• Follow Us on

Home ထားဝယ်အထူးစီးပွားရေးဇုန်အရေး ဆက်လက်တိုက်တွန်းမည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်ကတိပြု

ထားဝယ်အထူးစီးပွားရေးဇုန်အရေး ဆက်လက်တိုက်တွန်းမည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်ကတိပြု

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အချိန်ကြာမြင့်စွာရွှေ့ဆိုင်းထားရသည့်ထားဝယ်အထူးစီးပွားရေးဇုန် DSEZ စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်မည်ဖြစ်ပြီး မြန်မာ၊ ထိုင်းနှင့် ဂျပန်တို့ ၃ ပွင့်ဆိုင်အစည်းအဝေးပြုလုပ်ပြီး အတားအဆီးများကိုဖြေရှင်းရေးနည်း လမ်းများရှာဖွေရန် တိုက်တွန်းမည်ဟု ထိုင်းအစိုးရကပြောသည်။
 
လာမည့် JHC အစည်းအဝေးမတိုင်မီ ထိုင်းအစိုးရအေဂျင်စီများက အဖြေများရှာဖွေနေကြကြောင်း DSEZ အတွက် ထိုင်း-မြန်မာပူးတွဲအဆင့်မြင့်ကော်မတီ JHC ဥက္ကဋ္ဌ ထိုင်းဒုတိယဝန်ကြီးချုပ် ဆူပတ်တာနာပေါင် ပန်မီချာအိုကပြောသည်။
 
JHC ကအတည်ပြုသည့်ဆုံးဖြတ်ချက်များကို ၃ ပွင့်ဆိုင်အစည်းအဝေးတွင် အဆိုပြုမည်ဖြစ်ကြောင်းလည်း မစ္စတာ ဆူပတ်တာနာပေါင်ကပြောသည်။
 
မြန်မာနယ်စပ်နှင့်ထိုင်းနိုင်ငံကိုချိတ်ဆက်ပေးသည့် ဘန်ယိုင်-ကန်ချာနာဘူရီကားလမ်းပြီးဆုံးလုနီးပါးရှိနေပြီး ထိုလမ်းသည် ထားဝယ်နှင့် ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်ရှိပင်လယ်ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်ပေးရန်ရည်ရွယ်သည်ဟု လည်းပြောသည်။
 
ကန်ချာနာဘူရီခရိုင်ရှိ ဘန်ဖူနမ်ရွန်နှင့် ထားဝယ်စီမံကိန်းတို့ကိုချိတ်ဆက်ပေးသည့်လမ်းဖောက်ရန် ထိုင်းအစိုးရ၏ပူးပေါင်း ဆောင်ရွက်မှုလည်း ရှိနေကြောင်း မစ္စတာ ဆူပတ်တာနာပေါင် ကပြောသည်။
 
“ထိုင်းအစိုးရရဲ့မူဝါဒကတော့ မဟာဗျူဟာမြောက်စီမံကိန်းကိုထောက်ခံတယ်။
 
အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်မှာကိုး” ဟုလည်း ပြောသည်။
 
Ref : Government pledges to press on with DSEZ
 
#PeopleMedia
 
(unicode)
………………………………………………..
 
 
 
 
 
 
 
 
 
Ref : Government pledges to press on with DSEZ
 
#PeopleMedia

Share this post