• Follow Us on

Home ထိုင်ဝမ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ရန် တရုတ်နိုင်ငံ၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

ထိုင်ဝမ်နိုင်ငံအား ကျူးကျော်တိုက်ခိုက်ရန် တရုတ်နိုင်ငံ၏ ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆ (People Media)

 

တရုတ်နိုင်ငံက ဂျက်တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ အခြားစစ်လေယာဉ်များဖြင့် ထိုင်ဝမ်ပိုင်နက် အ နီးကျူးကျော်ဝင်ရောက်နေခြင်းသည် ထိုင်ဝမ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်နေ ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်ဪစတင်က သတိပေးလိုက်သည်။

 

“တရုတ်နိုင်ငံဟာ သူတို့ရဲ့တကယ့်စစ်အင်အားကို ဆန်းစစ်လေ့လာနေပ့ုရပါတယ်။ ဒီလုပ်ရပ်တွေဟာ ထိုင်ဝမ် ကို ကျူးကျော်တိုက်ခိုက်ဖို့ ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေကြတာ သေချာပါတယ်” ဟု ဪစတင်က စနေ နေ့ (ဒီဇင်ဘာလ ၄ ရက်) ကကျင်းပခဲ့သော Reagan National Defense Forum တွင်ပြောကြားခဲ့သည်။

 

ဪစတင်၏ပြောဆိုချက်မှာ တရုတ်နိုင်ငံက မကြာမီကာလအတွင်း ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်ရန် ပြင် ဆင်နေသည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်ပုံမရပေ။ သို့သော် ယခုနှစ်အတွင်း တရုတ်လေတပ်မှာ သိသိသာ သာတိုးတက်လာပြီး  ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုံသို့ ကျူးကျော်ဝင်ရောက်သည့်အကြိမ်ရေမှာလည်း  မြင့်တက်လျက်ရှိသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ နှစ် ဆမြင့်တက်လာခြင်းကြောင့် ထိုင်ဝမ်နိုင်ငံအား တရုတ်နိုင်ငံကကျူးကျော်တိုက်ခိုက်လာမည့်အရေးနှင့် ပတ် သက်၍ စိုးရိမ်ပူပန်မှုများမြင့်တက်လာသည်။ ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံက ၎င်းပိုင်နယ်နမိတ်အဖြစ် ကြေညာ ထားပြီးဖြစ်သည်။

 

တရုတ်နိုင်ငံက လတ်တလောကာလ နျူကလီးယားလက်နက်များတိုးချဲ့ထုတ်လုပ်နေခြင်းမှာ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန်ကဝင်ရောက်စွက်ဖက်ရာတွင် ပိုမိုခက်ခဲအောင် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဆန်းစစ်လေ့လာသူအချို့ကယုံကြည်ထားကြသည်။

 

တရုတ်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာပါက ပြင်းထန်သောနောက်ဆက်တွဲအကျိုးဆက်များကို ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်နိုင်ငံ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက် အမေရိကန်အစိုးရအနေဖြင့် ကူညီဆောင် ရွက်သွားရန်ကတိပြုထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ကပြောသည်။

 

သို့သော် တရုတ်နိုင်ငံက ထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်လာပါက အမေရိကန်က မည်သို့ကူညီသွားမည်ကို ကာ ကွယ်ရေးဝန်ကြီး အယ်လ်လွိုက်ဪစတင်က အသေးစိတ်ပြောဆိုခြင်းမပြုချေ။

 

“ထိုင်ဝမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သူတို့နိုင်ငံအတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရေးတို့အတွက် ကူညီ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချထားပြီးသားပါ။ ဒီဒေသတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားလာမှာ ဘယ် သူမှမြင်ချင်မှာမဟုတ်ပါဘူး။ ဒေသတွင်းမှာ ပဋိပက္ခမဖြစ်ပွားအောင်ကာကွယ်ဖို့နဲ့ တင်းမာမှုတွေလျော့ပါးသွား စေဖို့အရေး အကူအညီပေးနိုင်ဖို့ တတ်နိုင်သမျှ ကျွန်တော်တို့ လုပ်နိုင်တဲ့အလုပ်မှန်သမျှ ဆောင်ရွက်သွားမှာပါ။” ဟု ဘလင်ကန်ကပြောသည်။

 

ထိုင်ဝမ်လွတ်လပ်ရေးကိုလိုလားသည့်အင်အားစုများကို ထောက်ပံ့နေသည့် မည်သည့်နိုင်ငံမဆို မီးနှင့်ကစားနေ ခြင်းဖြစ်ကြောင်း လွန်ခဲ့သည့်လက တရုတ်သမ္မတရှီကျင့်ဖိန်က သမ္မတဂျိုးဘိုင်ဒန်ကိုပြောသည်။

 

သို့သော် တရုတ်ခေါင်းဆောင်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံနေပြီး ငြိမ်းချမ်းစွာပြန် လည်ပေါင်းစည်းရေးကို လိုလားကြောင်း ရှီကျင့်ဖိန်ကပြောသည်။

 

Ref: US defence chief warns of China ‘rehearsals’ for attack on Taiwan

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: US defence chief warns of China ‘rehearsals’ for attack on Taiwan

 

#PeopleMedia


Share this post