• Follow Us on

Home ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဉ်လေးစီး ကျူးကျော်ဝင်ရောက်

ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဉ်လေးစီး ကျူးကျော်ဝင်ရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀ (People Media)

 

ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်ထဲသို့ စက်တင်ဘာလ ၁၉ ရက်နေ့က တရုတ်စစ်လေယာဉ်လေးစီး ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းကျူးကျော်မှုမှာ ယခုလအတွင်း ၁၇ ကြိမ်မြောက်ကျူုးကျော်ဝင်ရောက်ခြင်းဖြစ် ကြောင်းသိရသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ Shenyang J-16 ဂျက်တိုက်လေယာဉ်များနှင့် Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေးတိုက်လေယာဉ်တစ်စီးသည် တနင်္ဂနွေနေ့နံနက်ပိုင်းက ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေးဇုန်၏ အနောက်တောင်ဘက် လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ တနင်္ဂနွေနေ့ညနေပိုင်းတွင် နောက်ထပ် Shaanxi Y-8 ရေ ငုပ်သင်္ဘောတိုက်ဖျက်ရေးတိုက်လေယာဉ်တစ်စီး ထပ်မံခြေရာခံမိသည်။

 

ထိုင်ဝမ်နိုင်ငံကတုံ့ပြန်သည့်အနေဖြင့် ယင်းနေရာသို့ ထိုင်ဝမ်တိုက်လေယာဉ်များစေလွှတ်ခဲ့ပြီး ရေဒီယိုမှ သတိ ပေးချက်များထုတ်လွှင့်ခဲ့ကြောင်း၊ တရုတ်လေယာဉ်များကို စောင့်ကြည့်ရန်အတွက် လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်များကို တပ်ဖြန့်ချထားခဲ့သည်။

 

တရုတ်နိုင်ငံသည် စက်တင်ဘာလ ၂ ရက်နေ့နှင့် ၁၈ ရက်နေ့မှလွဲ၍ ယခုလအတွင်း လေယာဉ်မျိုးစုံ၊ ဂျက်တိုက် လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကို ထိုင်ဝမ်လေကြောင်းပိုင်နက်အတွင်းသို့ နေ့စဉ်စေလွှတ်ခဲ့သည်။

 

လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ တရုတ်နိုင်ငံက ထိုင်ဝမ်လေကြောင်းပိုင်နက်အတွင်းသို့ လေယာဉ်များ ပုံ မှန်စေလွှတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးနည်းဗျူဟာကို မြှင့်တင်ဆောင်ရွက်ခဲ့သည်။ တရုတ်နိုင်ငံက လေယာဉ်များ အများဆုံးစေလွှတ်ခဲ့သည့်နေရာမှာ ထိုင်ဝမ်နိုင်ငံ အနောက်တောင်ဘက်သို့ဖြစ်သည်။

 

လေကြောင်းရန်ကာကွယ်ရေးဇုန်  (ADIZ)  ဆိုသည်မှာ လေကြောင်းထိန်းသိမ်းသူများက ဝင်ရောက်လာသော လေယာဉ်များကို စစ်ဆေးမေးမြန်းသည့်နေရာဖြစ်သော နိုင်ငံတစ်ခု၏လေပိုင်နက်ထက်ကျော်လွန်၍ တိုးချဲ့ထား သည့် နယ်မြေတစ်ခုဖြစ်သည်။

 

တရုတ်လေယာဉ်များ ထိုင်ဝမ်နိုင်ငံလေကြောင်းရန်ကာကွယ်ရေးပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့မှုမှာ သြဂုတ်လတွင် ၁၄ ကြိမ်၊ ဇူလိုင်လတွင် ၁၄ ကြိမ်၊ ဇွန်လတွင် ၁၀ ကြိမ်၊ မေလတွင် ၁၈ ကြိမ်၊ ဧပြီလတွင် ၂၂ ကြိမ်၊ မတ်လတွင် ၁၈ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၇ ကြိမ်၊ ဇန်နဝါရီလတွင် ၂၇ ကြိမ်ရှိကြောင်းသိရသည်။ လွန် ခဲ့သည့်နှစ်က ဒီဇင်ဘာလတွင် ၁၉ ကြိမ်၊ နိုဝင်ဘာလတွင် ၂၂  ကြိမ်၊ အောက်တိုဘာလတွင် ၂၂ ကြိမ် ကျူး ကျော်ဝင်ရောက်ခဲ့သည်။

 

Ref: 4 Chinese military planes intrude into Taiwan’s ADIZ

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: 4 Chinese military planes intrude into Taiwan’s ADIZ

 

#PeopleMedia


Share this post