• Follow Us on

Home ထိုင်ဝမ်မှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရန် တရုတ်တောင်းဆို

ထိုင်ဝမ်မှ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာရန် တရုတ်တောင်းဆို

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၉ (People Media)

 

အမေရိကန်အထူးတပ်ဖွဲ့ဝင်အချို့ ထိုင်ဝမ်တပ်ဖွဲ့ဝင်များကို စစ်သင်တန်းများပို့ချပေးနေသည်မှာ တစ်နှစ်ဝန်း ကျင် ခန့်ရှိပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်နိုင်ငံတွင်ရောက်ရှိ နေသောအမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်နိုင်ငံက အမေရိကန်အစိုးရအား အောက် တိုဘာလ ၈ ရက်နေ့က တောင်းဆိုလိုက်သည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်နှင့် စစ်ရေးဆက်သွယ်မှုများကို ရပ်ဆိုင်းသင့်ပြီး ၁၉၇၉ ခုနှစ်က အ မေရိကန်က အသိအမှတ်ပြုထားသည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ထားရှိခဲ့သည့် ကတိကဝတ်များအ တိုင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဇောင်းလီးဂျန်းကပြောသည်။ ယင်းသ ဘောတူစာချုပ်အရ အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းအစား တရုတ်နိုင်ငံနှင့်သာ သံတမန်ဆက် သွယ်ရမည်ဖြစ်သည်။

 

“တရုတ်တစ်နိုင်ငံတည်းမူဝါဒဆိုတာ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ပဲဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်ဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ပြီး ထိုင်ဝမ်နဲ့ ချုပ်ဆို ထားတဲ့ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာစာချုပ်ကို ပယ်ဖျက်ပစ်လိုက်ရမှာဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်တပ်ဖွဲ့တွေ ထိုင်ဝမ်ကနေ ပြန်လည်ရုပ်သိမ်းသွားရမှာဖြစ်တယ်။” ဟု ဇောင်းလီးဂျန်းကပြောသည်။

 

အမေရိကန်အထူးတပ်ဖွဲ့ဝင်များနှင့် မရိန်းတပ်ဖွဲ့ဝင်များ ထိုင်ဝမ်နိုင်ငံတွင် စစ်သင်တန်းများပို့ချပေးနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း အောက်တိုဘာလ ၇ ရက်နေ့က Wall Street ဂျာနယ်တွင် ရေးသားဖော်ပြခဲ့ပြီး နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဇောင်းလီးဂျန်းကကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ အမေရိကန်အရာရှိများက Wall Street ဂျာနယ်မှသတင်းကို အတည်ပြုခဲ့ကြောင်းသိရသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၈ ရက်နေ့တွင် ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က မှတ်ချက်ပြုပြောကြား ရန်ငြင်းဆိုခဲ့သော်လည်း အခြေအနေကို ဂရုတစိုက်ထိန်းသိမ်းကိုင်တွယ်ခြင်းမပြုပါက တင်းမာမှုများမှာ နိုင်ငံတ ကာလုံခြုံရေးနှင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်ပျက်စီးလာနိုင်သည်ဟု ပြောကြားခဲ့ကြောင်း ဝါရှန်တန်ပို့စ်သတင်း စာတွင် ရေးသားဖော်ပြခဲ့သည်။

 

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာနေစဉ်အတွင်း ထိုင်ဝမ်နိုင်ငံသည် လွန်ခဲ့သည့်လအတွင်းက ဇီဝဓာတုတိုက် ခိုက်မှုလေ့ကျင့်ခန်းအပါအဝင် စစ်ရေးလေ့ကျင့်မှုအများအပြားဆောင်ရွက်ခဲ့သည်။

 

ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် တရုတ်စစ်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်းပြောဆိုခဲ့ကြသည်။ ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံပိုင် နယ်မြေဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုလျက်ရှိသော်လည်း ထိုင်ဝမ်နိုင်ငံကမူ ၎င်းတို့သည် လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း အမြဲပြော ဆိုလျက်ရှိသည်။

 

တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာမည်ကို စိုး ရိမ်ပူပန်နေကြောင်း ယခုသီတင်းပတ်အစောပိုင်းက ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးချီယူကူအိုချောင်းကပြော သည်။

 

Ref: China calls on U.S. to withdraw troops from Taiwan

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: China calls on U.S. to withdraw troops from Taiwan

 

#PeopleMedia


Share this post