• Follow Us on

Home ထားဝယ်တွင် နေထိုင်သည့် ဦးဖေလွင်အား ဒလန်ဟု မတရားစွပ်စွဲခံရ၍ ပစ်သတ်ခဲ့ခြင်းအပေါ် တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရန် DDF အဖွဲ့အား ထားဝယ်ခရိုင်သပိတ်ကော်မတီမှ တောင်းဆို

ထားဝယ်တွင် နေထိုင်သည့် ဦးဖေလွင်အား ဒလန်ဟု မတရားစွပ်စွဲခံရ၍ ပစ်သတ်ခဲ့ခြင်းအပေါ် တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရန် DDF အဖွဲ့အား ထားဝယ်ခရိုင်သပိတ်ကော်မတီမှ တောင်းဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ထားဝယ်ခရိုင်၊ ပကာရီကျေးရွာအုပ်စု၊ လိပ်ကြယ်ပြောင်ရွာ‌နေ ဦးဖေလွင်အား ဒလန်ဟု မတရားစွပ်စွဲ၍ ပစ် သတ်ခဲ့ခြင်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရန် DDF(Dawei Defense Force) အဖွဲ့အား ထားဝယ်ခရိုင် သပိတ်ကော်မတီမှ တောင်းဆိုလိုက်သည်။

 

ထားဝယ်ခရိုင်၊ ကာရီကျေးရွာအုပ်စု၊ လိပ်ကြယ်ပြောင်ရွာ‌နေ ဦးဖေလွင်သည် ဒလန်ဟု မတရားစွပ်စွဲခံရ၍ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့၏ လက်ချက်ဖြင့် နေအိမ်၌ ပစ်သတ်ခြင်းခံခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ DDF(Dawei Defense Force)မှ ဦးဖေလွင်အား ဖေဖော်ဝါရီလ ၂၁ရက်နေ့၊ ညနေ(၃)နာရီ အချိန်တွင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်း၍ DDF တပ်ဖွဲ့ဝင်ရဲဘော်များမှ ပူးပေါင်းရှင်းလင်းသုတ်သင်ခဲ့သည်ဟု လူမှုကွန်ယက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

DDF တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူတစ်ဦးအား ခိုင်လုံသည့် မည်သည့်သက်သေ အထောက်အထားမျှမရှိဘဲ ဒလန်ဟုစွပ်စွဲပြီး မဆင်မခြင်သတ်ဖြတ်ခြင်းသည် သေဆုံးသူမိသားစု၏ လူ့ဂုဏ်သိက္ခာကို ထိပါးစော်ကားရာ ရောက်သည့်အပြင် ပြည်သူလူထုတရပ်လုံး၏ ခုခံတော်လှန်စစ် ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည်ဟု ကျွန်ုပ်တို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ မှတ်ယူကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် ပြည်သူတစ်ဦးအား တရားမဲ့လက်နက်ကိုင် သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ DDF အနေဖြင့် တာဝန်ယူ မှု၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးပါရန် တောင်းဆိုကြောင်း၊ ထို့အပြင် ထားဝယ်ခရိုင်အတွင်းရှိ အခြား ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး အထူးအလေးထား ဆောင် ရွက်ကြပါရန် တိုက်တွန်းအပ်ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post