• Follow Us on

Home ထားဝယ်ခရိုင် ကောင်စီဝင်တစ်ဦး သေနတ်ဖြင့် (၁၀) ချက် ပစ်ခံရ

ထားဝယ်ခရိုင် ကောင်စီဝင်တစ်ဦး သေနတ်ဖြင့် (၁၀) ချက် ပစ်ခံရ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၂ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးညီညီအောင်ကို ယနေ့နံနက် ၈ နာရီ အချိန်ခန့်တွင် သေနတ်ဖြင့် (၁၀) ချက် ပစ်ခံရကြောင်း ထားဝယ်မြို့ နေထိုင်သူများထံမှ သိရသည်။

 

ဦးညီညီအောင်သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက် တရုတ်တန်းလမ်းမှာရှိသည့် လမင်းဟန်လက်ဖက်ရည်ဆိုင်ရှေ့တွင် ရှိနေစဉ် အမည်မသိသူတစ်ချို့က သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်ခံရသည့်အတွက် ဦးညီညီအောင်ကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရ သည်။

 

ဦးညီညီအောင်ဆိုသူမှာ NLD အစိုးရလက်ထက်တွင် ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သလို ယခု န-စ-ကအစိုးရလက်ထက်တွင်လည်း အုပ်ချုပ်ရေးပိုင်းတွင် ဆက်လက်တာဝန်ယူဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး၊ ထားဝယ်ပြောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့မှ စစ်ကောင်စီ သတင်းပေး(ဒလံ အကြီးစား) ဦးညီညီအောင်အား ထားဝယ်မြို့ တရုတ်တန်းလမ်းတွင် သေနတ်ဖြင့် ဦးခေါင်းအား ၁၀ ချက်တိတိ ဆက်တိုက် ပစ်ခတ်၍ ရှင်းလင်းသုတ်သင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီလက်ပါးစေ(ဒလံအကြီးစား) ဦးညီညီအောင်သည် ထားဝယ်မြို့အတွင်း သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင်အများပြားနှင့် တော်လှန်ရေးသူရဲကောင်းများကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းခြင်း ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ရန် ထောက်လှမ်းသတင်းပေးနေသည့်အပြင် ရာထူးအာဏာရရှိရေးအတွက် စစ် ကောင်စီလက်အောက်ခံ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတစ်ဦးဖြစ်ကြောင်း မိမိတို့အနေဖြင့် သတင်းအတိအကျ ရရှိခြင်း စစ်ဆေးတွေ့ရှိခြင်းတို့ကြောင့် သုတ်သင်ရှင်းလင်းရခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့မှ ထုတ်ပြန်ထား သည်။

 

Photo – credit

 

#PeopleMedia #တနင်္သာရီတိုင်း

 

(unicode)


………………………………………………………….

 


 


 


 


 


 


 

Photo – credit

 



Share this post