• Follow Us on

Home ထရမ့္ရဲ႕ၿငိမ္းခ်မ္းေရးအစီအစဥ္ေၾကာင့္ အစၥေရးေတြေက်နပ္ေပမဲ့ ပါလက္စတိုင္းေတြေဒါသထြက္

ထရမ့္ရဲ႕ၿငိမ္းခ်မ္းေရးအစီအစဥ္ေၾကာင့္ အစၥေရးေတြေက်နပ္ေပမဲ့ ပါလက္စတိုင္းေတြေဒါသထြက္

Share this post

ဝါ႐ွင္တန္၊ ဇန္နဝါရီ – ၂၉

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၾကာ႐ွည္ေစာင့္ေနရတဲ့အေ႐ွ႕အလယ္ပိုင္းၿငိမ္းခ်မ္းေရးအစီအစဥ္ကို အဂၤါ ေန႔မွာ အစၥေရး၀န္ႀကီးခ်ဳပ္ဘန္ဂ်မင္ ေနတန္ယာဟုနဲ႔အတူ ထုတ္ေဖာ္ျပသလိုက္ပါတယ္။

ထရမ့္ရဲ႕အစီအစဥ္က အေနာက္ဘက္ကမ္းေျမာင္ေဒသရဲ႕အဓိကေနရာေတြကို အစၥေရးဆီလႊဲေျပာင္းေပးထားတဲ့ နားလည္ရခက္တဲ့ပါလက္စတိုင္းႏိ္ုင္ငံအျဖစ္ ေမွ်ာ္မွန္းထားတာပါ။ ပါလက္စတိုင္းသမၼတမာမြတ္ အဘတ္စ္က ေတာ့ အဲဒီအစီအစဥ္ဟာ အဓိပၸာယ္မ႐ွိလို႔ျငင္းဆိုခဲ့ၿပီး လက္မခံဖို႔ကတိျပဳခဲ့ပါတယ္။

အစၥေရး၀န္ႀကီးခ်ဳပ္ေနတန္ယာဟုကေတာ့ အစီအစဥ္ဟာ ၁၉၄၈ ခုႏွစ္မွာ လြတ္လပ္ေရးေၾကညာခဲ့တာနဲ႔ အလားသ႑ာန္တူတဲ့သမိုင္း၀င္ျဖစ္ရပ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕အစီအစဥ္ဟာ အစၥေရးေရာ၊ ပါလက္စတိုင္းေရာ အတြက္ အက်ိဳး႐ွိမယ့္အစီအစဥ္လို႔ ထရမ့္ကေျပာၿပီး လြတ္လပ္ေရးရဖို႔အခြင့္အေရးကိုလက္မလႊတ္ဖို႔လည္း ပါလက္စတိုင္းေတြကို တိုက္တြန္းခဲ့ပါတယ္။

အေမရိကန္ေ႐ြးေကာက္ပြဲ႐ွိတဲ့ႏွစ္မွာ ထရမ့္က စြပ္စြဲျပစ္တင္မႈရင္ဆိုင္ေနရၿပီး ေနတန္ယာဟုကလည္း လိမ္ လည္မႈ၊ ယံုၾကည္ခ်က္ခ်ိဳးေဖာက္မႈနဲ႔ လာဘ္စားမႈတစ္ခုခ်င္းစီစြြဲခ်က္ေတြနဲ႔ တရား၀င္စြဲခ်က္တင္ခံထားရခ်ိန္မွာ အခုအစီအစဥ္ကို ထုတ္ျပလိုက္တာပါ။

၁၉၆၇ ခုႏွစ္၊ အေ႐ွ႕အလယ္ပိုင္းစစ္ပြဲမွာ အစၥေရးကိုသိမ္းယူခဲ့တဲ့ အေနာက္ဘက္ကမ္းေျမာင္နဲ႔ ေဂ်႐ုစလင္ၿမိဳ႕ အေ႐ွ႕ပိုင္းတို႔ပါ၀င္ၿပီး လြတ္လပ္တဲ့ပါလက္စတိုင္းႏိုင္ငံျဖစ္လာဖို႔နဲ႔ အဲဒီေနရာေတြမွာအေျခခ်ေနထိုင္ၾကတဲ့ အစၥေရး ၇ သိန္းေက်ာ္ကိုဖယ္႐ွားဖို႔ ပါလက္စတိုင္းက ေမွ်ာ္မွန္းထားပါတယ္။

