• Follow Us on

Home ထန်တလန်မြို့၌ ဘုရားကျောင်း၊ လူနေအိမ်များနှင့် အဆောက်အဦးများ မီးလောင်ပျက်စီး

ထန်တလန်မြို့၌ ဘုရားကျောင်း၊ လူနေအိမ်များနှင့် အဆောက်အဦးများ မီးလောင်ပျက်စီး

Share this post

မကွေး၊ အောက်တိုဘာ ၃၀ (People Media)

 

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြို့တွင်းရှိ ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၁၆၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

 

မီးလောင်မှုကြောင့် ဇုန်မွှန်ရပ်ကွက်၊ လုံတီာလ်ရပ်ကွက်၊ Biakinn ရပ်ကွက်၊ Market ရပ်ကွက်၊ TABC ရှိ နေအိမ်ပေါင်း ၁၆၃ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဘုရားကျောင်းများ၊ လူနေအိမ်နှင့် အဆောက်အဦးများ မီးလောင်ကျွမ်းခဲ့ပြီး ယနေ့ နံနက် ၉ နာရီအချိန်၌ ပြည်လည်မီးငြိမ်းသွားပြီလို့ သိရပါတယ်။

 

ထန်တလန်မြို့သည် စက်တင်ဘာလအတွင်း၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့မှုကြောင့် မြို့ခံများသည် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ပြောင်းရွှေ့သွားပြီးလည်းဖြစ်ပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါး-ထန်တလန် ဆက်သွယ်ထားသည့် တံတားကို ဒေသခံ PDF အဖွဲ့ များက စုပေါင်းပြီး မိုင်းခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့ာကပါတယ်။

 

လက်ရှိအချိန်၌ အဆိုပါဖြစ်စဉ်အပေါ် People Media မှ သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ မေးမြန်းထား သော်လည်း ဖြေဆိုထားခြင်း မရှိသေးပါဘူး။

 

Photo – The ChinlandPost

 

#PeopleMedia #ထန်တလန်မြို့

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 

Photo – The ChinlandPost

 



Share this post