• Follow Us on

Home ထပ်တိုးကာကွယ်ရေးဘတ်ဂျက် ၂၄ ဘီလျံ ကန်အောက်လွှတ်တော်အတည်ပြု

ထပ်တိုးကာကွယ်ရေးဘတ်ဂျက် ၂၄ ဘီလျံ ကန်အောက်လွှတ်တော်အတည်ပြု

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂ (People Media)

 

အမေရိကန်အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီသည် သမ္မတဂျိုးဘိုင်ဒန်အဆိုပြုထားသည့် ပမာဏထက်များပြားသော ထပ်တိုးကာကွယ်ရေးဘတ်ဂျက် ၂၄ ဘီလျံကို အတည်ပြုထောက်ခံလိုက်သည်။

 

ကာကွယ်ရေးဘတ်ဂျက် ၂၄ ဘီလျံထပ်တိုးမည့်အစီအစဉ်ကို ရီပတ်ဘလီကန်အမတ်များကတင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အတွင်း ၄၂ မဲ – ၁၇ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို အယ်လာဘားမားပြည်နယ်မှ ရီ ပတ်ဘလီကန်ထိပ်တန်းအမတ်တစ်ဦးဖြစ်သူ မိုက်ရော်ဂျာက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ သမ္မတဂျိုးဘိုင်ဒန် ၏ဘတ်ဂျက်တောင်းခံမှုမှာ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို ဟန့်တားရာတွင် လုံလောက်မှုမရှိကြောင်း ရော်ဂျာ ကပြောသည်။

 

ကာကွယ်ရေးဘတ်ဂျက်အတွက် ဇူလိုင်လကလည်း ဒေါ်လာ ၂၅ဘီလျံတိုးမြှင့်ထားပြီးဖြစ်ရာ ယခုကာကွယ်ရေး ဘတ်ဂျက်တိုးမြှင့်မှုမှာ အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီရှေ့တွင် မဲခွဲဆုံးဖြတ်ရဦးမည်ဖြစ် သည်။ အထက်လွှတ်တော်တွင် အတည်ပြုပြီးဖြစ်ပါက ကာကွယ်ရေးဘတ်ဂျက်မှာ ဒေါ်လာ ၇၄၀ ဘီလျံသုံးစွဲ နိုင်မည်ဖြစ်သည်။

 

“နိုင်ငံရေးပါတီနှစ်ရပ်နဲ့ လွှတ်တော်နှစ်ရပ်ရဲ့ ဆောင်ရွက်မှုကို ဘိုင်ဒန်နဲ့ ဟားရစ်အစိုးရ သဘောပေါက်လိမ့်မယ် လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို အထက်လွှတ်တော်ကဖြတ် တောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့တပ်မတော်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သား တွေကိုထောက်ပံ့နိုင်ဖို့ ဒီပြင်ဆင်ချက်ကိုလက်ခံပေးတဲ့အတွက် ကျွန်တော့်လုပ်ဖော်ကိုင်ဖက် (အမတ်မင်းများ) ကို ကျေးဇူးတင်ပါတယ်။” ဟု ရော်ဂျာ ကပြောသည်။

 

ဘတ်ဂျက်ပမာဏမှာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ၅.၂ ဘီလျံ တိုးမြင့်သွားမည်ဖြစ်ပြီး လက် နက်ဝယ်ယူရေးတွင် ၉.၈ ဘီလျံ တိုးမြှင့်သုံးစွဲသွားနိုင်မည်ဖြစ်သည်။ လက်နက်ဝယ်ယူရေးအတွက် ငွေကြေး များမှာ ရေတပ်အတွက်သုံးစွဲမည်ဖြစ်ပြီး ရေတပ်ကအနားပေးမည့် ခရူဇာ သင်္ဘောသုံးစင်းအစားထိုးဝယ်ယူမည် ဖြစ်ပြီး  Arleigh Burke-class ဖျက်သင်္ဘောတစ်စီး၊ တိုက်ခိုက်ရေးသင်္ဘော တစ်စီးနှင့် Virginia-class ရေငုပ် သင်္ဘောတစ်စီးတို့လည်း ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။

 

ဘတ်ဂျက်ဖြုန်းတီးမှုကို ရှင်းထုတ်နိုင်ရေးအတွက် ပင်တဂွန်ဖိအားများကိုလျှော့ချရန် ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်တောင်းခံခြင်းဖြစ်ကြောင်း အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီဥက္ကဋ္ဌ အဒမ်စမစ်သ် ဒီဝပ်ချ်က ပြောသည်။

 

Ref: House panel approves $24 billion defense boost

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 

Ref: House panel approves $24 billion defense boost

 

#PeopleMedia


Share this post