• Follow Us on

Home ထိုင်ဝမ်ကိုကျူးကျော်လာမယ်ဆိုရင် ယူကရိန်းကျူးကျော်မှုကို တုံ့ပြန်တာနဲ့ တူမှာမဟုတ်ဘူးလို့ ပင်တဂွန် စစ်ဌာနချုပ်ထိပ်တန်းအရာရှိပြော

ထိုင်ဝမ်ကိုကျူးကျော်လာမယ်ဆိုရင် ယူကရိန်းကျူးကျော်မှုကို တုံ့ပြန်တာနဲ့ တူမှာမဟုတ်ဘူးလို့ ပင်တဂွန် စစ်ဌာနချုပ်ထိပ်တန်းအရာရှိပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၀

 

ထိုင်ဝမ်နိုင်ငံကို တရုတ်နိုင်ငံက ကျူးကျော်လာမယ်ဆိုရင် အမေရိကန်အစိုးရရဲ့ တုံ့ပြန်မှုဟာ ယူကရိန်းကို ရုရှား ကကျူးကျော်လာတဲ့တုံ့ပြန်မှုနဲ့ တူမှာမဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ထိပ်တန်းအရာရှိတစ်ဦးက မတ်လ ၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ပတ်သက်လို့ အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီကပြုလုပ် တဲ့ ကြားနာပွဲမှာ လတ်တလောကာလ ရုရှားနိုင်ငံက ယူကရိန်းကိုကျူးကျော်မှုရဲ့ အကျိုးသက်ရောက်မှုကို မေး မြန်းခံရတဲ့အခါ ကာကွယ်ရေးဝန်ကြီးဌာန အင်ဒို-ပစိဖိတ် လုံခြုံရေးရာ လက်ထောက်ကာကွယ်ရေးအတွင်းဝန် အီလီရတ်နာက အခုလို မှတ်ချက်ပြု ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

“တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ချိန်ကိုက်ထားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တာကြောင့် ထိုင်ဝမ်ဟာ ဇာတ်ကွက်ဆင်ထားတဲ့အနာဂတ်ဖြစ်နိုင်ခြေတစ်ခုပါ။ ထိုင်ဝမ်နိုင်ငံကို တရုတ်နိုင်ငံက ကျူးကျော် လာမယ်ဆိုရင် ထိုင်ဝမ်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ထိုင်ဝမ်နိုင်ငံရဲ့မိတ်ဖက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ စိတ်တူကိုယ်တူ ဒီမိုကရေစီနိုင်ငံတွေ ပူးပေါင်းပြီး အဲဒီကျူးကျော်မှုကို ကျွန်တော်တို့ ဟန့်တားသွားမှာဖြစ်ပါ တယ်။” လို့ ရတ်နာက ပြောပါတယ်။

 

အမေရိကန်နိုင်ငံအနေနဲ့ တရုတ်အစိုးရ၊ အမေရိကန်အစိုးရနဲ့ ထိုင်ဝမ်နိုင်ငံအပေါ် အမေရိကန်ကချမှတ်ထားတဲ့ မူဝါဒ ခြောက်ချက်အပါအဝင် ထုတ်ပြန်ကြေညာချက် သုံးခုအတိုင်း ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ ထိုင် ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားဖို့ သံန္နိဋ္ဌာန်ချထားတယ်လို့ ရတ် နာက ပြောပါတယ်။

 

တကယ်လို့ ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်သလိုမျိုး ထိုင်ဝမ်ကို တရုတ်နိုင်ငံကကျူးကျော် တိုက်ခိုက်လာပြီဆိုရင် အမေရိကန်နိုင်ငံက ဘယ်လိုတုံ့ပြန်မှာလဲလို့ မေးတဲ့အခါ “ကျွန်တော်တို့ရလိုက်တဲ့ သင်ခန်းစာအရတော့ ထိုင်ဝမ်နိုင်ငံက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ စွမ်းရည်မြင့်မားနေဖို့က အရေးကြီးတယ် ဆိုတာပါပဲ။” လို့ ရတ်နာက ပြန်ဖြေပါတယ်။

 

အမေရိကန်အစိုးရရဲ့ တုံ့ပြန်မှုက ယူကရိန်းဖြစ်စဉ်က တုံ့ပြန်မှုနဲ့ မတူကွဲပြားခြားနားမှာလားလို့ လွှတ်တော်အ မတ် စကော့ဒက်စ်ဂျာလီးစ်က တိုက်ရိုက်မေးမြန်းတဲ့အခါ ရတ်နာက “ဟုတ်ကဲ့… မတူပါဘူး။” လို့ ပြန်လည်ဖြေ ကြားလိုက်ပါတယ်။

 

Ref: Taiwan invasion response would be different to Ukraine: Pentagon official

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 


 

Ref: Taiwan invasion response would be different to Ukraine: Pentagon official

 

#PeopleMedia


Share this post