• Follow Us on

Home ထိုင်ဝမ်နိုင်ငံက ထပ်ဆောင်းကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၉ ဘီလျံ သုံးစွဲမည်

ထိုင်ဝမ်နိုင်ငံက ထပ်ဆောင်းကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၉ ဘီလျံ သုံးစွဲမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၈ (People Media)

 

ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ၏ လတ်တလောကာလ စစ်ရေးဖိအားပေးများကိုရင်ဆိုင်ရာတွင် တာဝေးပစ် လက်နက်များနှင့် သင်္ဘောဖျက်လက်နက်များကို ဦးစားပေးရန် ရည်ရွယ်ပြီး လာမည့်ငါးနှစ်ကာလအတွင်းသုံးစွဲ ရန်အတွက် ကာကွယ်ရေးဘတ်ဂျက်သုံးစွဲရာတွင် ထပ်ဆောင်းဘတ်ဂျက်အဖြစ် ဒေါ်လာ ၉ ဘီလျံ သီးသန့်ဖယ် ထုတ်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းထပ်ဆောင်းဘတ်ဂျက်မှာ မူလချမှတ်ထားသော ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိသုံးစွဲရမည့် ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက်ကာကွယ်ရေးအသုံးစရိတ်ဘတ်ဂျက် ဒေါ်လာ ၁၆.၈၉ ဘီလျံအပြင် ထပ်မံတင်ပြထားသောဘတ်ဂျက်ဖြစ်သည်။

 

ဘတ်ဂျက်အချို့ကို အမေရိကန်မှထောက်ပံ့သော စစ်လက်နက်ပစ္စည်းများနှင့် အပိုပစ္စည်းများ ဝယ်ယူရာတွင်အ သုံးပြုသွားမည်ဖြစ်သော်လည်း ဘတ်ဂျက်အများစုကို ပြည်တွင်းလက်နက်ထုတ်လုပ်ရေးစီမံကိန်းများတွင်အသုံး ပြုသွားမည်ဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး ဝမ်ရှင်လောင်ကပြောသည်။

 

ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းများတွင် ခရုစ်ဒုံးကျည်များနှင့် စစ်သင်္ဘောများပါဝင်ကြောင်း၊ အထူးသဖြင့် Antelope လေကြောင်းရန်ကာကွယ်ရေးစနစ်လည်းပါဝင်ကြောင်း၊ Wan Chien တာဝေးပစ်ခရုစ်ဒုံးကျည်များနှင့် Hsiung Feng IIE သင်္ဘောဖျက်ဒုံးကျည်များပါဝင်ကြောင်း ၎င်းကပြောသည်။

 

ထပ်ဆောင်းဘတ်ဂျက်မှ အသုံးစရိတ်အချို့ကို ဒုံးကျည်တပ်ကော်ဗက်ရေယာဉ်များ၊ ကမ်းထိုးရေယာဉ်များနှင့် ဒီဇယ်-အီလက်ထရစ် ရေငုပ်သင်္ဘောများတည်ဆောက်ရေးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

 

သို့သော် ထပ်ဆောင်းဘတ်ဂျက်ကို လော့ခ်ဟိမာတင်ကုမ္ပဏီထုတ် MH-60R Seahawk ရေငုပ်သင်္ဘောတိုက် ဖျက်ရေးရဟတ်ယာဉ်ဝယ်ယူရန်အတွက် အသုံးပြုမည် မပြုမည်ကို ရှင်းလင်းစွာမသိရပေ။ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာက အဆိုပါ MH-60R Seahawk ရဟတ်ယာဉ်ကို ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူရန်ကြိုးစား လျက်ရှိသည်။

 

“ကွန်မြူနစ်တရုတ်နိုင်ငံဟာ သူတို့ရဲ့ကာကွယ်ရေးဘတ်ဂျက်ထဲမှာ ကြီးမားတဲ့ပမာဏအထိ ဆက်လက်ရင်းနှီး မြှုပ်နှံနေပါတယ်။ တရုတ်ရဲ့ စစ်အင်အားဟာ အလျင်အမြန် ကြီးထွားလာနေတယ်။ တရုတ်နိုင်ငံက သူတို့ရဲ့ လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို ကျွန်တော်တို့ လေကြောင်းပိုင်နက်နဲ့ ကျွန်တော်တို့ ရေပိုင်နက်ကို ကျူး ကျော်ဖို့ မကြာခဏ စေလွှတ်နေတယ်။ ရန်သူ့နိုင်ငံက ပြင်းထန်ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အ ခါမှာ ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်ကို ပြန်လည်တည်ဆောက်ဖို့လိုသလို စစ်ရေးအတွက် ကြိုတင်ပြင်ဆင် ထားဖို့လည်း လိုပါတယ်။ အချိန်တိုအတွင်းမှာ စစ်လက်နက်ပစ္စည်းတွေကို အမြန်ဆုံးထုတ်လုပ်နိုင်ဖို့လိုပါတယ်။” ဟု အပတ်စဉ်ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

 

Ref: Taiwan is spending an extra $9B on its defense. Here’s what the money will buy.

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Taiwan is spending an extra $9B on its defense. Here’s what the money will buy.

 

#PeopleMedia


Share this post