• Follow Us on
Latest News

Home ထားဝယ်မြို့ PDF အခြေစိုက်စခန်း စီးနင်းခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရ

ထားဝယ်မြို့ PDF အခြေစိုက်စခန်း စီးနင်းခံရပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရ

Share this post

ရန်ကုန်၊ ဩဂုတ် ၃၁ (People Media)

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကြက်စားပြင်အနီးရှိ ဓနီတောအတွင်းရှိ ထားဝယ် PDF အခြေစိုက်စခန်းကို လုံခြုံရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

 

“စက်လှေတွေ၊ စခန်းတွေ၊ အခြားဆက်စပ်တာတွေနဲ့ လက်နတ်တွေပါတယ်။ ဒီလ ၂၆ ရက်နေ့ကနေ စတင် ရှာဖွေပြီး ဒီရက်ပိုင်းမှာ တွေ့ရှိခဲ့တာပါ။ လူလည်းမိပါတယ်။ ကျား/မ ပါ ပါတယ်။ ဆက်လက်ပြီး ရှာဖွေဖို့ ရှိပါ တယ်” လို့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

ထိုကဲ့သို့ စီးနင်းရာ၌ PDF အဖွဲ့ဝင်အချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး PDF အဖွဲ့၏ အထိုင်စခန်းနှင့် အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်များ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့၌ တနင်္သာရီတိုင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒု-ညွှန်မှူး ဦးသောင်းတန်နှင့် ဝန်ထမ်းတစ်ဦးကို ထားဝယ် PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်ခဲ့သည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်မတော်ထောက် ခံသူများသည် နေ့စဉ် လုပ်ကြံသတ်ဖြတ်မှုခံရလျက်ရှိသည်။

 

Photo – ထားဝယ် PDF

 

#PeopleMedia #ထားဝယ်PDF

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 



Share this post