• Follow Us on
Latest News

Home ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင် အမေရိကန်နိုင်ငံကို တိုက်ခိုက်ခံရနိုင်တယ်လို့ ကြည်းတပ် အတွင်းဝန်ပြော

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ စစ်ဖြစ်ခဲ့ရင် အမေရိကန်နိုင်ငံကို တိုက်ခိုက်ခံရနိုင်တယ်လို့ ကြည်းတပ် အတွင်းဝန်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ထိုင်ဝမ်အရေးကြောင့်ဖြစ်စေ အင်ဒို-ပစိဖိတ်ဒေသတွင်းအရေးကြောင့်ဖြစ်စေ စစ်ပွဲကြီးတစ်ပွဲဖြစ်ပွားလာခဲ့ပါက တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို တိုက်ခိုက်လာလိမ့်မယ်လို့ အမေရိကန်ကြည်းတပ်ရဲ့ အရပ်ဘက်ခေါင်း ဆောင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

 

“တကယ်လို့ ကျွန်မတို့ တရုတ်နိုင်ငံနဲ့ စစ်ပွဲကြီးတစ်ပွဲဖြစ်ပွားခဲ့ပြီဆိုရင် အမေရိကန်ပြည်ထောင်စု ပြည်တွင်း အနေနဲ့လည်း တရုတ်တပ်တွေရဲ့ တိုက်ရိုက်တိုက်ခိုက်လာမှုရော ဆိုင်ဘာတိုက်ခိုက်မှုရော အန္တရာယ်နှစ်မျိုးစ လုံးရှိနေပါတယ်။” လို့ ကြည်းတပ်အတွင်းဝန် ခရစ္စတိန်းဝိုးမာ့သ်က တနင်္လာနေ့က American Enterprise Institute မှာ ပြောကြားခဲ့ပါတယ်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ဖို့ စစ်ပြင်ဆင်နေတာမျိုး မလုပ် ရသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးနဲ့ စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။

 

ဒါပေမဲ့ လတ်တလောကာလ တရုတ်နိုင်ငံရဲ့ သမိုင်းဝင်စစ်ရေးလေ့ကျင့်မှုတွေအရ အမေရိကန်တပ်ဖွဲ့တွေအနေ နဲ့ အဲဒီလိုတိုက်ခိုက်မှုမျိုးကို တုံ့ပြန်ဟန့်တားနိုင်ဖို့အတွက် အရှိန်မြှင့်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ဒေသတွင်း ထိပ် တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

 

“တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုစွမ်းအားက ၂၀၂၃ ခုနှစ်မှာ အမြင့်ဆုံးအဆင့်မှာရောက်နေပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဟာ ရေရှည်အားသာချက်ရရှိအောင် ဖန်တီးဖို့အတွက် အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ မလိုချင်တဲ့လမ်းကြောင်းအတိုင်းဖြစ်လာပြီဆိုရင် လိုအပ်လာရင် တုံ့ပြန်နိုင်စွမ်းရှိအောင် ကျွန်တော်တို့တပ်တွေ အသင့်ဖြစ်နေဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့ အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။” လို့ ပစိဖိတ်ဒေသ အမေရိကန်ကြည်း တပ်ရဲ့အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ချားလ်စ်ဖလန်းက ပြောပါတယ်။

 

လာမယ့်ဘတ်ဂျက်နှစ်တွေမှာ အမေရိကန်ကြည်းတပ်ကို မေ့မထားဖို့ အနည်းဆုံး လွှတ်တော်အမတ်တွေကို တစ်စိတ်တစ်ပိုင်း တိုက်တွန်းအားပေးတဲ့အနေနဲ့ တရုတ်စစ်တပ်နဲ့ ယှဉ်ပြိုင်ရာမှာ အမေရိကန်ကြည်းတပ်ရဲ့ အရေးပါပုံကို ဒုတိယဗိုလ်ချုပ်ကြီး ချားလ်စ်ဖလန်းနဲ့ ကြည်းတပ်အတွင်းဝန် ခရစ္စတိန်းဝိုးမာ့သ်တို့က အလေးပေး ထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။

 

“ဥပမာပြောရရင် စီမံချက်အသစ်တွေအတွက် ဘာတစ်ခုမှစမလုပ်ရသေးဘူးဆိုရင် ဒီနှစ်အတွင်း ခြောက်လမှာ တရုတ်နိုင်ငံကို ထိရောက်စွာယှဉ်ပြိုင်ဖို့ ကျွန်မတို့အတွက် ခက်ခဲသလို ကျွန်မတို့လိုအပ်တာမှန်သမျှဆောင်ရွက် နိုင်ဖို့လည်း ခက်ခဲမှာဖြစ်ပါတယ်။” လို့ ခရစ္စတိန်းဝိုးမာ့သ်က ပြောပါတယ်။

 

“တိုးချဲ့ထားတဲ့ ယာယီဘတ်ဂျက်ကိစ္စကို အသေးစိတ်စစ်ဆေးနေမယ်ဆိုရင် အမေရိကန်ကြည်းတပ်က ဒီဇိုင်း ရေးဆွဲထုတ်လုပ်နေတဲ့ အဓိကလက်နက်သစ်စနစ်တွေရဲ့ တချို့ကိစ္စတွေအပေါ် ထိခိုက်စေနိုင်ပါတယ်။ လူတိုင်း က အချိန်ကန့်သတ်ချက်အတွက် စိုးရိမ်ပူပန်နေချိန်မှာ အလွန်ဖြေရှင်းရခက်ခဲပါတယ်။ လက်နက်သစ်တွေထဲက တစ်ခုကတော့ တာဝေးပစ်ဟိုက်ပါဆောနစ်ဒုံးကျည်ထုတ်လုပ်ရေးပဲဖြစ်ပါတယ်။ ” လို့ ၎င်းက ပြောပါတယ်။

 

အခုနှစ်ဆောင်းရာသီမှာ အမေရိကြည်းတပ်ရဲ့ပထမဦးဆုံး တာဝေးပစ်ဟိုက်ပါဆောနစ်လက်နက်ကို စတင်ပိုင် ဆိုင်တော့မှာဖြစ်ပြီး တာလတ်ပစ်ဟိုက်ပါဆောနစ်လက်နက်ကိုလည်း ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း ခရစ္စတိန်းဝိုးမာ့သ်က ပြောပါတယ်။

 

Ref: China will target the US homeland in war over Taiwan, Army leader predicts

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: China will target the US homeland in war over Taiwan, Army leader predicts

 

#PeopleMedia


Share this post