• Follow Us on

Home ထရမ့္ရဲ႕ပို႔စ္ေတြကိုဖ်က္တာ၊ သေကၤတတစ္ခုခုျပတာမလုပ္ဖို႔ ကုမၸဏီရဲ႕ဆံုးျဖတ္ခ်က္ေၾကာင့္ Facebook ၀န္ ထမ္းေတြ ေဒါသထြက္ေန

ထရမ့္ရဲ႕ပို႔စ္ေတြကိုဖ်က္တာ၊ သေကၤတတစ္ခုခုျပတာမလုပ္ဖို႔ ကုမၸဏီရဲ႕ဆံုးျဖတ္ခ်က္ေၾကာင့္ Facebook ၀န္ ထမ္းေတြ ေဒါသထြက္ေန

Share this post

ဝါ႐ွင္တန္၊ ဇြန္ ၂

ၿပီးခဲ့တဲ့တစ္ပတ္က အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အျငင္းပြားဖြယ္ပို႔စ္ေတြကို သေကၤတျပတာ ဒါမွမဟုတ္ ဖ်က္ပစ္တာေတြမလုပ္ဖို႔ ဧရာမနည္းပညာကုမၸဏီႀကီး Facebook ရဲ႕ဆံုးျဖတ္ခ်က္ကို ၀န္ထမ္းေတြက ေဒါသ ထြက္ေနပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က လူမည္းအမ်ိဳးသားေဂ်ာ့ဖလြိဳက္ကို လူျဖဴရဲအရာ႐ွိတစ္ေယာက္က အလြန္အကၽြံအင္အားသံုး ထိန္းသိမ္းခဲ့လို႔ ေသဆံုးခဲ့တဲ့ေနာက္ ထရမ့္ဟာ Facebook မွာလည္း အျငင္းပြားဖြယ္ပို႔စ္ေတြတင္ခဲ့ပါတယ္။

တြစ္တာကေတာ့ ထရမ့္ရဲ႕ပို႔စ္ေတြကို အင္အားသံုးအၾကမ္းဖက္မႈကို ခ်ီးေႁမွာက္ထားတယ္ဆိုတဲ့ သတိေပးခ်က္ သေကၤတျပထားၿပီး Facebook ကေတာ့ ကုမၸဏီမူဝါဒကိုမခ်ိဳးေဖာက္ဘူးလို႔ ေျပာထားပါတယ္။

ဒီလုပ္ရပ္ေၾကာင့္ အ႐ွက္ရမိတယ္လို႔ တခ်ိဳ႕၀န္ထမ္းေတြကေျပာပါတယ္။ အမ်ိဳးသားအေစာင့္တပ္ဖြဲ႕ေတြ လႊတ္ သြားမယ္လို႔ ထရမ့္ကေျပာထားၿပီး လုယက္မႈေတြစလာရင္ ပစ္ခတ္မႈေတြလည္းစတင္သြားမယ္လို႔ သတိေပး ထားပါတယ္။

ကုမၸဏီတည္ေထာင္သူမာ့က္ ဇက္ကာဘာ့ဂ်္က အင္အားသံုးအၾကမ္းဖက္မႈေတြျဖစ္ေအာင္ လႈံ႕ေဆာ္တဲ့မူဝါဒကို မခ်ဳိဳးေဖာက္ဘူးလို႔ေျပာထားတဲ့ အဲဒီပို႔စ္က Facebook မွာ႐ွိေနပါတယ္။ ကုမၸဏီကို အျပင္မထြက္ဘဲ ဆႏၵျပေန တယ္လို႔ အိမ္ကေနအလုပ္လုပ္ေနတဲ့၀န္ထမ္းေတြက ႐ံုးျပင္ပမွာေျပာေနပါတယ္။

Ref : Facebook staff anger over Trump post

#PeopleMedia

(unicode)
ထရမ့်ရဲ့ပို့စ်တွေကိုဖျက်တာ၊ သင်္ကေတတစ်ခုခုပြတာမလုပ်ဖို့ ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကြောင့် Facebook ဝန် ထမ်းတွေ ဒေါသထွက်နေ
………………………………………………

ဝါရှင်တန်၊ ဇွန် ၂

ပြီးခဲ့တဲ့တစ်ပတ်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ်ပို့စ်တွေကို သင်္ကေတပြတာ ဒါမှမဟုတ် ဖျက်ပစ်တာတွေမလုပ်ဖို့ ဧရာမနည်းပညာကုမ္ပဏီကြီး Facebook ရဲ့ဆုံးဖြတ်ချက်ကို ဝန်ထမ်းတွေက ဒေါသ ထွက်နေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က လူမည်းအမျိုးသားဂျော့ဖလွိုက်ကို လူဖြူရဲအရာရှိတစ်ယောက်က အလွန်အကျွံအင်အားသုံး ထိန်းသိမ်းခဲ့လို့ သေဆုံးခဲ့တဲ့နောက် ထရမ့်ဟာ Facebook မှာလည်း အငြင်းပွားဖွယ်ပို့စ်တွေတင်ခဲ့ပါတယ်။

တွစ်တာကတော့ ထရမ့်ရဲ့ပို့စ်တွေကို အင်အားသုံးအကြမ်းဖက်မှုကို ချီးမြှောက်ထားတယ်ဆိုတဲ့ သတိပေးချက် သင်္ကေတပြထားပြီး Facebook ကတော့ ကုမ္ပဏီမူဝါဒကိုမချိုးဖောက်ဘူးလို့ ပြောထားပါတယ်။

ဒီလုပ်ရပ်ကြောင့် အရှက်ရမိတယ်လို့ တချို့ဝန်ထမ်းတွေကပြောပါတယ်။ အမျိုးသားအစောင့်တပ်ဖွဲ့တွေ လွှတ် သွားမယ်လို့ ထရမ့်ကပြောထားပြီး လုယက်မှုတွေစလာရင် ပစ်ခတ်မှုတွေလည်းစတင်သွားမယ်လို့ သတိပေး ထားပါတယ်။

ကုမ္ပဏီတည်ထောင်သူမာ့က် ဇက်ကာဘာ့ဂ်ျက အင်အားသုံးအကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့မူဝါဒကို မချိုးဖောက်ဘူးလို့ပြောထားတဲ့ အဲဒီပို့စ်က Facebook မှာရှိနေပါတယ်။ ကုမ္ပဏီကို အပြင်မထွက်ဘဲ ဆန္ဒပြနေ တယ်လို့ အိမ်ကနေအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေက ရုံးပြင်ပမှာပြောနေပါတယ်။

Ref : Facebook staff anger over Trump post

#PeopleMedia


Share this post