• Follow Us on

Home ထန်းတပင်မြို့၊ တာဆုံရှိ ရဲကင်းကို PDF အဖွဲ့က ယာဉ်ပေါ်မှ ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရ

ထန်းတပင်မြို့၊ တာဆုံရှိ ရဲကင်းကို PDF အဖွဲ့က ယာဉ်ပေါ်မှ ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တာဆုံရှိ လုံခြုံရေးရဲကင်းကို PDF အဖွဲ့က ယနေ့နံနက် ၁၁း၃၀ နာရီအချိန်၌ ယာဉ်ပေါ်မှ ပစ်ခတ်ရာ ရဲကင်းရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီး ကျဆုံးခဲ့သလို ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

“ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးသွားပါတယ်။ တစ်ဦးက ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်။ ဒီလိုကြားသိရပါတယ်” လို့ ဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

အလားတူ ယနေ့ နံနက် ၁၁ နာရီအချိန်က သန်လျှင်တံတားအဆင်းရှိ ရဲကင်းစခန်းနှင့် သန်လျင်တံတား အဆင်း သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီးရှိ ရဲကင်းစခန်းကိုလည်း PDF အဖွဲ့က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

 

ထို့အတူ ပြီးခဲ့သည်လကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးကင်းစခန်း ပစ်ခတ်ခံရ၍ လုံခြုံရေးအဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ပါတယ်။

 

လက်ရှိအချိန်၌ နိုင်ငံတကာ သံတမန်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်အချိန်ဖြစ်၍ PDF အဖွဲ့များသည် သက်ဆိုင်ရာနေရာဒေသရှိ လုံခြုံရေးကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ဆက်လျက်ပြုလုပ်လာနိုင် တယ်လို့ ရဲတပ်ဖွဲ့ဝင် အငြိမ်းစားတစ်ဦးက ပြောပါတယ်။

 

#PeopleMedia #ထန်းတပင်မြို့

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 



Share this post