• Follow Us on

Home ထားဝယ်မြို့နယ်၌ လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေး လုပ်ငန်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုး

ထားဝယ်မြို့နယ်၌ လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေး လုပ်ငန်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဖောင်းတောချောင်းတွင် တည်ရှိသည့်ရေအားလျှပ်စစ်အဆင့်မြှင့် တင် ခြင်းနှင့် လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာရေးလုပ်ငန်း ဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း MOU လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ခဲ့ပြီး၊ ယင်း စီမံကိန်းများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီလီမိတက်တို့အကြား MOU လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်မြို့မှ(၂၁)မိုင်ခန့်အကွာတွင်ရှိ သော ဖောင်းတောရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား အဆင့်မြင့်ပြီး ထားဝယ်ခရိုင်အတွင်းရှိ ဆက်စပ် သောမြို့နယ်များအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားအလုံအလောက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းချိုသာစွာရရှိရေး ဖြစ်နိုင်ချေရှိ/မရှိ လက်မှတ်ရေးထိုးသောအခမ်းအနားဖြစ်ကြောင်း၊ ဖောင်းတောရေ အား လျှပ်စစ်စီမံကိန်းကို ၂၀၁၀-၂၀၁၅ ခုနှစ်ကတည်းက လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ထားပြီး အကြောင်း အမျိုးမျိုးကြောင့်နှောင်းနှေးကြန့်ကြာခဲ့ရကြောင်း၊ ဖောင်းတောရေအားလျှပ်စစ်ကို ၁၉၃၉ ခုနှစ်က စတင် လည်ပတ်ခဲ့ပြီး အသုံးပြုထားသောပစ္စည်းများ စွမ်းအားကျဆင်းလာပြီဖြစ်သဖြင့် နည်းပညာများပိုမိုအဆင့်မြင့် သည့်စက်များဖြင့် အစားထိုးတပ်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောသည်။

 

လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လုပ်ဆောင်မည်ဆိုပါက ဒီဇင်ဘာလတွင်လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ရေအားဖြင့် လည်ပတ်ရသောကြောင့် ရာသီဥတု အပေါ် မူတည်ပြီး မိုးရေချိန်အနည်းအများအပေါ် မူတည်သည့်အတွက် နွေရာသီတွင်ကြိုတင်ပြင်ဆင်ထား ရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြစ်မြောက်အောင်မြင်ရေးအတွက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး ရန်လိုအပ်ပြီး သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့်လည်း အားတက်သရောဖြင့် သတ်မှတ်သည့်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကိုက ပြောကြားသည်။

 

#PeopleMedia #ထားဝယ်မြို့နယ်လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post