• Follow Us on

Home ထိန္းသိမ္းထားသည့္မြတ္ဆလင္မ်ားကို အေမရိကန္လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္ဌာနက အတင္း အဓမၼ၀က္သားေကၽြးေနဟု ေ႐ႊ႕ေျပာင္းအေျခခ်သူအေရးလႈပ္႐ွားသူမ်ားစြပ္စြဲ

ထိန္းသိမ္းထားသည့္မြတ္ဆလင္မ်ားကို အေမရိကန္လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္ဌာနက အတင္း အဓမၼ၀က္သားေကၽြးေနဟု ေ႐ႊ႕ေျပာင္းအေျခခ်သူအေရးလႈပ္႐ွားသူမ်ားစြပ္စြဲ

Share this post

မီယာမီ၊ ၾသဂုတ္ ၂၀

အေမရိကန္ႏိုင္ငံမွ ဖေလာ္ရီဒါျပည္နယ္၊ မီယာမီၿမိဳ႕႐ွိထိန္းသိမ္းေရးစခန္းတစ္ခုတြင္ ထိန္းသိမ္းထားသည့္ မြတ္ဆလင္မ်ားကို ၀က္သားမ်ာေကၽြးေနၾကၿပီး ကိုးကြယ္မႈႏွင့္အငတ္ေဘး ၂ ခုအနက္မွတစ္ခုကို ေ႐ြးခ်ယ္ရန္ အတင္းအၾကပ္ေစခိုင္းေနၾကသည္ဟု ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားအေရးလႈပ္႐ွားသူမ်ားက ဗုဒၶဟူးေန႔တြင္ စြပ္စြဲသည္။

မီယာမီၿမိဳ႕႐ွိ ခ႐ိုမီထိန္းသိမ္းေရးစင္တာတြင္ ထိန္းသိမ္းထားသည့္မြတ္ဆလင္မ်ားကို အေမရိကန္လူ၀င္မႈႀကီး ၾကပ္ေရးႏွင့္အေကာက္ခြန္ဌာန(ICE)ႏွင့္အရာ႐ွိမ်ားက ၀က္သားအေျချပဳအစားအစာမ်ားကို ေကၽြးေနသည္ဟု ၾသဂုတ္ ၁၈ ရက္ရက္စြဲတပ္ထားသည့္ေပးစာတြင္ စြပ္စြဲထားျခင္းျဖစ္သည္။

“အဲဒီအစားအစာေတြကိုလက္ခံဖို႔ မြတ္ဆလင္ထိန္းသိမ္းခံရသူေတြကို အတင္းအဓမၼေျပာေနပါတယ္။ ဘာလို႔လဲ ဆိုရင္ ICE ကေကၽြးတဲ့ ဘာသာေရးနဲ႔ကိုက္ညီတဲ့ဟလာ္အစားအစာေတြဟာ ရက္လြန္ၿပီးပုပ္ေနတာေတြမို႔လို႔ပါ” ဟု စာတြင္ေဖာ္ျပသည္။

ICE ႏွင့္ အေမရိကန္အမိေျမလံုျခံဳေရး၀န္ႀကီးဌာနထံလိပ္မူထားသည့္ေပးစာကို မြတ္ဆလင္ေ႐ႊ႕ေျပာင္းအေျခ မ်ားအေရးေဆာင္႐ြက္ၾကသူမ်ားႏွင့္ ေ႐ွ႕ေနမ်ား၊ Americans for Immigrant Justice အဖြဲ႔ႏွင့္ အတၱလန္တာ ၿမိဳ႕အေျခစိုက္ ကင္းႏွင့္စပယ္လ္ဒင္းဥပေဒအက်ိဳးေဆာင္အဖြဲ႔တို႔က လက္မွတ္ေရးထိုးထားသည္။

“တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ ႀကိဳတင္ျပင္ဆင္ထားတဲ့အစားအစာေတြမွာ ၀က္သားေတြပါေနပါတယ္။” ဟု ေ႐ွ႕ေနမ်ားကေျပာသည္။ “ဒါ့ေၾကာင့္ မြတ္ဆလင္ထိန္းသိမ္းခံေတြဟာ တစ္ပတ္မွာ ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ ဘာသာေရးယံုၾကည္မႈနဲ႔ အစားအစာတို႔ၾကားေ႐ြးခ်ယ္ေနရပါတယ္။”ဟုလည္းေျပာသည္။

အဆင္မေျပေၾကာင္းတိုင္ၾကားမႈမ်ားကိုလည္း တမင္ရည္႐ြယ္ၿပီးမသိက်ိဳးကၽြံျပဳထားသည္ဟု စာတြင္ပါ၀င္သည္။

