• Follow Us on

Home ထမင်းခူးခိုင်းရာက စကားများပြီး ဒေါသအလျောက် ထင်းချောင်းဖြင့်ရိုက်ရာ လူတစ်ဦးသေဆုံး

ထမင်းခူးခိုင်းရာက စကားများပြီး ဒေါသအလျောက် ထင်းချောင်းဖြင့်ရိုက်ရာ လူတစ်ဦးသေဆုံး

Share this post

မဘိမ်း၊ ဇန်နဝါရီ ၄ (People Media)

ရှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့က ထမင်းခူးခိုင်းရာက စကားများပြီး ဒေါသအလျောက် ထင်းချောင်းဖြင့် ရိုက်သဖြင့် လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက်နေ့ ည ၇ နာရီကျော်က မဘိမ်းမြို့နယ်၊ လဝါကျေးရွာအုပ်စု၊ (ဒေသအခေါ် ) ဆွန်ဖချောင်းဘေးရှိ တဲ၌ ဦးစိုင်းယုအောင် အိပ်ပျော်နေစဉ်၎င်း၏ အလုပ်သမားများ ဖြစ်ကြတဲ့ ကျော်ဇောအောင်၊ ရှမ်းလေး (ခ) ဒေါင်ဇောင်း၊ ဘုန်းကြီး (ခ)သိန်းလှိုင်ဦး၊ ဘဂျမ်း(ခ)ဇော်မျိုးခိုင်၊ ဇော်တောင်တို့ (၅)ဦးမှာ အခြားလယ်နီးနားချင်း ၏ စပါးသိမ်းပွဲသို့ သွားရောက် အရက်သေစာသောက်စားပြီး တဲသို့ပြန်လည်ရောက်ရှိစဉ် တဲဘေးရှိ ထမင်းချက်သည့် မီးဖိုဘေး တွင်မီးလှုံနေသော ဘဂျမ်း(ခ)ဇော်မျိုးခိုင်၊ ၃၅ နှစ် ပုလွေရွှေရွာ၊ ကသာမြို့နယ်နေသူအား ထမင်းခူးခိုင်ရာ ၎င်းမှ အလုပ်သမားအချင်းချင်း ခူးမပေးနိုင်ကြောင်း ပြောဆိုရာမှ စကားများရာ ရှမ်းလေး(ခ) ဒေါင်းဇောင်းမှ ဘဂျမ်း (ခ) ဇော်မျိုးခိုင်အား ထင်ချောင်းဖြင့် ရိုက်ရန် မီးဖိုဘေးသို့ ရောက်ရှိလာချိန် ဘဂျမ်းနှင့်အတူ မီးလှုံနေသော ဇော်တောင်မှ ဘဂျမ်းအား တွန်းလွှတ်ပြီး မီးဖိုတွင် မီးဆိုက်ထားသော ထင်းချောင်းဖြင့် ရှမ်းလေး (ခ)ဒေါင်းဇောင်း၏ ဦးခေါင်းအား (၁)ချက်ရိုက်ခဲ့ရာ ရှမ်းလေး (ခ) ဒေါင်းဇောင်းမှာ မီးဖိုဘေးလဲကျသွားပြီး အော်ဟစ်ငြီးငြူနေသဖြင့် ဦးစိုင်းယုအောင်မှ အိပ်ယာနိုးလာပြီး ရန်မဖြစ်ကြရန် နှင့် အေးဆေး အိပ်ကြရန် ပြောဆိုပြီး လဲကျနေသော ရှမ်းလေး(ခ)ဒေါင်းဇောင်း အား အိပ်ယာပေါ်တွင် သိပ်ထားပြီး ဇန်နဝါရီ (၂)ရက်နေ့ နံနက်တွင် သွားရောက်လှုပ်နိုးရာ ရှမ်းလေး (ခ)ဒေါင်းဇောင်း မှာငြီးတွားသံသာကြားရပြီး စကားမေးမရသဖြင့် စစ်ဆေးကြည့်ရာ နဖူးဝဲဘက်ဒေါင့်တွင် ဖူးယောင်ဒဏ်ရာ (၁)ချက် ကို တွေ့ရှိရသဖြင့် မဘိမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူနေစဉ် ရရှိထားသည့်ဒဏ်ရာဖြင့် သေဆုံးသွားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထင်းချောင်းဖြင့် ရိုက်နှက်ခဲ့သူ ဇော်တောင်၊ ၃၀နှစ်၊ ရွှေကူမြို့၊အမှတ် (၄) ရပ်ကွက်နေသူအား မဘိမ်းမြို့မရဲစခန်းမှ (ပ)၂/၂၀၂၁၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ ဖြင့် အမှုဖွင့်အရေးယူထားသည်။

ဖြိုးဖြိုး

#PeopleMedia #မဘိမ်း

(unicode)


Share this post