• Follow Us on

Home ထိုင္ဝမ္သို႔ ေဒၚလာ ၂ ဒသမ ၄ ဘီလီယံတန္ေၾကးရွိ စစ္လက္နက္မ်ား ေရာင္းခ်မည္ဟု အေမရိကန္ ေၾကညာ

ထိုင္ဝမ္သို႔ ေဒၚလာ ၂ ဒသမ ၄ ဘီလီယံတန္ေၾကးရွိ စစ္လက္နက္မ်ား ေရာင္းခ်မည္ဟု အေမရိကန္ ေၾကညာ

Share this post

ႏိုင္ငံတကာ၊ ေအာက္တိုဘာ -၂၇ (PeopleMedia) ဘိုအင္းအပါအဝင္ အေမရိကန္ကာကြယ္ေရးပစၥည္း ထုတ္လုပ္ေရးလုပ္ငန္းမ်ားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ျပဳလုပ္ေၾကာင္း တ႐ုတ္နိုင္ငံက ေၾကညာၿပီး နာရီအနည္းငယ္အၾကာတြင္ အေမရိကန္အစိုးရက ထိုင္ဝမ္သို႔ ေဒၚလာ ၂ ဒသမ ၄ ဘီလီယံတန္ေၾကးရွိ ဟာပြန္းဒုံးက်ည္စနစ္မ်ား ေရာင္းခ်မည့္စီမံခ်က္အတြက္ ကြန္ဂ ရက္သို႔ အေၾကာင္းၾကားလိုက္သည္။ ထိုင္ဝမ္ေရလက္ၾကား၌ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးအတြက္ အေမရိကန္နိုင္ငံ၌ စိတ္ဝင္စားၿပီး အင္ဒို-ပစိ ဖိတ္ေဒသ၏ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရးအတြက္ ထိုင္ဝမ္ေရလက္ၾကား၏ လုံၿခဳံေရးက အေရးပါသည္ဟု ယူဆ ေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။ ဟာပြန္းဒုံးက်ည္မ်ားက စစ္သေဘၤာမ်ား၊ ေျမျပင္ရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္နိုင္စြမ္းရွိေသာ ဒုံးက်ည္တစ္မ်ိဳး ျဖစ္သည္။ အေမရိကန္နိုင္ငံက ထိုင္ဝမ္သို႔ ဒုံးက်ည္ကာကြယ္ေရးစနစ္၊ ေျမျပင္-ေဝဟင္ခြင္းဒုံး၊ တိုက္ေလယာဥ္ႏွင့္ အျခားစစ္လက္နက္မ်ား ေရာင္းခ်မည္ျဖစ္သည္။ ထိုင္ဝမ္သို႔ စစ္လက္နက္မ်ားေရာင္းခ်မႈေၾကာင့္ ဘိုအင္း၊ ေလာ့ဟိမာတင္ႏွင့္ အျခား အေမရိကန္ကာကြယ္ ေရးပစၥည္း ထုတ္လုပ္ေရးလုပ္ငန္းမ်ားကို ဒဏ္ခတ္အေရးယူမႈမ်ား ျပဳလုပ္ေၾကာင္း တ႐ုတ္နိုင္ငံက ေျပာ ၾကားခဲ့သည္။ ထိုင္ဝမ္က ယင္း၏ပိုင္နက္နယ္ေျမတစ္ခုဟု အာဏာရ တ႐ုတ္ကြန္ျမဴနစ္ပါတီက ေျပာၾကားခဲ့ၿပီး လိုအပ္ပါက အင္အားအသုံးျပဳ၍ သိမ္းပိုက္မည္ဟုဆိုသည္။
ထိုင္ဝမ္သို႔ လက္နက္မ်ားေရာင္းခ်မႈ တစ္ျဖည္းျဖည္း ေလ်ာ့ခ်မည္ဟု အေမရိကန္နိုင္ငံက ၁၉၈၀ ခုႏွစ္မ်ား အတြင္း ကတိျပဳခဲ့ေသာ္လည္း တ႐ုတ္နိုင္ငံႏွင့္ အျငင္းပြားမႈကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းရမည္ဟု တိုက္တြန္း ခဲ့သည္။
Ref; US announces planned $3.32 billion weapon sale to Taiwan
#PeopleMedia (unicode) ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတန်ကြေးရှိ စစ်လက်နက်များ ရောင်းချမည်ဟု အမေရိကန် ကြေညာ
………………………………………………….
 
နိုင်ငံတကာ၊ အောက်တိုဘာ -၂၇ (PeopleMedia)
 
ဘိုအင်းအပါအဝင် အမေရိကန်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ကြောင်း တရုတ်နိုင်ငံက ကြေညာပြီး နာရီအနည်းငယ်အကြာတွင် အမေရိကန်အစိုးရက ထိုင်ဝမ်သို့ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံတန်ကြေးရှိ ဟာပွန်းဒုံးကျည်စနစ်များ ရောင်းချမည့်စီမံချက်အတွက် ကွန်ဂ ရက်သို့ အကြောင်းကြားလိုက်သည်။
 
ထိုင်ဝမ်ရေလက်ကြား၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အမေရိကန်နိုင်ငံ၌ စိတ်ဝင်စားပြီး အင်ဒို-ပစိ ဖိတ်ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ထိုင်ဝမ်ရေလက်ကြား၏ လုံခြုံရေးက အရေးပါသည်ဟု ယူဆ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
 
ဟာပွန်းဒုံးကျည်များက စစ်သင်္ဘောများ၊ မြေပြင်ရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသော ဒုံးကျည်တစ်မျိုး ဖြစ်သည်။
 
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ မြေပြင်-ဝေဟင်ခွင်းဒုံး၊ တိုက်လေယာဉ်နှင့် အခြားစစ်လက်နက်များ ရောင်းချမည်ဖြစ်သည်။
 
ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချမှုကြောင့် ဘိုအင်း၊ လော့ဟိမာတင်နှင့် အခြား အမေရိကန်ကာကွယ် ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ကြောင်း တရုတ်နိုင်ငံက ပြော ကြားခဲ့သည်။
 
ထိုင်ဝမ်က ယင်း၏ပိုင်နက်နယ်မြေတစ်ခုဟု အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ပြောကြားခဲ့ပြီး လိုအပ်ပါက အင်အားအသုံးပြု၍ သိမ်းပိုက်မည်ဟုဆိုသည်။
 
ထိုင်ဝမ်သို့ လက်နက်များရောင်းချမှု တစ်ဖြည်းဖြည်း လျော့ချမည်ဟု အမေရိကန်နိုင်ငံက ၁၉၈၀ ခုနှစ်များ အတွင်း ကတိပြုခဲ့သော်လည်း တရုတ်နိုင်ငံနှင့် အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည်ဟု တိုက်တွန်း ခဲ့သည်။
 
Ref; US announces planned $3.32 billion weapon sale to Taiwan
 
#PeopleMedia

Share this post