• Follow Us on

Home ထားဝယ်မြို့နယ်ရှိ PDF အခြေစိုက်စခန်းတစ်ခု ရှင်းလင်းခံရ

ထားဝယ်မြို့နယ်ရှိ PDF အခြေစိုက်စခန်းတစ်ခု ရှင်းလင်းခံရ

Share this post

ထားဝယ်၊ ဒီဇင်ဘာ ၂၂ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ PDF စခန်းတစ်ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်နေ့က ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။

 

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ခေါင်တိုင်ပြင်ရွာအနီးရှိ PDF စခန်းကို သက်ဆိုင်ရာက ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီအချိန်က ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

“လက်နက်သံတွေကတော့ မောင်မယ်ရှောင်ကျေးရွာဘက်က တော်တော်ကြားရတယ်။ မနေ့ကတော့ အဲ့ဒီ ဖြစ်တဲ့နေရာမှာပဲ PDF ဘက်က လူတချို့လည်း ဖမ်းမိတယ်လို့ ကြားပါတယ်။ အသေးစိတ်အခြေအနေတော့ မသိသေးဘူး” ဟု ထားဝယ်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။

 

အဆိုပါ PDF စခန်း ရှင်းလင်းခံရပြီးနောက် PDF တို့ အသုံးပြုသည့် သေနတ်များ၊ လက်လုပ်ဗုံးများနှင့် ဖောက်ခွဲရေးပစ္စည်းတချို့ကို သက်ဆိုင်ရာက ယူဆောင်သွားခဲ့သလို စခန်းကိုလည်း မီးရှို့ခဲ့ပါတယ်။

 

Photo – ထားဝယ် PDF

 

#PeopleMedia #PDF #ထားဝယ်

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post