(၂)၌သာ လူဝင်/လူထွက်နှင့် ကုန်သွယ်စီးဆင်းမှုကို ခွင့်ပြုလျက်ရှိရာ ယခု ဧပြီ ၁ ရက် နံနက်မှစတင်၍ မြန်မာနိုင်ငံသား များအနေဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မှုကို ယာယီ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံသားများ ဝင်ရောက်မှု ယာယီရပ်ဆိုင်းထားသော်လည်း ကုန်သွယ်မှုအနေဖြင့် ကြံ၊ ငှက်ပျောသီးနှင့်ဖရဲသီးတို့ တင်ဆောင်သည့် ယာဉ်ကြီးများအား ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်တစ်စီး လျှင် မြန်မာနိုင်ငံသားယာဉ်မောင်းတစ်ဦးသာ တရုတ် စစ်ဆေးရေးဂိတ်၊ အကောက်ခွန်ဌာနအထိ (၂၄) နာရီ အတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံအတွင်း(၁၄)ရက် စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine) ပြုလုပ်မည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံအတွင်း ရောက်ရှိ နေသော မြန်မာနိုင်ငံသားများအား ၎င်းတို့ဆန္ဒအတိုင်းနေထိုင်လိုပါက ဆက်လက်နေထိုင် ခွင့်ပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုပါက ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် (BP) စာအုပ် သက်တမ်းတိုးရန် မြန်မာ နိုင်ငံသို့ ထွက်ခွာခွင့်မပြုဘဲ တရုတ်နိုင်ငံအစီအစဉ်ဖြင့် သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် တရုတ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တရုတ်နိုင်ငံသားများ အထူးအခြေအနေမရှိပါက ထွက်ခွာခွင့်ပြုမည်မဟုတ် ကြောင်း သိရသည်။

#PeopleMedia


Share this post