• Follow Us on
Latest News

Home ထရမ့္ႏွင့္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာတို႔ၾကား သေဘာထားကြဲလြဲ

ထရမ့္ႏွင့္ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးစင္တာတို႔ၾကား သေဘာထားကြဲလြဲ

Share this post

ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၇

၂၀၂၁ ခုႏွစ္အလယ္ပိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးက်ယ္က်ယ္ျပန္႔ျပန္႔ျဖန္႔ခ်ိႏိုင္မည္ျဖစ္ၿပီး ႏွာေခါင္းစည္းမ်ား၀တ္ဆင္ျခင္းက ပို၍အက်ိဳး႐ွိေၾကာင္းေျပာသည့္ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာမ်ား (CDC)ၫႊန္ၾကားေရးမွဴး၏မွတ္ခ်က္မ်ားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ႈပ္ေထြးေစေၾကာင္းေျပာသည္။

ကြန္ဂရက္လႊတ္ေတာ္ေကာ္မတီထံ၀န္ခံေျပာဆိုရာတြင္ ၂၀၂၁ ခုႏွစ္ မတ္မွ စက္တင္ဘာအတြင္း ေယဘုယ်သေဘာအားျဖင့္ ကာကြယ္ေဆးမ်ားရႏိုင္မည္ဟု ၫႊန္ၾကားေရးမွဴး ေရာဘတ္ရတ္ဖီးကေျပာသည္။

ကာကြယ္ေဆးထုတ္ႏိုင္မည့္အခ်ိန္ပိုေစာႏိုင္ေၾကာင္း သတင္းစာ႐ွင္းလင္းပြဲတြင္ ထရမ့္ကေျပာသည္။

လႊတ္ေတာ္တြင္ထြက္ဆိုၿပီးေနာက္ ရတ္ဖီးကိုဖုန္းေခၚၿပီး ေမးခြန္းထုတ္ခဲ့ေသာအခါ ေမးခြန္းေၾကာင့္ ရတ္ဖီး႐ွဳပ္ေထြးသြားဟန္ေပၚသည္ဟုလည္းေျပာသည္။

လာမည့္သီတင္းပတ္မ်ားအတြင္း ကာကြယ္ေဆးရႏိုင္ၿပီး အေမရိကန္အစားအစာႏွင့္ေဆးဝါးႀကီးၾကပ္ကြပ္ကဲ မႈဌာနက ခြင့္ျပဳၿပီးေနာက္ က်ယ္ျပန္႔စြာျဖန္႔ခ်ိမည့္အစီအစဥ္လည္း႐ွိေနသည္ဟု ထရမ့္ကေျပာသည္။

ႏို၀င္ဘာ ၃ ရက္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမတိုင္မီ ကာကြယ္ေဆးႏွင့္ပတ္သက္၍ တိုးတက္မႈ႐ွိရန္ ထရမ့္က စိတ္အားထက္သန္ေနသည္။

ႏွာေခါင္းစည္းတပ္ျခင္းသည္ ကာကြယ္ေဆးကဲ့သို႔အစြမ္းထက္ေၾကာင္း ရတ္ဖီးကေျပာသည္ကိုလည္း ထရမ့္ကေ၀ဖန္ခဲ့သည္။

အေမရိကန္ႏိုင္ငံသားမ်ားႏွာေခါင္းစည္းတပ္ရန္အစီအစဥ္ကို ထရမ့္က အေစာပိုင္းတြင္ ၀န္ေလးခဲ့ၿပီးေနာက္ပိုင္း တြင္ ပို၍ႏွာေခါင္းစည္းတပ္ၾကရန္ တိုက္တြန္းေနသည္။

မၾကာေသးခင္ကျပဳလုပ္ခဲ့သည့္ လူအမ်ားအျပားတက္ေရာက္သည့္ထရမ့္၏အခမ္းအနားမ်ားတြင္ တက္ေ ရာက္သူမ်ား မ်က္ႏွာကိုအကာအကြယ္မ်ားမ၀တ္ဆင္လာၾကေခ်။

Ref : ‘He was confused’: Trump contradicts CDC director on vaccine, masks

#PeopleMedia

(unicode)
ထရမ့်နှင့် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာတို့ကြား သဘောထားကွဲလွဲ
………………………………………………

ဝါရှင်တန်၊ စက်တင်ဘာ ၁၇

၂၀၂၁ ခုနှစ်အလယ်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချိနိုင်မည်ဖြစ်ပြီး နှာခေါင်းစည်းများဝတ်ဆင်ခြင်းက ပို၍အကျိုးရှိကြောင်းပြောသည့် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ (CDC)ညွှန်ကြားရေးမှူး၏မှတ်ချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှုပ်ထွေးစေကြောင်းပြောသည်။

ကွန်ဂရက်လွှတ်တော်ကော်မတီထံဝန်ခံပြောဆိုရာတွင် ၂၀၂၁ ခုနှစ် မတ်မှ စက်တင်ဘာအတွင်း ယေဘုယျသဘောအားဖြင့် ကာကွယ်ဆေးများရနိုင်မည်ဟု ညွှန်ကြားရေးမှူး ရောဘတ်ရတ်ဖီးကပြောသည်။

ကာကွယ်ဆေးထုတ်နိုင်မည့်အချိန်ပိုစောနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ကပြောသည်။

လွှတ်တော်တွင်ထွက်ဆိုပြီးနောက် ရတ်ဖီးကိုဖုန်းခေါ်ပြီး မေးခွန်းထုတ်ခဲ့သောအခါ မေးခွန်းကြောင့် ရတ်ဖီးရှုပ်ထွေးသွားဟန်ပေါ်သည်ဟုလည်းပြောသည်။

လာမည့်သီတင်းပတ်များအတွင်း ကာကွယ်ဆေးရနိုင်ပြီး အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲ မှုဌာနက ခွင့်ပြုပြီးနောက် ကျယ်ပြန့်စွာဖြန့်ချိမည့်အစီအစဉ်လည်းရှိနေသည်ဟု ထရမ့်ကပြောသည်။

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးနှင့်ပတ်သက်၍ တိုးတက်မှုရှိရန် ထရမ့်က စိတ်အားထက်သန်နေသည်။

နှာခေါင်းစည်းတပ်ခြင်းသည် ကာကွယ်ဆေးကဲ့သို့အစွမ်းထက်ကြောင်း ရတ်ဖီးကပြောသည်ကိုလည်း ထရမ့်ကဝေဖန်ခဲ့သည်။

အမေရိကန်နိုင်ငံသားများနှာခေါင်းစည်းတပ်ရန်အစီအစဉ်ကို ထရမ့်က အစောပိုင်းတွင် ဝန်လေးခဲ့ပြီးနောက်ပိုင်း တွင် ပို၍နှာခေါင်းစည်းတပ်ကြရန် တိုက်တွန်းနေသည်။

မကြာသေးခင်ကပြုလုပ်ခဲ့သည့် လူအများအပြားတက်ရောက်သည့်ထရမ့်၏အခမ်းအနားများတွင် တက် ေရာက်သူများ မျက်နှာကိုအကာအကွယ်များမဝတ်ဆင်လာကြချေ။

Ref : ‘He was confused’: Trump contradicts CDC director on vaccine, masks

#PeopleMedia


Share this post