• Follow Us on

Home ထရမ့္တြင္ COVID-19 ကူးစက္ခံထားရေသးပါက ေနာက္တစ္ႀကိမ္ျပဳလုပ္ရမည့္ သမၼတေလာင္းစကားစစ္ ထိုးပြဲကို ဖ်က္သိမ္းသင့္ေၾကာင္း ဘိုင္ဒန္ေျပာ

ထရမ့္တြင္ COVID-19 ကူးစက္ခံထားရေသးပါက ေနာက္တစ္ႀကိမ္ျပဳလုပ္ရမည့္ သမၼတေလာင္းစကားစစ္ ထိုးပြဲကို ဖ်က္သိမ္းသင့္ေၾကာင္း ဘိုင္ဒန္ေျပာ

Share this post

ေဟဂါေတာင္း၊ ေအာက္တိုဘာ ၇

သမၼတ ေဒၚနယ္ထရမ့္ တြင္ COVID-19 ေရာဂါကူးစက္ခံထားရေသးပါက လာမည့္တစ္ပတ္တြင္က်င္းပရန္ ရည္႐ြယ္ထားေသာ ရီပတ္ဘလစ္ကန္သမၼတႏွင့္ သမၼတေလာင္းစကားစစ္ထိုးပြဲကို ဖ်က္သိမ္းသင့္ေၾကာင္း ဒီမိုကရတ္သမၼတေလာင္း ဂ်ိဳး ဘိုင္ဒန္က အဂၤါေန႔တြင္ေျပာသည္။

ေအာက္တိုဘာ ၁၅ ရက္တြင္ မိုင္ယာမီၿမိဳ႕၌က်င္းပမည့္စကားစစ္ထိုးပြဲသည္ တင္းၾကပ္သည့္က်န္းမာေရးစည္း မ်ဥ္းမ်ားႏွင့္အညီသာ ျပဳလုပ္သင့္ၿပီး သမၼတ ထရမ့္ႏွင့္ အိမ္ျဖဴေတာ္၀န္ထမ္းမ်ားကိုကူးစက္ခဲ့သည့္ ကမာၻ႔ကပ္ ေရာဂါသည္ အလြန္ဆိုး႐ြားသည့္ျပႆနာျဖစ္သည္ဟု ဘိုင္ဒန္ကေျပာသည္။

ပန္ဆယ္ေဗးနီးယားျပည္နယ္တြင္ မဲဆြယ္စည္း႐ံုးမႈလုပ္ေဆာင္ၿပီး ရပ္နားခ်ိန္တြင္ ဘိုင္ဒန္က သတင္း ေထာက္မ်ားကိုေျပာျခင္းျဖစ္သည္။

ဘိုင္ဒန္၏မွတ္ခ်က္ႏွင့္ပတ္သက္၍ေမးျမန္းရာ သမၼတထရမ့္က်န္းမာေရးေကာင္းၿပီး စကားစစ္ထိုးမည္ျဖစ္ ေၾကာင္းႏွင့္ ဘိုင္ဒန္ႏွင့္ မီဒီယာေပၚတြင္ သူ႔ကိုကာကြယ္ေျပာဆိုသူမ်ား ဖံုးဖိႏိုင္မည္မဟုတ္ေၾကာင္း ထရမ့္စည္း႐ံုးေရးေျပာခြင့္ရသူ တင္ မာေတာ့ကေျပာသည္။

တနလၤာေန႔တြင္ ေရာဂါကူးစက္ခံထားရသည့္ အသက္ ၇၄ ႏွစ္အ႐ြယ္ ထရမ့္ ေဆး႐ံုဆင္းလာၿပီး အိမ္ျဖဴ ေတာ္တြင္ ျပန္လည္တာ၀န္ထမ္းေဆာင္ေနသည္။

ပံုမွန္လူတစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရပါက ၁၄ ရက္အသြားအလာေစာင့္ၾကည့္ခံရၿပီး ၿပီးခဲ့သည့္ ေသာၾကာေန႔တြင္ ကူးစက္ခံရေၾကာင္း ထရမ့္က အတည္ျပဳခဲ့သည္။

Ref : Biden says next US presidential debate should be called off if Trump still has COVID-19

#Peoplemedia

(Unicode)
ထရမ့်တွင် COVID-19 ကူးစက်ခံထားရသေးပါက နောက်တစ်ကြိမ်ပြုလုပ်ရမည့် သမ္မတလောင်းစကားစစ် ထိုးပွဲကို ဖျက်သိမ်းသင့်ကြောင်း ဘိုင်ဒန်ပြော
……………………………………………

ဟေဂါတောင်း၊ အောက်တိုဘာ ၇

သမ္မတ ဒေါ်နယ်ထရမ့် တွင် COVID-19 ရောဂါကူးစက်ခံထားရသေးပါက လာမည့်တစ်ပတ်တွင်ကျင်းပရန် ရည်ရွယ်ထားသော ရီပတ်ဘလစ်ကန်သမ္မတနှင့် သမ္မတလောင်းစကားစစ်ထိုးပွဲကို ဖျက်သိမ်းသင့်ကြောင်း ဒီမိုကရတ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်က အင်္ဂါနေ့တွင်ပြောသည်။

အောက်တိုဘာ ၁၅ ရက်တွင် မိုင်ယာမီမြို့၌ကျင်းပမည့်စကားစစ်ထိုးပွဲသည် တင်းကြပ်သည့်ကျန်းမာရေးစည်း မျဉ်းများနှင့်အညီသာ ပြုလုပ်သင့်ပြီး သမ္မတ ထရမ့်နှင့် အိမ်ဖြူတော်ဝန်ထမ်းများကိုကူးစက်ခဲ့သည့် ကမ္ဘာ့ကပ် ရောဂါသည် အလွန်ဆိုးရွားသည့်ပြဿနာဖြစ်သည်ဟု ဘိုင်ဒန်ကပြောသည်။

ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် မဲဆွယ်စည်းရုံးမှုလုပ်ဆောင်ပြီး ရပ်နားချိန်တွင် ဘိုင်ဒန်က သတင်း ထောက်များကိုပြောခြင်းဖြစ်သည်။

ဘိုင်ဒန်၏မှတ်ချက်နှင့်ပတ်သက်၍မေးမြန်းရာ သမ္မတထရမ့်ကျန်းမာရေးကောင်းပြီး စကားစစ်ထိုးမည်ဖြစ် ကြောင်းနှင့် ဘိုင်ဒန်နှင့် မီဒီယာပေါ်တွင် သူ့ကိုကာကွယ်ပြောဆိုသူများ ဖုံးဖိနိုင်မည်မဟုတ်ကြောင်း ထရမ့်စည်းရုံးရေးပြောခွင့်ရသူ တင် မာတော့ကပြောသည်။

တနင်္လာနေ့တွင် ရောဂါကူးစက်ခံထားရသည့် အသက် ၇၄ နှစ်အရွယ် ထရမ့် ဆေးရုံဆင်းလာပြီး အိမ်ဖြူ တော်တွင် ပြန်လည်တာဝန်ထမ်းဆောင်နေသည်။

ပုံမှန်လူတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါက ၁၄ ရက်အသွားအလာစောင့်ကြည့်ခံရပြီး ပြီးခဲ့သည့် သောကြာနေ့တွင် ကူးစက်ခံရကြောင်း ထရမ့်က အတည်ပြုခဲ့သည်။

Ref : Biden says next US presidential debate should be called off if Trump still has COVID-19

#Peoplemedia


Share this post