• Follow Us on

Home ထိုင္ဝမ္သို႔ ေဒၚလာ ၁ ဒသမ ၈ ဘီလီယံတန္ေၾကးရွိ စစ္လက္နက္မ်ားေရာင္းခ်ရန္ အေမရိကန္ အတည္ျပဳ

ထိုင္ဝမ္သို႔ ေဒၚလာ ၁ ဒသမ ၈ ဘီလီယံတန္ေၾကးရွိ စစ္လက္နက္မ်ားေရာင္းခ်ရန္ အေမရိကန္ အတည္ျပဳ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၂ (PeopleMedia)
 
ဆိုးရြားေနေသာ အေမရိကန္-တ႐ုတ္ဆက္ဆံေရးကို ပိုမိုျပင္းထန္လာေစနိုင္သည့္ ထိုင္ဝမ္သို႔ အေမရိကန္ ေဒၚလာ ၁ ဒသမ ၈ ဘီလီယံတန္ေၾကးရွိ စစ္လက္နက္မ်ားေရာင္းခ်ရန္ အတည္ျပဳခဲ့ေၾကာင္း အေမရိကန္အစိုးရ က ေျပာၾကားလိုက္သည္။
 
တ႐ုတ္ျပည္မႀကီး၏ ၿခိမ္းေျခာက္မႈရင္ဆိုင္ေနရသည့္ ထိုင္ဝမ္ကၽြန္းသို႔ေရာင္းခ်မည့္ စစ္လက္နက္မ်ားတြင္ ေဒၚလာ တစ္ဘီလီယံေက်ာ္တန္ေၾကးရွိ ေျမျပင္တိုက္ခိုက္ေရးဒုံးက်ည္မ်ား၊ ဆက္စပ္ပစၥည္းမ်ားႏွင့္ နည္းပ ညာအကူအညီမ်ား ပါဝင္မည္ျဖစ္သည္။
 
ယခုကဲ့သို႔ စစ္လက္နက္ေရာင္းခ်မႈက လက္နက္ကိုင္တပ္ဖြဲ႕ကို ေခတ္မီတပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္ ေနၿပီး ကာကြယ္ေရးစြမ္းပကား အဆင့္ျမႇင့္တင္ရန္ ပံ့ပိုးေပးျခင္းအားျဖင့္ အေမရိကန္နိုင္ငံ၏ စီးပြားေရးႏွင့္ လုံျခဳံေရးအက်ိဳးစီးပြားမ်ားကို ေဆာင္ရြက္ေစေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။
 
ကုန္သြယ္ေရး၊ နည္းပညာ၊ လူ႔အခြင့္အေရး၊ ေတာင္တ႐ုတ္ပင္လယ္အေရးတို႔ႏွင့္ပတ္သက္၍ အေမရိကန္ႏွင့္ တ႐ုတ္ၾကား အျငင္းပြားမႈကိစၥရပ္မ်ား ျပင္းထန္လာစဥ္ အေမရိကန္အစိုးရက ထိုင္ဝမ္သို႔ ပံ့ပိုးကူညီမႈမ်ား တိုး ျမႇင့္လ်က္ရွိသည္။
 
ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးတြင္ ေအာင္ျမင္မႈရရွိမႈအေပၚ ဂုဏ္ျပဳရန္ ၾသဂုတ္လအတြင္း ထိုင္ဝမ္သို႔ လက္ေထာက္က်န္းမာေရးဝန္ႀကီး အဲလက္ေအဇာအား ေစလႊတ္ခဲ့ျခင္းျဖင့္ အေမရိကန္အစိုးရက တ႐ုတ္နိုင္ငံအား စိတ္မခ်မ္းမသာျဖစ္ေစခဲ့သည္။
 
အဲလက္ေအဇာက ၁၉၇၉ ခုႏွစ္ေနာက္ပိုင္း ထိုင္ဝမ္သို႔ သြားေရာက္လည္ပတ္သည့္ အဆင့္ျမင့္ဆုံး အေမရိကန္ တာဝန္ရွိသူတစ္ဦးျဖစ္လာခဲ့သည္။
 
