• Follow Us on
Latest News

Home ထိုင္ဝမ္သို႔ ဒ႐ုန္းေလးစင္းေရာင္းခ်မည့္ အေမရိကန္၏အစီအစဥ္ တ႐ုတ္ အျပင္းအထန္ ကန္႔ကြက္

ထိုင္ဝမ္သို႔ ဒ႐ုန္းေလးစင္းေရာင္းခ်မည့္ အေမရိကန္၏အစီအစဥ္ တ႐ုတ္ အျပင္းအထန္ ကန္႔ကြက္

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၅
ထိုင္ဝမ္သို႔ စစ္လက္နက္မ်ားေရာင္းခ်မည့္ အေမရိကန္နိုင္ငံ၏ အစီအစဥ္ကို တ႐ုတ္နိုင္ငံက ရႈတ္ခ်လိုက္ ၿပီး တန္ျပန္အစီအမံမ်ား လုပ္ေဆာင္မည္ဟု အရိပ္အႁမြက္ေျပာၾကားခဲ့သည္။
ေဒၚလာ သန္း ၆၀၀ တန္ေၾကးရွိ ေမာင္းသူမဲ့ေလယာဥ္ေလးစင္းႏွင့္ ဆက္စပ္ပစၥည္းမ်ားေရာင္းခ်ရန္ ဆုံး ျဖတ္ထားေၾကာင္း အေမရိကန္အစိုးရက ကြန္ဂရက္သို႔ အေၾကာင္းၾကားခဲ့သည္။
ဒ႐ုန္းမ်ားေရာင္းခ်မႈမည့္ အစီအစဥ္က တိုက္ခိုက္ေရးဒုံးက်ည္မ်ား အပါအဝင္ ထိုင္ဝမ္သို႔ အေမရိကန္လုပ္ လက္နက္မ်ား ေနာက္ဆုံးအႀကိမ္ ေရာင္းခ်မႈျဖစ္လာမည္ျဖစ္သည္။
ထိုင္ဝမ္သို႔ ဒ႐ုန္းမ်ာေရာင္းခ်မႈက တ႐ုတ္ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းျဖစ္ၿပီး အခ်ဳပ္အခ်ာ အာဏာႏွင့္ လုံျခဳံေရးအက်ိဳးစီးပြားမ်ားကို ထိခိုက္ေစေၾကာင္း တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ ရွိသူ ဝမ္ဝန္ဘင္က သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။
ထိုင္ဝမ္သို႔ ဒ႐ုန္းမ်ားေရာင္းခ်မည့္အစီအစဥ္က တ႐ုတ္-အေမရိကန္ဆက္ဆံေရးႏွင့္ ထိုင္ဝမ္ေရလက္ ၾကား ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္မႈကို ဆိုးဝါးစြာ ထိခိုက္ေစနိုင္ေၾကာင္း သူက ဆိုသည္။
တ႐ုတ္နိုင္ငံက ဒ႐ုန္းမ်ားေရာင္းခ်မည့္အစီအစဥ္ကို ဆန္႔က်င္ေၾကာင္း၊ လိုအပ္ေသာ တန္ျပန္အစီအမံ မ်ား ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၄င္းက ေျပာသည္။
လက္နက္မ်ားေရာင္းခ်မႈတြင္ပါဝင္ေသာ အေမရိကန္ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးကုမၸဏီမ်ား၊ လူ ပုဂၢိဳလ္မ်ားအေပၚ တ႐ုတ္အစိုးရက ဒဏ္ခတ္အေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။
ကိုးကား – အင္န္အိတ္ခ်္ေက
Ref; China denounces US plan to sell drones to Taiwan
(unicode)
ထိုင်ဝမ်သို့ ဒရုန်းလေးစင်းရောင်းချမည့် အမေရိကန်၏အစီအစဉ် တရုတ် အပြင်းအထန် ကန့်ကွက်
……………………………………………………………
နိုင်ငံတကာ၊ နိုဝင်ဘာ ၅
ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချမည့် အမေရိကန်နိုင်ငံ၏ အစီအစဉ်ကို တရုတ်နိုင်ငံက ရှုတ်ချလိုက် ပြီး တန်ပြန်အစီအမံများ လုပ်ဆောင်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ မောင်းသူမဲ့လေယာဉ်လေးစင်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချရန် ဆုံး ဖြတ်ထားကြောင်း အမေရိကန်အစိုးရက ကွန်ဂရက်သို့ အကြောင်းကြားခဲ့သည်။
ဒရုန်းများရောင်းချမှုမည့် အစီအစဉ်က တိုက်ခိုက်ရေးဒုံးကျည်များ အပါအဝင် ထိုင်ဝမ်သို့ အမေရိကန်လုပ် လက်နက်များ နောက်ဆုံးအကြိမ် ရောင်းချမှုဖြစ်လာမည်ဖြစ်သည်။
ထိုင်ဝမ်သို့ ဒရုန်းမျာရောင်းချမှုက တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အချုပ်အချာ အာဏာနှင့် လုံခြုံရေးအကျိုးစီးပွားများကို ထိခိုက်စေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဝမ်ဝန်ဘင်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ထိုင်ဝမ်သို့ ဒရုန်းများရောင်းချမည့်အစီအစဉ်က တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ထိုင်ဝမ်ရေလက် ကြား ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း သူက ဆိုသည်။
တရုတ်နိုင်ငံက ဒရုန်းများရောင်းချမည့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း၊ လိုအပ်သော တန်ပြန်အစီအမံ များ ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
လက်နက်များရောင်းချမှုတွင်ပါဝင်သော အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများ၊ လူ ပုဂ္ဂိုလ်များအပေါ် တရုတ်အစိုးရက ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ကိုးကား – အင်န်အိတ်ချ်ကေ
Ref; China denounces US plan to sell drones to Taiwan

Share this post