• Follow Us on

Home ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တစညပါတီဥက္ကဋ္ဌ တိုက်တွန်း

ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တစညပါတီဥက္ကဋ္ဌ တိုက်တွန်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ (People Media)

 

ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူ မျှတစွာဖြင့် အတူတကွလက်တွဲဆောင်ရွက်ကြရန် တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီမှ ဥက္ကဋ္ဌ ဦးဟန်ရွှေမှ တိုက်တွန်းနှိုးဆော်လိုက်သည်။

 

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ပါတီဝင်များထံ ပေးပို့သည့် တစညပါတီဥက္ကဋ္ဌ ဦးဟန်ရွှေမှ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

 

“နှစ်ပေါင်း(၇၀)ကျော် ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခအပေါင်းကို စာနာပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့် နှေးလျက်ရှိတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ပင်လုံစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်အပြည့်အဝနဲ့ ပါဝင် လက်မှတ်ရေးထိုးကြရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။

 

သို့ဖြစ်၍ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အပေးအယူမျှတစွာ အတူတကွ လက်တွဲဆောင်ရွက်ကြရန် တိုင်းရင်းသားပြည်သူများ၏ လက်ရှိ ပကတိအခြေအနေကို ကိုယ်စားပြု၍ တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဦးဟန်ရွှေက ဆက်လက်ပြောသည်။

 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နယ်မြေတည်ရှိမှုတို့နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်နှင့် စိတ်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ကျော်လွှားရာတွင် ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်ဟူသော အခြေခံမူအပေါ်တွင် အခိုင်အမာ ရပ်တည်ကြရမည်ဖြစ်ကြောင်း၊ သို့ပါ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာ တည်ဆောက်ခြင်းဖြင့် ပြည်တွင်းအားကို ရယူကာ ပြည်တွင်းပြည်ပ စိတ်ခေါ်မှုမှန်သမျှကို တွန်းလှန်ဖယ်ရှားပြီး နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးနှင့် ဖွံဖြိုးတိုး တက်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပင်လုံစိတ်ဓာတ် အခြေခံဖြင့် အတူတကွ လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ်ကြောင်း တစညပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။

 

#PeopleMedia #တစည

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post