• Follow Us on

Home ထရမ့်တွင် တရုတ်ဘဏ်အကောင့်ရှိနေဟု အမေရိကန်မီဒီယာဖော်ပြ


Share this post











(unicode)
ထရမ့်တွင် တရုတ်ဘဏ်အကောင့်ရှိနေဟု အမေရိကန်မီဒီယာဖော်ပြ
…………………………………………

ဝါရှင်တန်၊ အောက်တိုဘာ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တွင် တရုတ်ဘဏ်အကောင့်ရှိကြောင်း သမ္မတကဝန်ခံသည်ဟု နယူး ယောက်တိုင်းသတင်းစာကဖော်ပြသည်။

ထိုအကောင့်ကို ထရမ့်နိုင်ငံတကာဘဏ်စီမံခန့်ခွဲမှုက ထိန်းချုပ်ထားခြင်းဖြစ်ပြီး ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်တို့ကြားပြည်တွင်းအခွန်များပေးခဲ့သည်။

ထိုအကောင့်သည် အာရှတွင် ဟိုတယ်လုပ်ငန်းများရှာဖွေနိုင်ရန်ဖွင့်ထားခြင်းဖြစ်ကြောင်း ထရမ့်၏ပြောခွင့်ရသူ ကပြောသည်။

ထရမ့်သည် တရုတ်တွင်အမေရိကန်လုပ်ငန်းများ တရုတ်တွင်လုပ်ငန်းလည်ပတ်ခြင်းကို ဝေဖန်လေ့ရှိသူဖြစ်ပြီး နှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲလည်း အစပြုခဲ့သည်။

တကိုယ်ရည်နှင့်ကုမ္ပဏီဘဏ္ဍာရေးအသေးစိတ်များပါဝင်သော မစ္စတာ ထရမ့်၏အခွန်မှတ်တမ်းများကို ရရှိထားသည့် နယူးယောက်တိုင်းက ထိုအကောင့်အကြောင်းကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတဖြစ်လာသည့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ထရမ့်က အခွန်ဒေါ်လာ ၇၅၀ ပေးဆောင်ထားကြောင်း လည်း နယူးယောက်တိုင်းက ယခုလအတွင်းဖော်ပြဖူးသည်။

တရုတ်ဘဏ်အကောင့်က ပြည်တွင်းအခွန်ဒေါ်လာ ၁၈၈၅၆၁ ဆောင်ထားသည်။

Ref : Trump maintains a Chinese bank account, says NYT

#PeopleMedia #International


Share this post