အစၥေရးနဲ႔ၿငိမ္းခ်မ္းေရးရဖို႔႐ွိေနတဲ့အာရပ္ႏွစ္ႏိုင္ငံထဲက ေဂ်ာ္ဒန္ကေတာ့ ဒီအစီအစဥ္ကို တည္ၿငိမ္တဲ့ပံုစံနဲ႔ တုန္႔ ျပန္ထားၿပီး အီဂ်စ္ကေတာ့ အစၥေရးနဲ႔ ပါလက္စတိုင္းေတြအေနနဲ႔ အစီအစဥ္ကို ဂ႐ုတစိုက္ေလ့လာၾကဖို႔ တိုက္တြန္းပါတယ္။

ဥေရာပသမဂၢကလည္း အေသးစိတ္ေလ့လာဖို႔လိုတယ္လို႔ ေျပာပါတယ္။ အဓိကအာရပ္ႏိုင္ငံေတြထဲက တစ္ႏိုင္ ငံျဖစ္တဲ့ ေဆာ္ဒီအာေရဗ်ကေတာ့ ထရမ့္အစိုးရအားထုတ္မႈေတြကို ခ်ီးက်ဴးၿပီး ပါလက္စတိုင္းနဲ႔အစၥေရး တိုက္ ႐ိုက္ေဆြးေႏြးမႈေတြျပန္စဖို႔ အားေပးခဲ့ပါတယ္။

အသိအမွတ္ျပဳထားတဲ့နယ္နိမိတ္ေတြထဲ ႏွစ္ႏိုင္ငံၿငိမ္းၿငိမ္းခ်မ္းခ်မ္း၊ လံုံၿခံဳမႈ႐ွိ႐ွိေနတာကို ကုလသမဂၢက ေထာက္ခံတယ္လို႔ ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္အန္တိုနီယို ဂူတားရက္စ္ကေျပာတယ္ဆိုၿပီး သူ႔ရဲ႕ေျပာခြင့္ရသူကေျပာပါတယ္။ ၂၀၁၇ ခုႏွစ္ကုန္ပိုင္းမွာ ထရမ့္ဟာ ႏွစ္ဖက္အျငင္းပြားမႈ႐ွိေနတဲ့ေဂ်႐ုစလင္ၿမိဳ႕ ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္အသိအမွတ္ျပဳၿပီး သံ႐ံုးေ႐ႊ႕ဖို႔လုပ္ခဲ့ပါတယ္။

Source – AP

Photo – The White House

#PeopleMedia #WestBank #GazaStrip #Jeruslam #MiddleEastPeacePlan

(Unicode)
ထရမ့်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် အစ္စရေးတွေကျေနပ်ပေမဲ့ ပါလက်စတိုင်းတွေဒေါသထွက်
………………………………………………………

ဝါရှင်တန်၊ ဇန်နဝါရီ – ၂၉

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာရှည်စောင့်နေရတဲ့အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ်ကို အင်္ဂါ နေ့မှာ အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင် နေတန်ယာဟုနဲ့အတူ ထုတ်ဖော်ပြသလိုက်ပါတယ်။

