• Follow Us on

Home ထန္တလန္ၿမိဳ႕တြင္ ေပါက္ကြဲမႈျဖစ္ပြားရာမွ ေဖာက္ခြဲေရးပစၥည္းမ်ားဖမ္းဆီးရမိ

ထန္တလန္ၿမိဳ႕တြင္ ေပါက္ကြဲမႈျဖစ္ပြားရာမွ ေဖာက္ခြဲေရးပစၥည္းမ်ားဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂၃

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ ေဆး႐ုံလမ္းရွိ ဦးေက်ာ္မင္းထက္ (ဘ) ဦးစီရာမာ ေနထိုင္သည့္ေနအိမ္တြင္ စက္တင္ဘာ ၂၀ ရက္ ည ၁၁ နာရီခြဲခန႔္၌ ေပါက္ကြဲသံတစ္ခုၾကားရသျဖင့္ လုံျခဳံေရးပူးေပါင္းအဖြဲ႕က သြားေရာက္စစ္ေဆးရာ ယမ္းေတာင့္ျဖင့္ျပဳလုပ္ထားသည့္လက္လုပ္မိုင္းျဖင့္ေၾကာင္အားပစ္လိုက္သျဖင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။

ထို႔ေနာက္ လုံျခဳံေရးပူးေပါင္းအဖြဲ႕က ဦးေက်ာ္မင္းထက္၏အိမ္အား ရွာေဖြစစ္ေဆးရာ ေနအိမ္အိပ္ခန္းအတြင္းမွ အရွည္ ၉ လက္မ၊ လုံးပတ္ ၃ လက္မခန႔္ရွိ NEOGEL-90 စာတန္းပါ ယမ္းေတာင့္ ၁၆၀ ေတာင့္၊ SOD တံဆိပ္ပါ Special Orinary Detonator စာတန္းပါ အရွည္ ၁ ဒသမ ၅ လက္မခန႔္ရွိ ၁၀၀ ေတာင့္ပါဒီတိုေနတာ ၁ ဘူးႏွင့္ ၇၁ ေတာင့္ပါ ၁ ဘူး၊ ျဖဴး(စ္) (အေႏွးယမ္းႀကိဳး) စိမ္းျပာေရာင္ ၃၀ ေပခန႔္ ၃ ေခြ၊ ၂၅ ေပခန႔္ ၁ ေခြတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

ဦးေက်ာ္မင္းထက္ႏွင့္ ေဖာက္ခြဲေရးပစၥည္းမ်ားအား ထန္တလန္ၿမိဳ႕မရဲစခန္းတြင္ ေပါက္ကြဲေစတတ္ေသာ ဝတၱဳပစၥည္းမ်ားအက္ဥပေဒပုဒ္မ ၅ ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia #တပ္မေတာ္ #ထန္တလန္ၿမိဳ႕

(unicode)

ထန်တလန်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားရာမှ ဖောက်ခွဲရေးပစ္စည်းများဖမ်းဆီးရမိ

=================

နေပြည်တော်၊ စက်တင်ဘာ – ၂၃

ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဆေးရုံလမ်းရှိ ဦးကျော်မင်းထက် (ဘ) ဦးစီရာမာ နေထိုင်သည့်နေအိမ်တွင် စက်တင်ဘာ ၂၀ ရက် ည ၁၁ နာရီခွဲခန့်၌ ပေါက်ကွဲသံတစ်ခုကြားရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယမ်းတောင့်ဖြင့်ပြုလုပ်ထားသည့်လက်လုပ်မိုင်းဖြင့်ကြောင်အားပစ်လိုက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ထို့နောက် လုံခြုံရေးပူးပေါင်းအဖွဲ့က ဦးကျော်မင်းထက်၏အိမ်အား ရှာဖွေစစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်းမှ အရှည် ၉ လက်မ၊ လုံးပတ် ၃ လက်မခန့်ရှိ NEOGEL-90 စာတန်းပါ ယမ်းတောင့် ၁၆၀ တောင့်၊ SOD တံဆိပ်ပါ Special Orinary Detonator စာတန်းပါ အရှည် ၁ ဒသမ ၅ လက်မခန့်ရှိ ၁၀၀ တောင့်ပါဒီတိုနေတာ ၁ ဘူးနှင့် ၇၁ တောင့်ပါ ၁ ဘူး၊ ဖြူး(စ်) (အနှေးယမ်းကြိုး) စိမ်းပြာရောင် ၃၀ ပေခန့် ၃ ခွေ၊ ၂၅ ပေခန့် ၁ ခွေတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဦးကျော်မင်းထက်နှင့် ဖောက်ခွဲရေးပစ္စည်းများအား ထန်တလန်မြို့မရဲစခန်းတွင် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #တပ်မတော် #ထန်တလန်မြို့


Share this post