ထိုင္ဝမ္ႏွင့္ တ႐ုတ္နိုင္ငံတို႔က ၁၉၄၉ ခုႏွစ္ ျပည္တြင္းစစ္ေနာက္ပိုင္း သီးျခားစီအုပ္ခ်ဳပ္လ်က္ရွိၿပီး တ႐ုတ္နိုင္ငံ က ထိုင္ဝမ္ကို လက္ေအာက္ခံျပည္နယ္တစ္ခုအျဖစ္ သတ္မွတ္ထားသည္။
 
ကိုးကား – က်ိဳဒို
 
Ref; U.S. approves sale of weapons systems totaling $1.8 bil. to Taiwan
 
#PeopleMedia
 
(unicode)
ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ကြေးရှိ စစ်လက်နက်များရောင်းချရန် အမေရိကန် အတည်ပြု
………………………………………………
 
နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (PeopleMedia)
 
ဆိုးရွားနေသော အမေရိကန်-တရုတ်ဆက်ဆံရေးကို ပိုမိုပြင်းထန်လာစေနိုင်သည့် ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ကြေးရှိ စစ်လက်နက်များရောင်းချရန် အတည်ပြုခဲ့ကြောင်း အမေရိကန်အစိုးရ က ပြောကြားလိုက်သည်။
 
တရုတ်ပြည်မကြီး၏ ခြိမ်းခြောက်မှုရင်ဆိုင်နေရသည့် ထိုင်ဝမ်ကျွန်းသို့ရောင်းချမည့် စစ်လက်နက်များတွင် ဒေါ်လာ တစ်ဘီလီယံကျော်တန်ကြေးရှိ မြေပြင်တိုက်ခိုက်ရေးဒုံးကျည်များ၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပ ညာအကူအညီများ ပါဝင်မည်ဖြစ်သည်။
 
ယခုကဲ့သို့ စစ်လက်နက်ရောင်းချမှုက လက်နက်ကိုင်တပ်ဖွဲ့ကို ခေတ်မီတပ်မတော်ဖြစ်အောင် တည်ဆောက် နေပြီး ကာကွယ်ရေးစွမ်းပကား အဆင့်မြှင့်တင်ရန် ပံ့ပိုးပေးခြင်းအားဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် လုံခြုံရေးအကျိုးစီးပွားများကို ဆောင်ရွက်စေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
 
ကုန်သွယ်ရေး၊ နည်းပညာ၊ လူ့အခွင့်အရေး၊ တောင်တရုတ်ပင်လယ်အရေးတို့နှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်ကြား အငြင်းပွားမှုကိစ္စရပ်များ ပြင်းထန်လာစဉ် အမေရိကန်အစိုးရက ထိုင်ဝမ်သို့ ပံ့ပိုးကူညီမှုများ တိုး မြှင့်လျက်ရှိသည်။
 
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အောင်မြင်မှုရရှိမှုအပေါ် ဂုဏ်ပြုရန် သြဂုတ်လအတွင်း ထိုင်ဝမ်သို့ လက်ထောက်ကျန်းမာရေးဝန်ကြီး အဲလက်အေဇာအား စေလွှတ်ခဲ့ခြင်းဖြင့် အမေရိကန်အစိုးရက တရုတ်နိုင်ငံအား စိတ်မချမ်းမသာဖြစ်စေခဲ့သည်။
 
အဲလက်အေဇာက ၁၉၇၉ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်သို့ သွားရောက်လည်ပတ်သည့် အဆင့်မြင့်ဆုံး အမေရိကန် တာဝန်ရှိသူတစ်ဦးဖြစ်လာခဲ့သည်။
 
ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့က ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်နောက်ပိုင်း သီးခြားစီအုပ်ချုပ်လျက်ရှိပြီး တရုတ်နိုင်ငံ က ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။
 
ကိုးကား – ကျိုဒို
 
Ref; U.S. approves sale of weapons systems totaling $1.8 bil. to Taiwan
 
#PeopleMedia

Share this post