• Follow Us on

Home ထိုင်ဝမ်ရေလက်ကြားတွင် ပြင်သစ်ရေတပ်ရှိနေကြောင်း ပြင်သစ်အတည်ပြုပြောကြား

ထိုင်ဝမ်ရေလက်ကြားတွင် ပြင်သစ်ရေတပ်ရှိနေကြောင်း ပြင်သစ်အတည်ပြုပြောကြား

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People Media)

 

ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာမှုများမြင့်တက်လာခြင်းသည် ဆိုးရွားသည့်နောက်ဆက်တွဲ ရလဒ်များဖြစ်ပေါ်လာနိုင်ကြောင်း ပြင်သစ်ရေတပ်သင်္ဘောတစ်စီးထိုင်ဝမ်ရေလက်ကြားတွင်ရောက်ရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ရင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်သည်။

 

ထိုင်ဝမ်ရေလက်ကြားတွင်ရောက်ရှိနေည့် ဆက်သွယ်ရေးနှင့်ထောက်လှမ်းရေးသင်္ဘော ဒီဗျူးဒီလွမ်ကို ရည်ညွှန်း ၍ ပြင်သစ်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေနှင့် ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ကိုလိုက်နာစောင့်ထိန်းမှု အား ထုတ်ဖော်ပြသရန်အတွက် နိုင်ငံပိုင်ရေတပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက် နေ့တွင်ကျင်းပခဲ့သည့် အထက်လွှတ်တော်ကြားနာပွဲတွင် ကာကွယ်ရေးဝန်ကြီးဖလိုးရင့်စ်ပါလီကပြောသည်။

 

၁၉ ရာစုအတွင်းက ပြင်သစ်အင်ဂျင်နီယာ ဟင်နရီဒီဗျူးဒီလွမ်အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားသော တန်ချိန် ၃,၆၀၀ ရှိ ဒီဗျူးဒီလွမ်သင်္ဘောမှာ ၂၀၀၆ ခုှနှစ် ဧပြီလမှစ၍ ပြင်သစ်ရေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ မေ လအတွင်းက ပစိဖိတ်ဒေသတွင် တာဝန်ချထားပြီးနောက် ဒီဗျူးဒီလွမ်သင်္ဘောသည် အောက်တိုဘာလ ၁ ရက် နေ့တွင် ဂျပန်နိုင်ငံမှထွက်ခွာခဲ့သည်ကိုတွေ့ရသည်။

 

ထိုင်ဝမ်ရေလက်ကြားလက်ရှိအခြေအနေကိုထိန်းသိမ်းထားရန်အတွက် ပြင်သစ်နိုင်ငံ၏ မကြာခဏထောက်ပံ့မှု ဖြစ်စဉ်များနှင့်ဆန့်ကျင်ပြီး သီးသန့်ဖြစ်ရပ်များဖြစ်လာနိုင်မှုရှိမရှိနှင့်ပတ်သက်၍ အထက်လွှတ်တော်အမတ် အို လီဗာကဒစ်ကမေးမြန်းသည့်မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဖလိုးရင့်စ်ပါလီက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ထိုင်ဝမ်နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးဇုံအတွင်းသို့ တရုတ်လေယာဉ်များနေ့စဉ်ကျူးကျော်ဝင်ရောက်နေမှု ကိုရည်ညွှန်း၍ ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ စစ်ရေးအရခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း ပြင်သစ်နိုင် ငံအထက်လွှတ်တော် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ အိုလီဗာကဒစ်က ပြောသည်။

 

ထိုင်ဝမ်ရေလက်ကြားလုံခြုံရေး တိကျသေချာအောင်ဆောင်ရွက်ရာတွင် ပြင်သစ်နိုင်ငံထံမှ အကူအညီရရှိရန် မျှော်လင့်ထားသည်ကို ၎င်းနှင့်တွေ့ဆုံခဲ့သည့် ထိုင်ဝမ်လွှတ်တော်အမတ်များကပြောကြားခဲ့ကြောင်း မကြာသေး မီက ထိုင်ဝမ်နိုင်ငံသို့ ငါးရက်ကြာခရီးသွားခဲ့သည့် အထက်လွှတ်တော်အမတ် ကဒစ်ကပြောသည်။

 

အိုလီဗာကဒစ်သည် အောက်တိုဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံသို့ သွားရောက်ခဲ့သော ပြင် သစ်ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ယင်းကိုယ်စားလှယ်အဖွဲ့ကို ပြင်သစ်အထက်လွှတ်တော်၏ ထိုင်ဝမ်ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်အယ်လ်လိန်းရစ်ချတ်က ခေါင်းဆောင်ခဲ့ခြင်းဖြစ်ပြီး အယ်လ်လိန်းရစ်ချတ် သည် ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ပြင်သစ်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

Ref: France confirms naval presence in Taiwan Strait

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: France confirms naval presence in Taiwan Strait

 

#PeopleMedia


Share this post