• Follow Us on
Latest News

Home ထားဝယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုညွှန်မှူးအပါအဝင် ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ

ထားဝယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုညွှန်မှူးအပါအဝင် ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန် ထမ်းတစ်ဦး အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်ခြင်းခံရခဲ့ရကြောင်း သိရသည်။

 

အဆိုပါ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာလေ့ကျင့်ရေးဦးစီးဌာန ခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းတန် နှင့် ဝန်ထမ်းတစ်ဦးတို့သည် သြဂုတ်လ ၂၈ ရက်နေ့တွင် ပျောက်ဆုံးခဲ့ပြီးနောက် လိုက်လံရှာဖွေရာတွင် သြဂုတ် လ ၂၉ ရက်နေ့တွင် အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ရှာဖွေတွေ့ရှိရာတွင် သေဆုံးသူနှစ်ဦးကို အဝတ်များချွတ်လျက် လက်ပြန်ကြိုးတုပ်ကာ ရေကန်အစပ်နား တွင် သေဆုံးလျက်ရှိသည်။

 

လက်ရှိအချိန်၌ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရပ်ကျေးအဖွဲ့ဝင်များ အပါအဝင် တပ်မတော်ထောက်ခံသူများပါ နေ့စဉ်လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိသည်။

 

#PeopleMedia #ထားဝယ် #နယ်စပ်ရေးရာ

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post