• Follow Us on
Latest News

Home ထိုင္ဝမ္အေရွ႕ပိုင္း၌ အက္ဖ္-၅ ဂ်က္တိုက္ေလယာဥ္တစ္စင္း ပ်က္က်ရာ ေလယာဥ္မွဴးေသဆုံး

ထိုင္ဝမ္အေရွ႕ပိုင္း၌ အက္ဖ္-၅ ဂ်က္တိုက္ေလယာဥ္တစ္စင္း ပ်က္က်ရာ ေလယာဥ္မွဴးေသဆုံး

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၉
ယေန႔နံနက္ပိုင္းက ထိုင္ဝမ္ကၽြန္းအေရွ႕ပိုင္း တိုင္တန္စီရင္စုအလြန္၌ အက္ဖ္-၅ အီး ဂ်က္တိုက္ေလယာဥ္ တစ္စင္း မစ္ရွင္တစ္ခု ထမ္းေဆာင္ေနစဥ္ ပ်က္က်ခဲ့ရာ ေလယာဥ္မႉး ေသဆုံးခဲ့ေၾကာင္း ထိုင္ဝမ္ ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားသည္။
ေလယာဥ္ကြင္းမွ ပ်ံတက္လာၿပီးေနာက္ ႏွစ္မိနစ္ခန္႔အၾကာတြင္ ဂ်က္တိုက္ေလယာဥ္ ပ်က္က်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ေလယာဥ္မႉးျဖစ္သူက ေလယာဥ္အတြင္းမွ ခုန္ထြက္နိုင္ခဲ့ၿပီး ပင္လယ္ျပင္အတြင္းမွ ၄င္းအား ကယ္ဆယ္ နိုင္ခဲ့ေသာ္လည္း ေဆး႐ုံ၌ ေသဆုံးသြားခဲ့ေၾကာင္း ထိုင္ဝမ္ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအ တြင္း ေျပာၾကားသည္။
ေလယာဥ္ကြင္းမွ ပ်ံတက္လာၿပီးေနာက္ ေလယာဥ္၏အင္ဂ်င္တစ္လုံး အလုပ္မလုပ္ဟု ေလယာဥ္မႉးက အေၾကာင္းၾကားခဲ့ၿပီး ေလယာဥ္ပ်က္က်ရေသာ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း အဆိုပါဝန္ ႀကီးဌာနက ဆိုသည္။
ထိုင္ဝမ္တပ္မေတာ္က အက္ဖ္-၅ ဂ်က္တိုက္ေလယာဥ္မ်ား အသုံးျပဳမႈကို ရပ္ဆိုင္းမည္ျဖစ္ၿပီး လုံျခဳံေရး အရ စစ္ေဆးမႈတစ္ရပ္ စတင္မည္ျဖစ္သည္။
ကိုးကား – ဆင္ဟြာ
Ref; Pilot killed in fighter jet crash off eastern Taiwan
(unicode)
ထိုင်ဝမ်အရှေ့ပိုင်း၌ အက်ဖ်-၅ ဂျက်တိုက်လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်မှူး သေဆုံး
……………………………………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၂၉
ယနေ့နံနက်ပိုင်းက ထိုင်ဝမ်ကျွန်းအရှေ့ပိုင်း တိုင်တန်စီရင်စုအလွန်၌ အက်ဖ်-၅ အီး ဂျက်တိုက်လေယာဉ် တစ်စင်း မစ်ရှင်တစ်ခု ထမ်းဆောင်နေစဉ် ပျက်ကျခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။
လေယာဉ်ကွင်းမှ ပျံတက်လာပြီးနောက် နှစ်မိနစ်ခန့်အကြာတွင် ဂျက်တိုက်လေယာဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လေယာဉ်မှူးဖြစ်သူက လေယာဉ်အတွင်းမှ ခုန်ထွက်နိုင်ခဲ့ပြီး ပင်လယ်ပြင်အတွင်းမှ ၄င်းအား ကယ်ဆယ် နိုင်ခဲ့သော်လည်း ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောကြားသည်။
လေယာဉ်ကွင်းမှ ပျံတက်လာပြီးနောက် လေယာဉ်၏အင်ဂျင်တစ်လုံး အလုပ်မလုပ်ဟု လေယာဉ်မှူးက အကြောင်းကြားခဲ့ပြီး လေယာဉ်ပျက်ကျရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အဆိုပါဝန် ကြီးဌာနက ဆိုသည်။
ထိုင်ဝမ်တပ်မတော်က အက်ဖ်-၅ ဂျက်တိုက်လေယာဉ်များ အသုံးပြုမှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး လုံခြုံရေး အရ စစ်ဆေးမှုတစ်ရပ် စတင်မည်ဖြစ်သည်။
ကိုးကား – ဆင်ဟွာ
Ref; Pilot killed in fighter jet crash off eastern Taiwan

Share this post