• Follow Us on

Home တရုတ် J-16D အီလက်ထရောနစ်တိုက်လေယာဉ် ထိုင်ဝမ်အနီးတွင် တပ်ဖြန့်ချထား

တရုတ် J-16D အီလက်ထရောနစ်တိုက်လေယာဉ် ထိုင်ဝမ်အနီးတွင် တပ်ဖြန့်ချထား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၈ (People Media)

 

တရုတ်နိုင်ငံပိုင် J-16D အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်ကို ထိုင်ဝမ်နှင့်နီးစပ်သော နိုင်ငံအရှေ့ပိုင်းလေ တပ်အခြေစိုက်စခန်းတွင်တပ်ဖြန့်ချထားသည်ကိုတွေ့ရှိရကြောင်း ကနေဒါနိုင်ငံမှထုတ်လုပ်သော Kanwa Asian Defence မဂ္ဂဇင်း၏ ဂြိုဟ်တုဓာတ်ပုံတွင် ဖော်ပြထားသည်။

 

တရုတ်နိုင်ငံ ဂျီယန်းရှီပြည်နယ်၊ ရှီယန်းထန်း လေတပ်အခြေစိုက်စခန်းတွင် အဆိုပါ J-16D အီလက်ထရောနစ် စစ်ဆင်ရေးလေယာဉ်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်ပြီး ခေတ်မီစစ်ဆင်ရေးလေယာဉ်များသိုလှောင်သိမ်းဆည်းထား သည့် လေယာဉ်သိုလှောင်ရုံအတွင်း အဆိုပါလေယာဉ်ကိုသိမ်းဆည်းထားခြင်းဖြစ်သည်။

 

ထိုင်ဝမ်နှင့်နီးကပ်နေသော လေတပ်အခြေစိုက်စခန်းတွင် အဆိုပါအီလက်ထရောနစ်လေယာဉ် တပ်ဖြန့်ချထား သည်ကို ဘေဂျင်းမြို့ရှိ စစ်ရေးသတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုကြောင်း South China Morning Post သတင်းစာတွင်လည်း ရေးသားဖော်ပြထားသည်။ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလှုပ်ရှားမှုများ ကြီးကြီးမားမား ဆောင်ရွက်နေခြင်းမှာ တရုတ်နိုင်ငံက တိုက်ပွဲဝင်အသင့်ဖြစ်နေရန် လေ့ကျင့်နေသည့် အစိတ်အပိုင်းတစ်ခုဖြစ် ကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောသည်။

 

ယခုလအစောပိုင်းက တရုတ်စစ်လေယာဉ် ၅၆ စင်း ထိုင်ဝမ်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ကျူးကျော်လာသောတရုတ်လေယာဉ်များကို သတိပေးရန် ထိုင်ဝမ်လေတပ်မှ လေယာဉ်များကို စေလွှတ်ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။

 

“ငြိမ်းချမ်းရေးကိုပျက်ပြားစေပြီး တာဝန်မဲ့တဲ့ ကျူးကျော်ရန်စမှုမျိုးကို ရပ်တန့်ဖို့ တရုတ်အာဏာပိုင်တွေကို ကျွန် တော်တို့ တောင်းဆိုပါတယ်။ တရုတ်နိုင်ငံဟာ နှစ်နိုင်ငံရေလက်ကြားမှာ တင်းမာမှုတွေဖြစ်ပေါ်လာအောင် ပြ ဿနာရှာနေတဲ့ တရားခံလက်သည်ပါ။ တရုတ်ဟာ ဒေသတွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထပ်ပြီး ခြိမ်း ခြောက်နေတာဖြစ်ပါတယ်။” ဟု တရုတ်ပြည်မကြီးအရေး ပြောခွင့်ရပုဂ္ဂိုလ် ချီယူချိုင်းချန်း၏ စကားကို ကိုးကား၍ BBC သတင်းဌာနတွင်ဖော်ပြထားသည်။

ရှန်ယန်းလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ ပုံစံရေးဆွဲထုတ်လုပ်ထားသော J-16D အီလက်ထရောနစ်စစ်ဆင် ရေးလေယာဉ်သည် တရုတ်ပြည်သူ့လွတ်လပ်မြောက်ရေးတပ်မတော်တွင် ၂၀၁၃ ခုနှစ်ကစတင် အသုံးပြုခဲ့ သော J-16 တိုက်လေယာဉ်အုပ်စုတွင် နောက်ဆုံးပေါ်ခေတ်မီ အီလက်ထရောနစ်တိုက်လေယာဉ်ဖြစ်သည်။

 

J-16D အီလက်ထရောနစ်စစ်ဆင်ရေးတိုက်လေယာဉ်သည် စနစ်တကျကာကွယ်ထားသောရန်သူ့လေကြောင်း ပိုင်နက်ကို ဘေးကင်းစွာထိုးဖောက်ဝင်ရောက်နိုင်ရန် ရန်သူ့ရေဒါအမျိုးမျိုးနှင့် ဆက်သွယ်ရေးစနစ်များကို တပြိုင် နက်နှောင့်ယှက်တိုက်ခိုက်နိုင်သည့် စွမ်းရည်ရှိကြောင်းသိရသည်။

 

အဆိုပါတိုက်လေယာဉ်တွင် ရေဒါဖျက်စွမ်းရည်များအပြင် အဆင့်မြှင့်တင်ထားသော အီလက်ထရောနစ်စစ်ဆင် ရေးဒုံးပစ်လောင်ချာများနှင့် ဒုံးကျည်နှစ်လုံးပါတပ်ဆင်ထားသည်။ J-16D အီလက်ထရောနစ်စစ်ဆင်ရေး တိုက် လေယာဉ်ကို လတ်တလောကာလကျင်းပနေသည့် ၂၀၂၁ တရုတ်လေကြောင်းပြပွဲတွင်ထုတ်ဖော်ပြသခဲ့သည်။

 

Ref: China J-16D Fighter Deployed Near Taiwan: Satellite Image

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 



 


 


 

Ref: China J-16D Fighter Deployed Near Taiwan: Satellite Image

 

#PeopleMedia


Share this post