ထရမ့်ရဲ့အစီအစဉ်က အနောက်ဘက်ကမ်းမြောင်ဒေသရဲ့အဓိကနေရာတွေကို အစ္စရေးဆီလွှဲပြောင်းပေးထားတဲ့ နားလည်ရခက်တဲ့ပါလက်စတိုင်းနိ်ုင်ငံအဖြစ် မျှော်မှန်းထားတာပါ။ ပါလက်စတိုင်းသမ္မတမာမွတ် အဘတ်စ်က တော့ အဲဒီအစီအစဉ်ဟာ အဓိပ္ပာယ်မရှိလို့ငြင်းဆိုခဲ့ပြီး လက်မခံဖို့ကတိပြုခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကတော့ အစီအစဉ်ဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့တာနဲ့ အလားသဏ္ဍာန်တူတဲ့သမိုင်းဝင်ဖြစ်ရပ်လို့ ပြောပါတယ်။ သူ့ရဲ့အစီအစဉ်ဟာ အစ္စရေးရော၊ ပါလက်စတိုင်းရော အတွက် အကျိုးရှိမယ့်အစီအစဉ်လို့ ထရမ့်ကပြောပြီး လွတ်လပ်ရေးရဖို့အခွင့်အရေးကိုလက်မလွှတ်ဖို့လည်း ပါလက်စတိုင်းတွေကို တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲရှိတဲ့နှစ်မှာ ထရမ့်က စွပ်စွဲပြစ်တင်မှုရင်ဆိုင်နေရပြီး နေတန်ယာဟုကလည်း လိမ် လည်မှု၊ ယုံကြည်ချက်ချိုးဖောက်မှုနဲ့ လာဘ်စားမှုတစ်ခုချင်းစီစွွဲချက်တွေနဲ့ တရားဝင်စွဲချက်တင်ခံထားရချိန်မှာ အခုအစီအစဉ်ကို ထုတ်ပြလိုက်တာပါ။

၁၉၆၇ ခုနှစ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အစ္စရေးကိုသိမ်းယူခဲ့တဲ့ အနောက်ဘက်ကမ်းမြောင်နဲ့ ဂျေရုစလင်မြို့ အရှေ့ပိုင်းတို့ပါဝင်ပြီး လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံဖြစ်လာဖို့နဲ့ အဲဒီနေရာတွေမှာအခြေချနေထိုင်ကြတဲ့ အစ္စရေး ၇ သိန်းကျော်ကိုဖယ်ရှားဖို့ ပါလက်စတိုင်းက မျှော်မှန်းထားပါတယ်။

အစ္စရေးနဲ့ငြိမ်းချမ်းရေးရဖို့ရှိနေတဲ့အာရပ်နှစ်နိုင်ငံထဲက ဂျော်ဒန်ကတော့ ဒီအစီအစဉ်ကို တည်ငြိမ်တဲ့ပုံစံနဲ့ တုန့် ပြန်ထားပြီး အီဂျစ်ကတော့ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအနေနဲ့ အစီအစဉ်ကို ဂရုတစိုက်လေ့လာကြဖို့ တိုက်တွန်းပါတယ်။

ဥရောပသမဂ္ဂကလည်း အသေးစိတ်လေ့လာဖို့လိုတယ်လို့ ပြောပါတယ်။ အဓိကအာရပ်နိုင်ငံတွေထဲက တစ်နိုင် ငံဖြစ်တဲ့ ဆော်ဒီအာရေဗျကတော့ ထရမ့်အစိုးရအားထုတ်မှုတွေကို ချီးကျူးပြီး ပါလက်စတိုင်းနဲ့အစ္စရေး တိုက် ရိုက်ဆွေးနွေးမှုတွေပြန်စဖို့ အားပေးခဲ့ပါတယ်။

အသိအမှတ်ပြုထားတဲ့နယ်နိမိတ်တွေထဲ နှစ်နိုင်ငံငြိမ်းငြိမ်းချမ်းချမ်း၊ လုံခြုံမှုရှိရှိနေတာကို ကုလသမဂ္ဂက ထောက်ခံတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတားရက်စ်ကပြောတယ်ဆိုပြီး သူ့ရဲ့ပြောခွင့်ရသူကပြောပါတယ်။ ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှာ ထရမ့်ဟာ နှစ်ဖက်အငြင်းပွားမှုရှိနေတဲ့ဂျေရုစလင်မြို့ ကို အစ္စရေးမြို့တော်အဖြစ်အသိအမှတ်ပြုပြီး သံရုံးရွှေ့ဖို့လုပ်ခဲ့ပါတယ်။

Source – AP

Photo – The White House

#PeopleMedia #WestBank #GazaStrip #Jeruslam #MiddleEastPeacePlan


Share this post