• Follow Us on
Latest News

Home တရုတ်-ရုရှား ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံး

တရုတ်-ရုရှား ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (People Media)

 

တရုတ်-ရုရှား ပင်လယ်ပြင် ပူးတွဲကင်းလှည့်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အရှေ့ တရုတ်ပင်လယ်ပြင် အရှေ့ပိုင်းရေပြင် ကင်းလှည့်မှုပြီးဆုံးခြင်းအခမ်းအနား ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ရေယာဉ်သင်္ဘောအုပ်စုသည် ၇ ရက်ကြာ ပူးတွဲကင်းလှည့်မှုအပြီး အစီအစဉ်အတိုင်း လမ်းခွဲခဲ့ကြရာ တရုတ်-ရုရှား ပထမဆုံးအကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှုကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

တရုတ်-ရုရှား “Maritime Joint-2021” စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ရုရှားနိုင်ငံ ပီတာမဟာပင်လယ်ကွေ့ ဝေဟင်တွင် လေ့ကျင့်ပြီးနောက် နှစ်နိုင်ငံပူးတွဲအဖွဲ့သည် ပထမဆုံး အကြိမ် ပင်လယ်ပြင် ပူးတွဲကင်းလှည့်မှု စတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်-ရုရှား စစ်ရေယာဉ်သင်္ဘောပူးတွဲ အဖွဲ့သည် ပီတာမဟာပင်လယ်ကွေ့မှစတင် ထွက်ခွာခဲ့ရာ ဂျပန်ပင်လယ်ပြင်ကို ဖြတ်သန်း၍ Tsugaru ရေ လက်ကြားမှတစ်ဆင့် အနောက်ပစိဖိတ်သမုဒ္ဒရာသို့ ဝင်ရောက်ခဲ့ပြီးနောက် Osumi ရေလက်ကြားမှတစ်ဆင့် အရှေ့တရုတ်ပင်လယ်ပြင်သို့ သွားရောက်ခြင်းဖြစ်သည်။

 

ယခုအကြိမ် ပူးတွဲကင်းလှည်မှုတွင် တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးဖျက်သင်္ဘော “နန်ချန်း”နှင့် “ကူမင်း”၊ ဖရီးဂိတ် “လျိုကျိုး” နှင့်”ပင်းကျိုး”၊ ဘက်စုံထောက်ပို့ရေးသင်္ဘော “တုန်းဖိန်ဟူ” တို့ပါဝင်ပြီး ရုရှားနိုင်ငံ၏ ကွပ်ကဲရေး စစ်သင်္ဘော Marshal Krylov၊ အကြီးစားရေငုပ်ဖျက်သင်္ဘော Admiral Panteleev နှင့် Admiral Tributz၊ ဖရီးဂိတ်” “Resonant”၊ “Ardar Zidenzapov”တို့ ပါဝင်ကြောင်း သိရသည်။ ပူးတွဲကင်းလှည့်သည့်ကာလတွင် တရုတ်-ရုရှား နှစ်နိုင်ငံပူးပေါင်း ရေယာဉ်မောင်းနှင်ခြင်း၊ စစ်ဆေးလုပ်ဆောင်ခြင်းနှင့်၊ လက်တွေ့လက်နက်အ သုံးပြုခြင်းစသည့် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပူးတွဲကင်းလှည့်မှုပြီးဆုံးခြင်း အခမ်းအနားတွင် တရုတ်-ရုရှားနှစ်နိုင်ငံ စစ်သင်္ဘောအဖွဲ့ နိုင်ငံအလံများလွှင့် တင်ကာသည် ဒေါင်လိုက်နှစ်ဖွဲ့တန်းစီမောင်းနှင်ခဲ့ကြသည်။ နှစ်ဖက်ဦးဆောင်သူများက တရုတ်-ရုရှား “Maritime Joint-2021” စစ်ရေးလေ့ကျင့်မှုနှင့် ပင်လယ်ပြင်ပူးတွဲကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံးကြောင်း ရေဒီယိုမှတစ်ဆင့် ကြေညာခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်သင်္ဘောပူးတွဲအဖွဲ့သည် ဥဩသံ တစ်မိနစ်ပေး၍ နှစ်ဖက်ရေတပ်အရာရှိစစ်သည်များက လက်ပြနှုတ်ဆက်လမ်းခွဲကြကြောင်း သိရသည်။

 

အခမ်းအနားအပြီးတွင် တရုတ်နိုင်ငံ၏ စစ်သင်္ဘောများဖြစ်ကြသည့် နန်ခန်း၊ ကူမင်း၊ လျိုကျိုး၊ ပင်းကျိုး၊ တုန်းဖိန်ဟူတို့သည် ၎င်းတို့၏ ရေတပ်ဆိပ်ကမ်းများသို့ အသီးသီး ပြန်လည်မောင်းနှင်ခဲ့ကြသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ #တရုတ် #ရုရုား

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 

(Xinhua)

 



Share this post