• Follow Us on

Home ထရမ့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ COVID-19 တံု႔ျပန္ေရးအေပၚ ဘုိင္ဒန္ အာရံုစိုက္မဲဆြယ္စည္း႐ံုး

ထရမ့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ COVID-19 တံု႔ျပန္ေရးအေပၚ ဘုိင္ဒန္ အာရံုစိုက္မဲဆြယ္စည္း႐ံုး

Share this post

၀ါ႐ွင္တန္၊ ေအာက္တိုဘာ ၅
 
အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ စစ္ေဆး႐ံုတစ္႐ံုတြင္ ကုသမႈခံယူ ေနခ်ိန္ ဒီမိုကရတ္ပါတီမွအမတ္ေလာင္း ဂ်ိဳးဘိုင္ဒန္က COVID-19 ေရာဂါတံု႔ျပန္ေရးအေပၚ အာ႐ံုစိုက္ မဲဆြယ္ရန္စီစဥ္ေနသည္ဟု သူ၏ေ႐ြးေကာက္ပြဲေအာင္ႏုိင္ေရးအဖြဲ႔က တနဂၤေႏြေန႔ကေျပာသည္။
 
ၿပီးခဲ့သည့္တစ္ပတ္ အဂၤါေန႔က ထရမ့္ႏွင့္စကားစစ္ထိုးခဲ့သည့္ဘိုင္ဒန္၏ဒုတိယအႀကိမ္ကို႐ိုနာဗိုင္းရပ္စ္စစ္ ေဆးမႈတြင္လည္း ကူးစက္ခံရသည္ဟု အေျဖမထြက္ခဲ့ေခ်။
 
ဘိုင္ဒန္ႏွင့္ဇနီးဂ်ီးလ္တို႔က တနလၤာေန႔တြင္ ဖေလာ္ရီဒါျပည္နယ္၌ လူကိုယ္တိုင္မဲဆြယ္ရန္႐ွိေနသည္။
 
ထရမ့္ျမန္ျမန္ျပန္လည္သက္သာေစရန္ ဘိုင္ဒန္ကဆုေတာင္းေပးေသာ္လည္း ကူးစက္ခံရသည့္ျဖစ္ရပ္ေၾကာင့္ ဘိုင္ဒန္သမၼတျဖစ္လာပါက ကမာၻ႔ကပ္ေရာဂါကို ယခုထက္ပိုမုိကာကြယ္ႏိုင္မည္ဆိုသည့္သတင္းစကားကို မဲဆႏၵ႐ွင္မ်ားထံေပးရန္ သူ႔ေအာင္ႏုိင္ေရးအဖြဲ႔ကအသံုးျပဳေနသည္။
 
အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၇.၄ သန္း႐ွိေနၿပီး ေသဆံုးသူ ၂၀၉၀၀၀ ေက်ာ္႐ွိေနသည္။
 
မဲေပးရမည့္ေန႔တြင္လူမ်ားစြာႏွင့္ထိေတြ႔ရမွွ်ဗိုင္းရပ္စ္ကူးစက္ခံရမည္ကိုစိုးရိမ္သျဖင့္ တနဂၤေႏြေန႔အထိ အေမရိကန္ျပည္ေထာင္စုတခြင္တြင္ လာမည့္လတြင္က်င္းပမည္ျဖစ္ၿပီး သမၼတထရမ့္ႏွင့္ ဘိုင္ဒန္တို႔ ပါ၀င္ယွဥ္ၿပိဳင္ရမည့္သမၼတေ႐ြးေကာက္ပြဲအတြက္ စာတိုက္မွမဲေပးသူ ၃.၃ သန္းေက်ာ္႐ွိေနသည္ဟု ဖေလာ္ရီဒါျပည္နယ္တကၠသိုလ္၏ေ႐ြးေကာက္ပြဲစီမံကိန္းအဖြဲ႔ကေျပာသည္။
 
Ref : After Trump tests positive, Biden campaign seeks to keep focus on COVID-19 response
 
#Peoplemedia
 
(Unicode)
ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် COVID-19 တုံ့ပြန်ရေးအပေါ် ဘိုင်ဒန် အာရုံစိုက်မဲဆွယ်စည်းရုံး
…………………………………………………
 
၀ါရှင်တန်၊ အောက်တိုဘာ ၅
 
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် စစ်ဆေးရုံတစ်ရုံတွင် ကုသမှုခံယူ နေချိန် ဒီမိုကရတ်ပါတီမှအမတ်လောင်း ဂျိုးဘိုင်ဒန်က COVID-19 ရောဂါတုံ့ပြန်ရေးအပေါ် အာရုံစိုက် မဲဆွယ်ရန်စီစဉ်နေသည်ဟု သူ၏ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က တနင်္ဂနွေနေ့ကပြောသည်။
 
ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့က ထရမ့်နှင့်စကားစစ်ထိုးခဲ့သည့်ဘိုင်ဒန်၏ဒုတိယအကြိမ်ကိုရိုနာဗိုင်းရပ်စ်စစ် ဆေးမှုတွင်လည်း ကူးစက်ခံရသည်ဟု အဖြေမထွက်ခဲ့ချေ။
 
ဘိုင်ဒန်နှင့်ဇနီးဂျီးလ်တို့က တနင်္လာနေ့တွင် ဖလော်ရီဒါပြည်နယ်၌ လူကိုယ်တိုင်မဲဆွယ်ရန်ရှိနေသည်။
 
ထရမ့်မြန်မြန်ပြန်လည်သက်သာစေရန် ဘိုင်ဒန်ကဆုတောင်းပေးသော်လည်း ကူးစက်ခံရသည့်ဖြစ်ရပ်ကြောင့် ဘိုင်ဒန်သမ္မတဖြစ်လာပါက ကမ္ဘာ့ကပ်ရောဂါကို ယခုထက်ပိုမိုကာကွယ်နိုင်မည်ဆိုသည့်သတင်းစကားကို မဲဆန္ဒရှင်များထံပေးရန် သူ့အောင်နိုင်ရေးအဖွဲ့ကအသုံးပြုနေသည်။
 
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇.၄ သန်းရှိနေပြီး သေဆုံးသူ ၂၀၉၀၀၀ ကျော်ရှိနေသည်။
 
မဲပေးရမည့်နေ့တွင်လူများစွာနှင့်ထိတွေ့ရမျှှဗိုင်းရပ်စ်ကူးစက်ခံရမည်ကိုစိုးရိမ်သဖြင့် တနင်္ဂနွေနေ့အထိ အမေရိကန်ပြည်ထောင်စုတခွင်တွင် လာမည့်လတွင်ကျင်းပမည်ဖြစ်ပြီး သမ္မတထရမ့်နှင့် ဘိုင်ဒန်တို့ ပါဝင်ယှဉ်ပြိုင်ရမည့်သမ္မတရွေးကောက်ပွဲအတွက် စာတိုက်မှမဲပေးသူ ၃.၃ သန်းကျော်ရှိနေသည်ဟု ဖလော်ရီဒါပြည်နယ်တက္ကသိုလ်၏ရွေးကောက်ပွဲစီမံကိန်းအဖွဲ့ကပြောသည်။
 
Ref : After Trump tests positive, Biden campaign seeks to keep focus on COVID-19 response
 
#Peoplemedia

Share this post