ထိုစခန္းသည္ ယခင္က စစ္အေျခစိုက္စခန္းေဟာင္းတစ္ခုျဖစ္ၿပီး COVID-19 မျဖစ္ပြားခင္က လူ ၆၅၀ ခန္႔ကို ထိန္းသိမ္းထားေၾကာင္း USA Today သတင္းတြင္ေဖာ္ျပသည္။

Ref : ICE is forcing Muslim detainees to eat pork, immigrant advocates allege

#PeopleMedia

(unicode)
ထိန်းသိမ်းထားသည့်မွတ်ဆလင်များကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနက အတင်း အဓမ္မဝက်သားကျွေးနေဟု ရွှေ့ပြောင်းအခြေချသူအရေးလှုပ်ရှားသူများစွပ်စွဲ
…………………………………………………

မီယာမီ၊ ဩဂုတ် ၂၀

အမေရိကန်နိုင်ငံမှ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့ရှိထိန်းသိမ်းရေးစခန်းတစ်ခုတွင် ထိန်းသိမ်းထားသည့် မွတ်ဆလင်များကို ဝက်သားမျာကျွေးနေကြပြီး ကိုးကွယ်မှုနှင့်အငတ်ဘေး ၂ ခုအနက်မှတစ်ခုကို ရွေးချယ်ရန် အတင်းအကြပ်စေခိုင်းနေကြသည်ဟု ရွှေ့ပြောင်းအခြေချသူများအရေးလှုပ်ရှားသူများက ဗုဒ္ဓဟူးနေ့တွင် စွပ်စွဲသည်။

မီယာမီမြို့ရှိ ခရိုမီထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းထားသည့်မွတ်ဆလင်များကို အမေရိကန်လူဝင်မှုကြီး ကြပ်ရေးနှင့်အကောက်ခွန်ဌာန(ICE)နှင့်အရာရှိများက ဝက်သားအခြေပြုအစားအစာများကို ကျွေးနေသည်ဟု ဩဂုတ် ၁၈ ရက်ရက်စွဲတပ်ထားသည့်ပေးစာတွင် စွပ်စွဲထားခြင်းဖြစ်သည်။

“အဲဒီအစားအစာတွေကိုလက်ခံဖို့ မွတ်ဆလင်ထိန်းသိမ်းခံရသူတွေကို အတင်းအဓမ္မပြောနေပါတယ်။ ဘာလို့လဲ ဆိုရင် ICE ကကျွေးတဲ့ ဘာသာရေးနဲ့ကိုက်ညီတဲ့ဟလာ်အစားအစာတွေဟာ ရက်လွန်ပြီးပုပ်နေတာတွေမို့လို့ပါ” ဟု စာတွင်ဖော်ပြသည်။

ICE နှင့် အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနထံလိပ်မူထားသည့်ပေးစာကို မွတ်ဆလင်ရွှေ့ပြောင်းအခြေ များအရေးဆောင်ရွက်ကြသူများနှင့် ရှေ့နေများ၊ Americans for Immigrant Justice အဖွဲ့နှင့် အတ္တလန်တာ မြို့အခြေစိုက် ကင်းနှင့်စပယ်လ်ဒင်းဥပဒေအကျိုးဆောင်အဖွဲ့တို့က လက်မှတ်ရေးထိုးထားသည်။

“တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ကြိုတင်ပြင်ဆင်ထားတဲ့အစားအစာတွေမှာ ဝက်သားတွေပါနေပါတယ်။” ဟု ရှေ့နေများကပြောသည်။ “ဒါ့ကြောင့် မွတ်ဆလင်ထိန်းသိမ်းခံတွေဟာ တစ်ပတ်မှာ ၂ ကြိမ် ၃ ကြိမ်လောက် ဘာသာရေးယုံကြည်မှုနဲ့ အစားအစာတို့ကြားရွေးချယ်နေရပါတယ်။”ဟုလည်းပြောသည်။

အဆင်မပြေကြောင်းတိုင်ကြားမှုများကိုလည်း တမင်ရည်ရွယ်ပြီးမသိကျိုးကျွံပြုထားသည်ဟု စာတွင်ပါဝင်သည်။

ထိုစခန်းသည် ယခင်က စစ်အခြေစိုက်စခန်းဟောင်းတစ်ခုဖြစ်ပြီး COVID-19 မဖြစ်ပွားခင်က လူ ၆၅၀ ခန့်ကို ထိန်းသိမ်းထားကြောင်း USA Today သတင်းတွင်ဖော်ပြသည်။

Ref : ICE is forcing Muslim detainees to eat pork, immigrant advocates allege

#PeopleMedia


Share this post