• Follow Us on

Home ထရမ့်အစိုးရ၏မူဝါဒ၏များကို အစိုးရအမိန့်ဖြင့် ပြောင်းလဲရန် ဘိုင်ဒန်စတင်လုပ်ဆောင်

ထရမ့်အစိုးရ၏မူဝါဒ၏များကို အစိုးရအမိန့်ဖြင့် ပြောင်းလဲရန် ဘိုင်ဒန်စတင်လုပ်ဆောင်

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

သမ္မတအဖြစ်ကျမ်းကျိန်ပြီးနာရီပိုင်းအကြာတွင် အမေရိကန်သမ္မတသစ် ဂျိုး ဘိုင်ဒန်က သမ္မတဟောင်း ဒေါ်နယ် ထရမ့်၏အဓိကမူဝါဒအချို့ကို ဘက်ပြောင်းရန် စတင်လုပ်ဆောင်နေသည်။

“ကျွန်တော်တို့ကြုံတွေ့နေရတဲ့အကြပ်အတည်းတွေကို ဖြေရှင်းဖို့ဖြစ်လာတဲ့အချိန်မှာ ဖြုန်းစရာအချိန်မရှိပါဘူး” ဟု အိမ်ဖြူတော်သို့ ဦးတည်ချိန်၌ တွစ်တာတွင် မစ္စတာ ဘိုင်ဒန်ကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်အကြပ်အတည်းအပေါ် အစိုးရတုံ့ပြန်မှုကိုမြှင့်တင်ရန်အပါအဝင် အစိုးရအမိန့် ၁၅ ခုကို ဘိုင်ဒန်က လက်မှတ်ထိုးခဲ့သည်။

အခြားအမိန့်များတွင် ထရမ့်အစိုးရ၏ ရာသီဥတုပြောင်းလဲမှုနှင့် ရွှေ့ပြောင်းအခြေချမှုအပေါ် ရပ်တည်ချက်များ ကိုလည်း ပြောင်းလဲရန်ပါဝင်သည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန်ပြည်ထောင်စု၏ ၄၆ ယောက်မြောက်သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် အိမ်ဖြူ တော်တွင်စတင်အလုပ်လုပ်ရန် မစ္စတာ ဘိုင်ဒန်က စီစဉ်နေသည်။

ကျမ်းကျိန်သည့်အခမ်းအနားသည် ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်မှုများကြောင့် ယခင်နှင့်မတူဘဲ ကျမ်းကျိန်ခြင်းနှင့် အခမ်းအနားများတွင် လူအနည်းငယ်သာပါဝင်သည်။

Ref : Biden sets to work on reversing Trump policies with executive orders

#PeopleMedia #International

(unicode)
…………………………………………..








Ref : Biden sets to work on reversing Trump policies with executive orders

#PeopleMedia #International


Share this post