• Follow Us on

Home ထိုင်ဝမ်နိုင်ငံက ပထမဦးဆုံးအကြိမ်အဖြစ် ဇွန်လအတွင်း အေဘရာဟမ်တင့်ကားနှစ်စီး လက်ခံရရှိတော့မည်

ထိုင်ဝမ်နိုင်ငံက ပထမဦးဆုံးအကြိမ်အဖြစ် ဇွန်လအတွင်း အေဘရာဟမ်တင့်ကားနှစ်စီး လက်ခံရရှိတော့မည်

Share this post

နိုင်ငံတကာ၊ မတ် ၁၈

 

အမေရိကန်နိုင်ငံက ဇွန်လအတွင်း တင်ပို့ပေးမယ့် 108 M1A2T အေဘရာဟမ်တင့်ကား ပထမဦးဆုံးအသုတ် ၂ စီးကို ထိုင်ဝမ်နိုင်ငံကလက်ခံရရှိတော့မှာဖြစ်ကြောင်း Liberty Times သတင်းစာကရေးသားထားပါတယ်။

 

M1A2T တင့်ကားဟာ M1A2 SEPv2 တင့်ကားကို ဝယ်ယူသူစိတ်ကြိုက်အထူးပြုပြင်ပေးထားတဲ့ ပုံစံသစ်တင့် ကားဖြစ်တယ်လို့ဆိုပါတယ်။

 

ထိုင်ဝမ်တပ်မတော်ဟာ အမေရိကန်နိုင်ငံ General Dynamics ကုမ္ပဏီထုတ် တင့်ကားတွေကို ဇွန်လ ၃၀ ရက် နေ့မှာ လက်ခံရရှိတော့မှာဖြစ်သလို တင့်ကားမောင်းနှင်ခြင်း၊ ကျည်စစ်ကျည်မှန်များနဲ့ပစ်ခတ်ခြင်း၊ တင့်ကားပြု ပြင်ထိန်းသိမ်းခြင်းအပါအဝင် အဲဒီတင့်ကားနဲ့ပတ်သက်တဲ့ သင်တန်းကိုလည်း တက်ရောက်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

အေဘရာဟမ်တင့်ကား ပထမအသုတ် ၃၈ စီးကို ထိုင်ဝမ်နိုင်ငံကို ၂၀၂၄ ခုနှစ်မတိုင်ခင် တင်ပို့သွားဖို့ စီစဉ်ထား ပြီး ဒုတိယအသုတ် ၄၂ စီးကို ၂၀၂၅ ခုနှစ်မှာတင်ပို့သွားမှာဖြစ်ပါတယ်။

 

တတိယအသုတ် ၂၈ စီးကိုတော့ ၂၀၂၆ ခုနှစ်မတိုင်ခင် တင်ပို့သွားမှာဖြစ်ကြောင်းသိရပါတယ်။

 

ထိုင်ဝမ်ကြည်းတပ်ဟာ ဒီနှစ်အတွင်းမှာပဲ တင့်ကားတွေအတွက် ပိုပြီးလုံခြုံစိတ်ချရအောင် မြေအောက်ဘန်ကာ တည်ဆောက်ရေးစီမံကိန်းတစ်ခုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ချောင်အန်း စခန်းနဲ့ ခုန်းကျစ်ခုန် မှာရှိတဲ့ တိုက်ခိုက်ရေးယာဉ်များလေ့ကျင့်ကွင်းကိုလည်း တိုးချဲ့ပြီး ပြန်လည်ပြုပြင်မွမ်းမံဖို့ ဒီနှစ်ထဲမှာပဲစတင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

ခုန်းကျစ်ခုန်လေ့ကျင့်ရေးကွင်းတည်ဆောက်ရေးလုပ်ငန်းကို ကန်ထရိုက်လုပ်ငန်းအပ်နှံထားလိုက်ပြီဖြစ်ပြီး ပထ မ အဆင့်တည်ဆောက်ရေးလုပ်ငန်းကို ဒီသီတင်းပတ်ထဲမှာ စတင်ဆောင်ရွက်နိုင်ဖွယ်ရှိပါတယ်။

 

ဒီစီမံချက်လုပ် ငန်းသုံးခုစလုံးကျသင့်တဲ့တန်ဖိုးက ဒေါ်လာ ၈၇.၄၉ သန်းရှိတယ်လို့ဆိုပါတယ်။

 

တင့်ကားတွေကတော့ ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့တဲ့ ဒေါ်လာ ၂.၂ ဘီလျံ တန် အရောင်းအဝယ်စာချုပ်ရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။

 

အဲဒီစာချုပ်ထဲမှာ အကျုံးဝင်တာကတော့ Block I-92F Stinger ဒုံးကျည် ၂၅၀၊ BAE Systems M88A2 သံချပ်ကာကားတွေ၊ Oshkosh M1070A1 ဝန် လေးသယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ စက်သေနတ်အမျိုးမျိုး၊ ခဲယမ်းတွေ၊ မီးခိုးဗုံးလောင်ချာတွေ၊ တင့်ကားအင် ဂျင်တွေနဲ့ ဆက်သွယ်ရေးပစ္စည်းကိရိယာတွေပါဝင်တယ်လို့ သိရပါတယ်။

 

ထိုင်ဝမ်အစိုးရဟာ ဒေါ်လာ ၁၅.၆ သန်းတန် M60A3 ပင်မတိုက်ပွဲဝင်တင့်ကားအဆင့်မြှင့်တင်ရေးကန်ထရိုက် ကိုလည်း အစိုးရပိုင် အမျိုးသားချွမ်ရှမ်း သိပ္ပံနဲ့နည်းပညာအင်စတီကျူကို ပြီးခဲ့တဲ့သီတင်းပတ်က လုပ်ငန်းအပ်နှံ ခဲ့ပါတယ်။

 

စာချုပ်အရ M60A3 ပင်မတိုက်ပွဲဝင်တင့်ကားတွေကို ပင်မလက်နက်ပဲ့ထိန်းကွန်ပျူတာစနစ်နဲ့ ချိန်ခွက်စနစ်တွေ နဲ့ မူရင်း ၁၀၅ မမ အမြောက်အစား ၁၂၀ မမ အမြောက်နဲ့အစားထိုးလဲလှယ်တာအပါအဝင် အဆင့်မြှင့်တင်မှု တွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

 

Ref: Taiwan to Receive First Two Abrams Tanks in June

 

#PeopleMedia

 

(unicode)


……………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Taiwan to Receive First Two Abrams Tanks in June

 

#PeopleMedia


Share this post