• Follow Us on

Home ထိုင်ဝမ်ကာကွယ်ရေးကို အားဖြည့်ပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတပြော

ထိုင်ဝမ်ကာကွယ်ရေးကို အားဖြည့်ပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကာကွယ်ရေးကို အားဖြည့်ပေးရမည်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံကို ကာကွယ် ရန် သံန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာလ ၂၁ ရက်နေ့ကပြော ကြားလိုက်သည်။

 

“ထိုင်ဝမ်နိုင်ငံကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချထားပြီးသားပါ” ဟု ဂျိုးဘိုင်ဒန်ကပြောသည်။ CNN  ရုပ်သံအစီအစဉ်တစ်ခုအတွက်အင်တာဗျူးမေးမြန်းရာ တရုတ်နိုင်ငံက ၎င်းတို့၏ အချုပ်အခြာအာဏာကို အသိ အမှတ်ပြုရန် ဖိအားပေးတောင်းဆိုနေချိန် အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်နိုင်ငံအား စစ်ရေးအရ အ ကူအညီပေးရန်ရှိမရှိ မေးမြန်းရာတွင် ဂျိုးဘိုင်ဒန်က ယခုလိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ထိုင်ဝမ်နိုင်ငံအား တရုတ်နိုင်ငံက တိုက်ခိုက်လာပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်နိုင်ငံကို ကာ ကွယ်သွားရန် အမေရိကန်သမ္မတကအကြံပေးခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်နိုင်ငံ၏ မူဝါဒမှာ ပြောင်းလဲမှုမရှိကြောင်း သြဂုတ်လတွင် ဂျိုးဘိုင်ဒန်အစိုးရက ပြောကြားခဲ့သည်။

 

“ထိုင်ဝမ်နိုင်ငံနဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆက်ဆံမှုဟာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေက ပြဋ္ဌာန်းထားတဲ့ အတိုင်းပဲဖြစ်ပါတယ်။ အဲဒီအက်ဥပဒေအရ ကျွန်တော်တို့ကတိကဝတ်တွေကို ကျွန်တော်တို့လိုက်နာစောင့်ထိန်း သွားမှာပဲဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံကာကွယ်ရေးအတွက် ကျွန်တော်တို့ ဆက်လက်ထောက်ပံ့သွားမှာဖြစ်သလို  လက်ရှိအခြေအနေတွေကို တစ်ဖက်သတ်ပြောင်းလဲသွားမယ့် ဘယ်လိုပြောင်းလဲမှုမျိုးကိုမဆို ကျွန်တော်တို့အ နေနဲ့ ဆက်လက်ဆန့်ကျင်သွားမှာပဲဖြစ်ပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

 

တရုတ်၊ ရုရှားနှင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများအားလုံးက အမေရိကန်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံဖြစ်ကြောင်းသိထားသည့်အတွက် အမေရိကန်၏စစ်အင်အားနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိရန် ဂျိုးဘိုင်ဒန် ကပြောသည်။

 

“ခင်ဗျားတို့ အမှန်တကယ်စိုးရိမ်ရမယ့်အရာက သူတို့ (တရုတ်) တွေ အမှားကြီးမှားမိနိုင်တဲ့ လုပ်ရပ်တွေကို လုပ် မိမလား မလုပ်ဘူးလားဆိုတာကိုပဲ စိုးရိမ်ရမှာပါ။ ကျွန်တော်ကတော့ တရုတ်နိုင်ငံနဲ့ စစ်အေးတိုက်ပွဲမဆင်နွှဲချင် ပါဘူး။ တရုတ်ကိုနားလည်စေချင်တာက ကျွန်တော်တို့ နောက်ပြန်ဆုတ်မှာမဟုတ်ဘူးဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာပါပဲ” ဟု ဘိုင်ဒန်ကပြောသည်။

 

ထိုင်ဝမ်နိုင်ငံနှင့် တရုတ်နိုင်ငံကြား စစ်ရေးအရတင်းမာမှုများမြင့်တက်လာမှုမှာ အနှစ် ၄၀ အတွင်း အဆိုးဆုံး အ ခြေအနေသို့ဆိုက်ရောက်လာခဲ့ကြောင်း၊ ၂၀၂၅ ခုနှှစ်တွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို အင်အားအလုံးအရင်း  နှင့် ကျူးကျော်လာနိုင်ဖွယ်ရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချီယူကူအိုချောင်က ယခုလအတွင်းက ပြော ကြားခဲ့သည်။

 

Ref: Biden says U.S. would come to Taiwan’s defense

 

#PeopleMedia #International

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Biden says U.S. would come to Taiwan’s defense

 

#PeopleMedia #International


Share this post