• Follow Us on

Home ထိုင္ဝမ္သို႔ ေဒၚလာ သန္း ၆၀၀ တန္ေၾကးရွိ ဒ႐ုန္းေလးစင္းေရာင္းခ်ရန္ အေမရိကန္ အတည္ျပဳ

ထိုင္ဝမ္သို႔ ေဒၚလာ သန္း ၆၀၀ တန္ေၾကးရွိ ဒ႐ုန္းေလးစင္းေရာင္းခ်ရန္ အေမရိကန္ အတည္ျပဳ

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၄
 
ေဒၚလာ သန္း ၆၀၀ ခန္႔တန္ေၾကးရွိ ထိုင္ဝမ္သို႔ ဆက္စပ္ပစၥည္းမ်ားအပါအဝင္ ေမာင္းသူမဲ့ေလယာဥ္ေလးစင္း ေရာင္းခ်ရန္ အတည္ျပဳခဲ့ေၾကာင္း အေမရိကန္အစိုးရက ေျပာၾကားလိုက္သည္။
 
ေမာင္းသူမဲ့ေလယာဥ္မ်ား ေရာင္းခ်ရန္အတည္ျပဳမႈက အေမရိကန္ႏွင့္ တ႐ုတ္ၾကား တင္းမာမႈမ်ား ပိုမို ျမင့္တက္လာနိုင္သည့္ ထိုင္ဝမ္သို႔ ေခတ္မီလက္နက္မ်ား ဆက္တိုက္ေရာင္းခ်မႈ ျဖစ္လာခဲ့သည္။
 
MQ-9B Skyguardian ဒ႐ုန္းမ်ား ေရာင္းခ်မည့္အစီအစဥ္ကို အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့ျခင္းျဖစ္သည္။
 
စစ္ဘက္သုံးဒ႐ုန္းမ်ားတင္ပို႔မႈအေပၚ အစိုးရက တင္းက်ပ္မႈမ်ား ေလ်ာ့ခ်ေပးေၾကာင္း ဇူလိုင္လအတြင္း ေၾကညာၿပီးေနာက္ ျပည္ပသို႔ ပထမဆုံးဒ႐ုန္းမ်ားေရာင္းခ်မႈျဖစ္လာမည္ျဖစ္သည္။
 
တိုက္ခိုက္ေရးဒုံးက်ည္ ၁၃၅ စင္းအပါအဝင္ ထိုင္ဝမ္သို႔ ေခတ္မီလက္နက္မ်ားေရာင္းခ်ရန္ အေမရိကန္ အစိုးရက ေအာက္တိုဘာလအတြင္း အတည္ျပဳခဲ့သည္။
 
ထို႔ေၾကာင့္ တ႐ုတ္နိုင္ငံက ဘိုအင္းကုမၸဏီအပါအဝင္ အေမရိကန္ ကာကြယ္ေရးပစၥည္းထုတ္လုပ္ေရးလုပ္ ငန္းမ်ားအေပၚ ဒဏ္ခတ္အေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။
 
ကိုးကား – က်ိဳဒိုနယူးစ္
 
Ref; U.S. greenlights sale of 4 unmanned drones to Taiwan
 
#PeopleMedia
 
(unicode)
ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိ ဒရုန်းလေးစင်းရောင်းချရန် အမေရိကန် အတည်ပြု
…………………………………………………………….
 
နိုင်ငံတကာ၊ နိုဝင်ဘာ ၄
 
ဒေါ်လာ သန်း ၆၀၀ ခန့်တန်ကြေးရှိ ထိုင်ဝမ်သို့ ဆက်စပ်ပစ္စည်းများအပါအဝင် မောင်းသူမဲ့လေယာဉ်လေးစင်း ရောင်းချရန် အတည်ပြုခဲ့ကြောင်း အမေရိကန်အစိုးရက ပြောကြားလိုက်သည်။
 
မောင်းသူမဲ့လေယာဉ်များ ရောင်းချရန်အတည်ပြုမှုက အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ ပိုမို မြင့်တက်လာနိုင်သည့် ထိုင်ဝမ်သို့ ခေတ်မီလက်နက်များ ဆက်တိုက်ရောင်းချမှု ဖြစ်လာခဲ့သည်။
 
MQ-9B Skyguardian ဒရုန်းများ ရောင်းချမည့်အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ခြင်းဖြစ်သည်။
 
စစ်ဘက်သုံးဒရုန်းများတင်ပို့မှုအပေါ် အစိုးရက တင်းကျပ်မှုများ လျော့ချပေးကြောင်း ဇူလိုင်လအတွင်း ကြေညာပြီးနောက် ပြည်ပသို့ ပထမဆုံးဒရုန်းများရောင်းချမှုဖြစ်လာမည်ဖြစ်သည်။
 
တိုက်ခိုက်ရေးဒုံးကျည် ၁၃၅ စင်းအပါအဝင် ထိုင်ဝမ်သို့ ခေတ်မီလက်နက်များရောင်းချရန် အမေရိကန် အစိုးရက အောက်တိုဘာလအတွင်း အတည်ပြုခဲ့သည်။
 
ထို့ကြောင့် တရုတ်နိုင်ငံက ဘိုအင်းကုမ္ပဏီအပါအဝင် အမေရိကန် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ် ငန်းများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့သည်။
 
ကိုးကား – ကျိုဒိုနယူးစ်
 
Ref; U.S. greenlights sale of 4 unmanned drones to Taiwan
 
#PeopleMedia

Share this post