• Follow Us on

Home တရုတ် J-20 တိုက်လေယာဉ်တွင် ပြည်တွင်းထုတ်အဆင့်မြင့်အင်ဂျင်တပ်ဆင်

တရုတ် J-20 တိုက်လေယာဉ်တွင် ပြည်တွင်းထုတ်အဆင့်မြင့်အင်ဂျင်တပ်ဆင်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁ (People Media)

 

ပြည်တွင်းဖြစ်အင်ဂျင်တပ်ဆင်ထားသော တရုတ်နိုင်ငံထုတ် J-20 တိုက်လေယာဉ်သည် ပထမဦးဆုံးအကြိမ် အများပြည်သူရှေ့တွင် ပျံသန်းပြသခဲ့ကြောင်း သိရသည်။

 

ဂွန်ဒေါင်းပြည်နယ် ဇူဟိုင်းမြို့တွင်ကျင်းပသည့် ၁၃ ကြိမ်မြောက် တရုတ်နိုင်ငံတကာလေကြောင်းနှင့် အာကာသ ပြပွဲတွင် ချန်ဒူးအာကာသကော်ပိုရေးရှင်းကထုတ်လုပ်သည့် J-20 တိုက်လေယာဉ်နှစ်စင်းသည် လေယာဉ်စွမ်း ရည်များကိုထုတ်ဖော်ပြသခဲ့ကြောင်း ဂလိုဘယ်လ်တိုင်းမ်စ်သတင်းစွာတွင်ဖော်ပြခဲ့သည်။

 

J-20 တိုက်လေယာဉ်စွမ်းရည်ပြပွဲ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးလီဂျီကူဝန်က J-20 တိုက်လေယာဉ် ထုတ် လုပ်မှုအကြောင်းကို သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံထုတ် WS-10 သည် အစောပိုင်းကာလ J-20 တိုက်လေယာဉ်များတွင်တပ်ဆင်ထားသည့် ရုရှားနိုင်ငံထုတ် အင်ဂျင်များကို အစားထိုး ရန် ထုတ်လုပ်လိုက်ခြင်းဖြစ်ကြောင်း CNN က ပြောသည်။

 

J-20 တိုက်လေယာဉ်အင်ဂျင်ထုတ်လုပ်မှုသည် လေယာဉ်ထုတ်လုပ်မှုနှင့် လေယာဉ်၏စွမ်းရည်ကို သိသိသာ သာ မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း တရုတ်စစ်ဘက်ရေးရာကျွမ်းကျင်သူများကပြောသည်။

 

လေယာဉ်အင်ဂျင်သစ်သည် J-20 တိုက်လေယာဉ်သုံးစွဲရာတွင် ယုံကြည်မှုပိုမိုရရှိလာမည်ဖြစ်ပြီး လေယာဉ်၏ တိုက်ခိုက်ရေးစွမ်ရည်နှင့် ဆူပါဆောနစ်ခရုဒုံးကျည်များပစ်ခတ်ရာတွင် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း မျက်မှောက်ရေးရာများရေးသားသူ ဂျောင်ရွှမ်းဖောင်းက ပြောသည်။

 

ယင်းကဲ့သို့အင်ဂျင်ပုံစံမျိုးမှာ ရေဒါလှိုင်းများကို ထောင့်ကျဉ်းအထိ ရောင်ပြန်ဟပ်နိုင်စွမ်းရှိပြီး J-20 တိုက်လေ ယာဉ်ကို ရန်သူ့ရေဒါဖမ်းယူရရှိနိုင်မှု လျော့ကျစေသည့်အတွက် အဆိုပါအင်ဂျင်မှ လွှသွားပုံနော်ဇယ်များမှာ လေ ယာဉ်၏ ကိုယ်ပျောက်သွင်ပြင်လက္ခဏာကို စွမ်းရည်တိုးမြှင့်ပေး နိုင်လိမ့်မည်ဖြစ်ကြောင်း ဂျောင်ရွှမ်းဖောင်းက ပြောသည်။

 

တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် အင်ဂျင်နှစ်လုံးတပ်လေယာဉ်ကို စတင်ပျံသန်းခဲ့သည်။ ကနဦးအနေဖြင့် WS-10 အင်ဂျင်မူကွဲအဖြစ် WS-10B အင်ဂျင်ကို တပ်ဆင်အသုံးပြုခဲ့သည်။ ၎င်းနောက် ၂၀၁၅ ခုနှစ် နှောင်း ပိုင်းတွင် အဆိုပါလေယာဉ်များ၌ ရုရှားထုတ် Saturn AL-31F အင်ဂျင်များကိုတပ်ဆင်ပြီး ထုတ်လုပ်ခဲ့သည်။

 

တရုတ်နိုင်ငံအနေဖြင့် J-20 တိုက်လေယာဉ်များတွင် ရုရှားထုတ် AL-31F အင်ဂျင်များကိုဖယ်ရှားပြီး ပြည်တွင်း ထုတ် WS-10C အင်ဂျင်များ စတင်တပ်ဆင်တော့မည်ဖြစ်ကြောင်း ယခုနှစ် ဇန်နဝါရီလအတွင်း South China Morning Post သတင်းစာတွင်ဖော်ပြခဲ့သည်။

 

Ref: Chinese J-20 Aircraft Receives Upgraded Domestic Engine

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Chinese J-20 Aircraft Receives Upgraded Domestic Engine

 

#PeopleMedia


Share this post